ကိုဗစ်နှင့် စိတ်ဓါတ် ကျဆင်းမှု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုဗစ်နှင့် စိတ်ဓါတ် ကျဆင်းမှု


မင်းဇော်မင်း
.
ကိုဗစ် အင်မတန် ကြောက်စရာ ကောင်းသည့် ၂၀၂၀ ပြည့် နှစ်၏ သေမင်းတမန် အမည်ဖြစ်သည် လေ-
.
ဘာပဲပြောပြော အပြင်မထွက်ရဲအောင် ခြေငြိမ် သွားကြရ သည်။
.
ငါ့ဝမ်းပူဆာ မနေသာလို့ ထွက်ရသည့်သူများ၊ စေတနာအ ရ ၊ တာဝန်အရ ထွက်ရသည့်သူ များမှာတော့ အိမ်မှာမနေ နိုင် ကြပါ၊
.
တိုက်ပွဲ ရက်ကြာလာသည်နှင့် အမျှ အားအင်တွေ၊ စိတ် ရှည် သည်းခံမှုတွေ ရုတ်လျော့လာကြသည်။
.
ဤတွင် လူ့အဖွဲ့အစည်းအတွက် အကာအကွယ် ဖြစ်စေ သည့် ဥပဒေများကို ထုတ်ပြန်ကာ ရုတ်လျော့မှုများ မဖြစ်စေရန်၊ ပေါက်ကွဲမှုများ မဖြစ်စေရန် ထိန်းသိမ်း ကြရတော့သည်။
.
Home stay မှ စကာ Quarantine အထိ မျိုးစုံသော အကန့် အသတ်များ ကြားတွင် လူအဖွဲ့အစည်းတစ်ခုလုံး ရှင်သန်ကြရ တော့ရာ လွတ်လပ်စွာ နေထိုင်နေရသည့် ဘဝမှ ထောင်ကျသလို ချုပ်တည်းမှု များစွာနှင့် ကြုံတွေ့ကြရသည့် အပြင် ရောဂါ၏ တိုက်ခိုက်မှုကို ခံရမည့် စိုးရိမ်စိတ်၊ အခြားသူများအား မသင်္ကာ စိတ်များ၊ လူအချင်းချင်းနွေးထွေးချစ်ခင်စွာ ဖက်လဲတကင်းနေ ထိုင်ကြရမှ မတတ်သာ၍ ခပ်ခွာခွာ နေကြရသည့် အနေအထား များသည် ပုံမှန်ဘဝများကို ရိုက်ခတ်ခံရသလို စိတ်ပိုင်းဆိုင်ရာ များလည်း ထိခိုက်ခဲ့ကြရပေသည်။
.
Isolation of The Society  ဆိုသည့် လူအဖွဲ့အစည်းမှ ခွဲခွာ ခံရမှု ဆိုသည်မှာ လူ့အဖွဲ့အစည်းကို အန္တရာယ် ကျရောက်စေ သည့် အပြုအမူ၊ ကူးစက်မှုတွင်သာ ကျင့်သုံးသည့် ဥပဒေဖြစ်ရာ လူသတ်မှု ကျူးလွန်သူ စိတ်မပြည့်သူ တစ်ဦးသည် ၎င်း၏ လူမှု ပတ်ဝန်းကျင်ကို ထိခိုက်စေမည်မှာ သေချာသဖြင့် လူ့အဖွဲ့အ စည်းမှ ခွဲခွာကာ အကျဉ်းအချုပ် ချထားရသလို ယခုလို ကမ္ဘာ လုံးဆိုင်ရာ ကူးစက် ကပ်ရောဂါမျိုးတွင်လည်း ကူးစက်ခံရသူ၊ ကူးစက်ခံရနိုင်ချေ ရှိသူတို့ကို ခွဲခြား ကုသခြင်းဖြင့် ထားရမည် ဖြစ်ရာ ရှောင်လွှဲ၍ မရနိုင်ပေ။ အကယ်၍ ရှောင်လွှဲခဲ့သူမှ တစ် ဆင့် ဆက်လက် ပြန့်ပွားကူးစက်ကာ သေဆုံးမှုများ ဖြစ်ပေါ် စေပါက ပုံမှန်ရိုးရိုး လူသတ်မှုထက်ပင် လူပေါင်း များစွာကို သေစေမည် ဖြစ်သဖြင့် အင်မတန် ကြောက်စရာကောင်းသည့် လူသားမဆန်မှုပင် ဖြစ်ပေသည်။
.
သို့အတွက် ကန့်သတ်မှုများအတွင်း လူ့အဖွဲ့အစည်းကို ကာကွယ်သည့် အနေဖြင့် နေကြရသူများတွင် စိတ်ဖိစီးမှုများ ဖြစ်ပွားလာစေသည်ကို သိရှိခြင်းဖြင့် လည်းကောင်း၊ ကိုယ်တိုင် ဆန်းစစ် ဝေဖန်ခြင်းဖြင့် လည်းကောင်း မိမိတို့ စိတ်သဏ္ဍာန်ကို သိစွမ်းရှိမည် ဖြစ်သဖြင့် ဤဆောင်းပါးကို ရေးပါသည်။
.
ကိုဗစ်ကာလ အတွင်း အိမ်တွင် စာဖတ်ခြင်း၊ တရားထိုင် ခြင်း၊ ဂိမ်းဆော့ခြင်း စသည်များ သာမက ဗီဒီယိုမှ တဆင့် သင် တန်းများလည