ကိုဗစ် အလှူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုဗစ် အလှူ

မင်းဇော်မင်း

ကမ္ဘာလုံးဆိုင်ရာ ကူးစက်ကပ်ရောဂါ COVID-19 မှာ ကြောက်စရာ ကောင်းလှသော်လည်း ကမ္ဘာတွင် သာမက မြန်မာ တစ်ဝှမ်းလုံးတွင် ယင်းရောဂါအပေါ် အမှီပြုကာ အလှူဒါန မျိုးစုံ လှူဒါန်း လာမှုမှာ လူ့အဖွဲ့အစည်း၏ သနားကြင်နာမှုကို ဖော်ညွှန်းခြင်း ဖြစ်သဖြင့် စစ်မီးများ၊ လောဘမီးများ၊ ဒေါသ မီးများ၊ မောဟမီးများ တောက်လောင်နေသည့် ကမ္ဘာကြီး အ တွက် ဂရုဏာ တရားတို့ ပွားများရာ အိုအေအစ် အချိန်ကာလ တစ်ခုဟုပင် တင်စားချင်ပါသည်။

.

ရောဂါ ကာကွယ်ရေး ပစ္စည်းများ ဖြစ်သည့် နှာခေါင်းစည်း၊ လက်အိတ်၊ လက်ဆေးရည်၊ ကာကွယ်ရေး ဝတ်စုံ၊ ဆေးဖြန်းစက်၊ စသည်များအပြင် စေတနာရှင် လုပ်အားဒါန ပြုသူများ၊ အာဟာရ ဒါန ပြုသူများအပြင် အလုပ်များ မလုပ်ကြရသူများ၊ အလုပ်ပြုတ် ရသူများ၊ တစ်နေ့လုပ် တစ်နေ့စား အခြေခံ လူတန်းစားများအ တွက် ပံ့ပိုးမှုများသာမက စိုက်ပျိုးရေး သီးနှံများအပေါ် အရင်း ပြုတ်အရှုံးပေါ်နေသူ တောင်သူများကို တစ်ယောက်မှသည် မဟာ သူဌေးများအထိ အလှူဒါန ပြုကြသူငှာ အလှူ ရေစက်လက်နဲ့ မကွာ ပြုကြသူသူငှာ တွေ့ရှိရသဖြင့် ဘာသာစုံ စကားဖြင့် အနု မောဒနာ ပြုအပ်ကြောင်းပါ။

.

မိမိ အဖို့မှာမူ ရှမ်းပြည် နိုင်ငံရေး အကျဉ်းသားဟောင်းများအ ဖွဲ့ဝင်တစ်ဦး ဖြစ်သဖြင့် ဇွန်လ ၈ ရက်က ၈၈၈၈ ဆရာတော် ဦးခေ မာနန္ဒ အမှူးပြုပြီး ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးနေမျိုး ကမကထပြုသည့် ကိုဗစ်ကာလအတွင်း နိုင် ကျဉ်းမှသည် နိုင်ကျဉ်းဆီသို့ အစီအစဉ်ဖြင့် တတ်စွမ်းသမျှ ပါဝင် လှူဒါန်းမှု ပြုခဲ့သည်ကို တင်ပြလိုပါသည်။

.

ကိုယ့်ကိုကိုယ်ဖော် မသူတော်ဟု ဆိုချင် ဆိုနိုင်ပါသည်။ သို့ သော် ယင်း အစီအစဉ်၏ ထူးခြား ဖြစ်စဉ်ကို လူ့အဖွဲ့အစည်း တစ် ခု၏ စံနမူနာအဖြစ် ပြယုဂ်ပြုလိုသည့်အတွက် ဖော်ပြရခြင်းဖြစ် ပါသည်။

.

မိမိတို့ကို နိုင်ကျဉ်းများဟု သတ်မှတ်ရာတွင် နိုင်ငံရေး ပုဒ်မ ၅ အုပ်စုပါ ပုဒ်မများ၊ ၅၀ဝ၅(ခ)၊ ၁၂၄(က) စသည့် ပုဒ်မများဖြင့် အရေးယူ ခံရသူများထဲမှ ထောင်ကျ နံပါတ်ရရှိထောင်ကျခဲ့သူများ ကို သတ်မှတ်ပါသည်။ အဖွဲ့တွင် လူငယ်၊ ဗကသကျောင်းသား ဟောင်းများ၊ NLD၊ လူ့ဘောင်သစ်၊ SNLD၊ PNLO စသည့် နိုင်ငံ ရေး အဖွဲ့အစည်းများမှ နိုင်ကျဉ်းဟောင်းများကို ၈၈၈၈ ဆရာ တော်မှ နာယကအဖြစ် အမှူးပြုပါသည်။

.

လူဟောင်းများ ပြုစုထားသည့် စာရင်းအရ အကျုံးဝင်သူ ၄၉ ဦးရှိနေပြီး စာရင်းခွဲခြားဖော်ပြရမည်ဆိုလျှင်၁၉၇၄ ခုနှစ်၊ ၇၅ မှသည် ၇၆ ခုနှစ်အထိ နိုင်ကျဉ်းဟောင်း ၃ ဦး ရှိသည်။ ၁၉၈၈ ခု နှစ် နောက်ပိုင်းတွင် တောင်ကြီး ဝန်းကျင်မှ ၁၆ ဦး၊  နယ်မှ ၁၂ ဦး ရှိရာ သက်ရှိ ၃၁ ဦးရှိပြီး၊ ကွယ်လွန်သူ ၁၈ ဦး ရှိခဲ့ပြီ ဖြစ်ပေသည်။ အဖွဲ့ဖြင့် သတင်း မချိတ်မိသူများ ရှိနေနိုင်သေးသဖြင့် ကျန်ရှိ သူများ ရှိနေနိုင်ပါသည်။

.

ထိုအထဲတွင် လက်ရှိ ထင်ရှားသူများအဖြစ် ပြည်ထောင်စု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်၊ အင်းတိုင်း ရင်းသားရေးရာ ဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ SNLD ဥက္ကဌ ခွန် ထွန်ဦး၊ စိုင်းညွန့်လွင်၊ PNLO မှ ခွန်မြင့်ထွန်းတို့ ပါဝင်ကြကြောင်း သိရသည်။

.

ကိုဗစ်ကာလအတွင်း နိုင်ကျဉ်းမှသည် နိုင်ကျဉ်းတို့ အစီအ စဉ်ကို ရန်ကုန်မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သူကိုယ်တိုင် နိုင် ကျဉ်းဖြစ်ခဲ့သဖြင့် ဆောင်ရွက်ခဲ့သလို မန္တလေးတွင်လည်း တရား ရုံးချုပ်ရှေ့နေ စာရေးဆရာ ဦးသိန်းသန်းဦးက ဦးဆောင်ခဲ့သည်ကို တွေ့ရသည်။ မြင်းခြံတွင်လည်း ထောင်သက် ၂၁ နှစ်ကျော် ကြာ စံမြန်းခဲ့ရသူ ဦးသုန္ဒရဘိဝံသက ဦးဆောင်စုစည်း လုပ်ဆောင် လျက်ရှိနေသည်။

.

သို့အတွက် မိမိတို့ ရှမ်းပြည်တွင် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး တစ်ပါးမှ တက်ရောက် ပံ့ပိုးခဲ့ခြင်းမှာ ထူးခြားဖြစ်စဉ်ဖြစ်ပေသည်။ အဘယ့်ကြောင့် ဆိုသော် ရှမ်းပြည်အစိုးရအဖွဲ့တွင် နိုင်ကျဉ်းတစ် ဦးမှ မရှိခဲ့သောကြောင့် ဖြစ်သည်။ မိမိတို့လောက စကားအရ နိုင် ကျဉ်း မဟုတ်သူ ပန်းပုဆရာ အစိုးရတစ်ရပ်မှ သစ်ခုတ်သမားနိုင် ကျဉ်းဟောင်းများကို အသိအမှတ် ပြုခြင်းမှာ မင်္ဂလာတစ်ပါးဖြစ် ကြောင်း မိမိမှ မော်ကွန်းတွင် ရစ်စေသတည်း ဆောင်းပါးဖြင့် ဂုဏ်ပြု ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ကိုယ်ပိုင် အစီအ စဉ် အလှူအတန်းအဖြစ် ပံ့ပိုးငွေများ လှူဒါန်းသည်ကိုလည်း အ ထူး ဝမ်းမြောက် ဂုဏ်ယူမိကြောင်း ဖော်ပြလိုပါသည်။ ပိုပြီး ဝမ်း သာမိသည်မှာ လှူဒါန်းသူ ရှမ်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးများမှာ လက်ရှိ အာဏာရ NLD ဝင်များ သာမက အတိုက်အခံဟု ဆိုရ မည့် ပြည်ခိုင်ဖြိုး ဝန်ကြီးများပင် ပါဝင်နေသည်က ညီညွတ်ခြင်း ၏ သင်္ကေတ ဖြစ်သဖြင့် အထူးဝမ်းသာမိခြင်းဟု ဖော်ညွှန်းခြင်း ဖြစ်ပါသည်။

.


.

နိုင်ကျဉ်းများတွင် အယူအဆ၊ အတွေးအခေါ်၊ ယုံကြည်ချက်၊ ခံယူချက်များ တူညီခြင်း မရှိကြသော်လည်း အဖွဲ့အနေဖြင့်မူ ပူး ပေါင်း ကြပါသည်။ ယခုတွင်လည်း  ထောက်ပံ့ခြင်းထက် အသိအ မှတ် ပြုခြင်းဆိုသည်က ပိုမို တန်ဖိုးထား ဂုဏ်ယူမိခြင်းပင်၊ မျက် ရည်ဝဲသည်အထိ ကြည်နူးမိပါသည်။ ကျေနပ်မိပါသည်။ ပေးဆပ် ခဲ့ရသည့် ဘဝများအတွက်  အသိအမှတ် ပြုခံရမှုက အဖိုးမဖြတ် နိုင်ဟု ခံယူမိကြောင်းပါ။ သို့အတွက် အားလုံး ကိုယ်စား စေတနာ ရှင် အလှူရှင်များကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါ သည်။ ကိုဗစ်ကာလတွင် ယခုလို ကိစ္စမျိုးပေါ်ပေါက်လာရခြင်းဖြစ် သည့်အတွက် အဆိုးထဲက အကောင်း ဆိုသလို ကိုဗစ်ကိုလည်း ကျေးဇူးတင်မည် ဆိုလျှင် လွန်အံ့ မထင်ပေ။ အဘယ့်ကြောင့်ဆို သော် ယခုလို အခြေအနေ ရောက်ရှိဖို့က အခြားအချိန် အခြေအ နေများတွင် လွယ်ကူမည် မဟုတ်ဟု ထင်မိ၍ ဖြစ်ပါသည်။

.

ဤ အခမ်းအနားကို ကြည့်ရင်း မျက်ရည် ဝဲမိပါသည်။ နံရံ လေးဖက် ထောင်အတွင်း ဘဝ၏ အကောင်းဆုံး အချိန်များကို လုယူ ဖျက်ဆီးခံခဲ့ရသည်များ အတွက် ရင်နှင့်အမျှ ခံစားခဲ့ရသည့် ဝေဒနာများအတွက် ကြေကွဲမိပါသည်။ ယခုလို အသိအမှတ်ပြု ကြသည်ကို လက်ခံရရင်း ကြည်နူး ကြေကွဲမိကြောင်းပါ။

.

ဤသို့ပင် ကိုဗစ်ကာလကို အကြောင်းပြု၍ မဟာသူဌေးကြီး ဖြစ်သူ ဆရာကျောင်း၏ အလှူဒါနက ကျပ်သိန်းပေါင်း ၄၀ဝ၀ဝ ကျော် ရှိနေပြီဖြစ်ရာ ရှမ်းပြည် လူထုအတွက် အထူး အားကိုးရသူ ပြည်နယ်သားတစ်ဦး ရှိနေပြီး ၄င်း၏ ဘဏ် ဆောင်ပုဒ် အတိုင်း သဒ္ဒါ ထက်သန်မှုကို အထူး သာဓု အနုမောဒနာ ခေါ်ဆိုအပ် ကြောင်းပါ။

.

တိုက်ကွန်း(Tycoon)ဟု ဒေါ်အောင်ဆန်းစုကြည် သမုတ်ခဲ့ သည့် ခရိုနီများအနက် ဦးဇော်ဇော်ကလည်း မြန်မာနိုင်ငံ အောက် ပိုင်းတွင် ကူညီထောက်ပံ့မှုများပြုလုပ်နေသလို ဦးတေဇကလည်း တပ်မတော်သို့ ကူညီပံ့ပိုးနေသည့် သတင်းများကို တွေ့ရှိရသည်။

.

ပင်းတယ၊ ရွာငံ၊ ဟဲဟိုး၊ နောင်တရားစသည့် ဒေသများမှ တောင်သူများ လုံးဝ အခက်ကြုံနေရသည့် ဂေါ်ဖီထုပ်များကို တပ် မတော်အပြင် ဆရာကျောင်းနှင့် ပင်းတယ မီးအိမ်ရှင်ဒေါက်တာ သန်းမင်းထွဋ်၊ နောင်တရားမှ အာလူးအသင်း ဥက္ကဌ ခွန်ကျော် ဆန်း၊ ရွာငံမှ ရေကြည်စမ်း ပညာဒါန ဖောင်ဒေးရှင်း ဒေါက်တာအ ရှင် သုမန ဆရာတော်၊ ပင်းတယမြို့၊ လက်ဖက် ယဉ်ကျေးမှုစက် ဝန်းဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ စီမံကိန်း မန်နေဂျာ ဒေါ်နန်းသရဖူ တင့်၊ ရွာငံလူငယ် စိုင်လူခေး စသည်တို့အပြင် သီးနှံအသင်းများမှ တတ်စွမ်းသမျှ ဖေးမ ကူရင်း လှူဒါန်းလျက်ရှိသည်မှာ ကြားကြား သမျှ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်စေဖို့ပင်။

.

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆိုလျှင် ကိုဗစ်ရောဂါ စဖြစ် သည် ဆိုကတည်းက ဆေးရုံမှ ရှေတန်း သူရဲကောင်း ဆရာဝန် ဆရာမများသို့ အဖက်ဖက်မှ လှူဒါန်းမှုများမှာ ယခုအချိန်ထိ လှူ ဒါန်းနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ် ကတည်းက တစ်ကမ္ဘာလုံး အလှူအတန်း ရက်ရောမှု ပထမ ရရှိနေခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စံချိန်တင် နေဆဲဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာမှတ် တမ်းများတွင် ဖော်ပြလျက်ရှိပေသည်။

.

လက်ရှိ အစိုးရ အနေဖြင့်လည်း ရောဂါ ကာလအတွင်း အခြေ ခံလူတန်းစားများ စားဝတ်နေရေးအတွက် အထောက်အပံ့များ ပြုလုပ်ပေးလျက်ရှိရာ အခြား နိုင်ငံများတွင်ပင် မရှိသည့် အ ထောက်အပံ့မျိုး ဖြစ်ကြောင်းသိရသည်။ အခြား နိုင်ငံများတွင် အထူးသဖြင့် ဥရောပ၊ အမေရိကန်တို့တွင် ရောဂါစစ်တာကအစ ကုသမှုအဆုံး ငွေကြေးသတ်မှတ် ကုန်ကျရသည် ဖြစ်သည်ဟု သိ ရရာ အခမဲ့ စစ်ဆေးကုသပေးနေသည့် မြန်မာနိုင်ငံသည် ထူးခြား ဖြစ်စဉ် အနေအထားအဖြစ် ရပ်တည်နေသည်မှာ အံ့သြဖွယ် မြန်မာ့ စိတ်ဓာတ်ပင်။

.

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများဆုံးဖြစ်သည့် နိုင်ငံ ဖြစ်ရာ ကိုဗစ်ရောဂါကြောင့် ဆွမ်းကွမ်း အခက်အခဲ ဖြစ်နေသည့်  ရဟန်း၊ သီလရှင်များအတွက် သီတဂူ ဆရာတော်ကြီးမှ ဆန် ၁၆၁၇၇ အိတ်၊ ဆီ ၁၆၁၇၇ ပိဿာတို့ကို လှူဒါန်းခဲ့ပေသည်။

.

ဤနေရာတွင် အလှူတစ်ခု မြောက်လျှင် ပိတ္တာဖျက်ဆိုသလို နိုင်ငံရေးအရ ထိုးနှက်ချက်များ ရှိလာခြင်းကို ဒီမိုကရေစီကို လို လားသော ၊ ပြည်သူလူထုကို အလုပ်အကြွေး ပြုသော သတင်းစာ ဆရာ၊ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးအနေအနေနဲ့ ယခု လို ပြောချင်ပါသည် -

.

"ဒေါ်စုက ဖေ့ဘုတ်နဲ့ တီဗွီမှာ အနယ်နယ် အရပ်ရပ်က လူထု နဲ့ တွေ့ဆုံပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဆက်ဆံပြီး လူထုစကား သံရအောင် လုပ်ပြီး တိုင်းပြည်အတွက် လုပ်ဆောင်နေတာကို မ လိုလားတဲ့သူတွေက အမနာပ ပြောကြတယ်။ ဘာတဲ့ ဘာမှမသိ မတတ်ဘဲနဲ့ လာမယ့် ရွေးကောက်ပွဲ မဲဆွယ်ပွဲထွင်လုံးတွေပါတဲ့ ဟုတ်လား၊ အေး ဟုတ်ချင်လည်း ဟုတ်မယ် ၊ ဘာဖြစ်လဲ ၊ ပြီး တော့ ဆရာကျောင်းက ရှမ်းအစိုးရနဲ့ ပေါင်းပြီး မဲဆွယ်နေတယ်၊ အခု အစိုးရကို ချယ်လှယ်ဖို့ ကြိုးစားသလို နောက်လာမယ့် အစိုး ရမှာလည်း သူ့လူတွေဖြစ်အောင် တစ်ဦးချင်း ငွေနဲ့ ပေးဝယ်ရ မယ့်အစား ကိုဗစ် အကြောင်းပြပြီး မဲဆွယ်နေသတဲ့လား၊ ဒီမှာ ပြောလိုက်မယ်၊ ဘာတွေပဲ လုပ်လုပ် သူတို့လုပ်တာ အားလုံးဟာ လူထုကို အနည်းဆုံးတော့ အထောက်အပံ့ ပြုရာရောက်တယ်၊ ကျနေတဲ့ မျက်ရည်တွေကို သုတ်ပေးတယ်၊ ခက်ခဲနေတဲ့ ဘဝ တွေကို ဖြေသိမ့်ပေးတယ်၊ လူထု အခက်အခဲကို တိုက်ရိုက်ဖြေ ရှင်းပေးနေတာ ဖြစ်လို့ ငါတို့ ကျေနပ်တယ်၊ ဟိုတုန်းကလို စစ် ဖိနပ်နင်းထားပြီး မသထာရေစာ ရော့အင့် စား ဆိုပြီး လုပ်တဲ့ အစိုးရနဲ့ ဝိုင်းလုပ်ဝေစား မဟုတ်ဘူး၊ ဟိုတုန်းက လှူတယ် ဆိုတာ ဘုန်းကြီးကျောင်းကတောင် ဝါဒ ဖြန့်မှန်း သိတာဖြစ်လို့ ရေစက်ချ အမျှဝေ သာဓုခေါ်ဖို့တောင် မလွယ်ဘူး၊ အချို့လည်း ခု ချိန်ထိတော့ ဟန်ပြ ဗန်းပြ အလှူပေးသလို ရက်ရောသလို လုပ် ပြနေတာတွေ တွေ့ရတုန်း၊ စကားကြမ်း ပြောရရင် မျက်နှာမှာ တော့ သနပ်ခါး အဖွေးသားနဲ့ ပေါင်မှာတော့ သေးကြောင်း ဆိုသ လိုပဲ၊ လူထုက ဟိုတုန်းက ကြောက်လို့ ငြိမ်နေခဲ့ကြရတယ်၊ မနိုင် လို့ သည်းခံခဲ့ကြရတာ၊ ခုတော့ လူထုအတွက် အခွင့်အလမ်း တွေ ထွက်လာနေတာဖြစ်လို့ မဟုတ်တာ လုပ်မှန်းသိရင် ၈၈၈၈ ဆရာတော် မိန့်ကြားသလို မဟုတ်တာ လုပ်တဲ့ ဘယ်အစိုးရ ဝန်ကြီး မဆို ဝေဖန်ထောက်ပြသွားရမှာ ဖြစ်တယ်။ ငါတို့ ခုတ် ပေးခဲ့တဲ့ ဒီမိုကရေစီဆိုတဲ့ အကောင်းစား သစ်ကို အစိုးရနဲ့ လွှတ်တော်ကိုယ် စားလှယ်ဆိုသူတွေက အကောင်းဆုံး ပညာရပ်တွေနဲ့ လူထုအ တွက် ပန်းတိုင်ကို ထုဆစ်ပေးဖို့ လိုတယ်။ အခုလည်း လူလည်း ကစားဖို့ အချိန်ရောက်ပြီဖြစ်လို့ ရှေ့က မကောင်း မကန်း သုံးမရ၊ အလုပ်မဖြစ် သူတွေကို ပယ် ပြီး လူကောင်းတွေ၊ တစ်ကယ်တော်တဲ့ သူတွေကို ရွေး ပေးဖို့ တာဝန်ကို နိုင်နင်းဖို့ ငါတို့ ကြိုးစား ဝန်းရံသွားမှာလို့ ပြောချင်တယ်"။

.

မိမိကို လော်ဘီလုပ်သည်ပြောပြော မဲဆွယ်သည်ပြောပြော ဘာမှ မဖြစ်ပါ။ အဘယ့်ကြောင့်ဆိုသော် မိမိသည်မည်သည့် နေ ရာကိုမျှ တောင်းဆိုနေသူ မဟုတ်သည့်အပြင် သတင်းစာဆရာ အဖြစ် ပြည်သူ့အတွက် ရပ်တည်နေသူ ဖြစ်သည့်အတွက် ခံစားခဲ့ ရသည့် စစ်အာဏာရှင် လက်ပါးစေများ၏ ဖိနှိပ်မှုများအစား လောကကို စောင့်ရှောက်သူ ပန်းပုဆရာများကိုပင် အားကိုးသည် ဖြစ်ခြင်းကြောင့် ပင်။

.

ကိုဗစ်သည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဘေးကြီး ဖြစ် သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀ဝ ကျော်လုံး ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားဆဲ ဖြစ်သည်။ မပြီးသေး ၊ မရပ်သေး။

.

သို့သော် နိုင်ငံတကာတွင်မူ ပြောင်းလဲလာလျက်ရှိသည်။ နိုင် ငံသားမှအပ အခြား နိုင်ငံခြားသားများကို ကုသပေးရမှု ခက်ခဲမှု တို့ကြောင့် အခြား နိုင်ငံများတွင် မသိသော်လည်း မြန်မာနိုင်ငံ တွင် မူ အိမ်နီးချင်းနိုင်ငံများတွင် အလုပ်သွားလုပ် နေထိုင်နေသူ များသာမက ဂျပန်နိုင်ငံလို၊ အမေရိကန်၊ ဥရောပနိုင်ငံ များမှပင် ပြန်လည် ဝင်ရောက်လာနေကြပြီ ဖြစ်သည်။

.


သို့သော် နိုင်ငံတကာတွင်မူ ပြောင်းလဲလာလျက်ရှိသည်။ နိုင် ငံသားမှအပ အခြား နိုင်ငံခြားသားများကို ကုသပေးရမှု ခက်ခဲမှု တို့ကြောင့် အခြား နိုင်ငံများတွင် မသိသော်လည်း မြန်မာနိုင်ငံ တွင် မူ အိမ်နီးချင်းနိုင်ငံများတွင် အလုပ်သွားလုပ် နေထိုင်နေသူ များသာမက ဂျပန်နိုင်ငံလို၊ အမေရိကန်၊ ဥရောပနိုင်ငံ များမှပင် ပြန်လည် ဝင်ရောက်လာနေကြပြီ ဖြစ်သည်။

.

အဆိုပါနိုင်ငံများမှ မောင်းထုတ်၍ ဖြစ်စေ၊ ပြန်လာချင်၍ ဖြစ်စေ ပြန်လာနေကြသည်မှာ တဖွဲဖွဲပင်၊ ယင်း သူတို့ထံမှ ရော ဂါများ ပါလာနိုင်ခြေ မြင့်မားမှန်း သိလျက်နဲ့ပင် မြန်မာနိုင်ငံ ကြီးမှ မောင်း မထုတ်ဘဲ နွေးထွေးစွာဖြင့် ကြိုဆိုလက်ခံပေးလျက် ရှိသည်။ နိုင်ငံသို့ ပြန်ဝင်ရောက်လာသူ သားသမီးများအား ဝမ်း သာစွာဖြင့် ကြိုဆိုလျက် ရှိကြသည်မှာ ယခု အစိုးရ၏ အမိနိုင်ငံ ဆိုသည့် စိတ်ထားမြတ်ပင် ဖြစ်ပေသည်။

.

ပြည်ပပြန်များ သာမက ပြည်တွင်းနေသူ ခက်ခဲနေသူများကို ရှိသူရော မရှိသူရော အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေဖြင့် လည်း ကောင်း၊ တစ်ဆုပ် တတ်နိုင်သူက တစ်ဆုပ်၊  တစ်လှည်း တတ် နိုင်သူက တစ်လှည်း လှူဒါန်းကူညီနေကြသဖြင့် တစ်တိုင်းပြည် လုံးတွင် အလှူရေစက် လက်နှင့်မကွာ ဆိုသည့် မြန်မာ့စိတ်ရင်း  နေ့စဉ်နှင့်အမျှ လှူဒါန်းနေသည့် မြန်မာ့ရှုခင်းတို့မှာ ဆေးခြယ် မှုန်း မဆုံး အလှဆုံး ပန်းချီကား တစ်ချပ်အနေဖြင့် ရေးချယ်လျက် ရှိရာ မပြီးဆုံးသေးသည့် ကိုဗစ်ရောဂါဆိုးကြီး မပပျောက်သေး သဖြင့် ဆက်လက် လှူဒါန်းနိုင်ကြပါစေ၊ တိုက်ပွဲတွေ ဝေးပေါစေ၊ အ မနာပ မနာလို အကျိုးဖျက်ရန်များမှ ကင်းပါစေကြောင်းနှင့် ကိုဗစ် ရောဂါဆိုးကြီး အမြန်ကင်းပ ပါစေကြောင်း ဆုတောင်း လျက်။

Journal Download

Photo of three cats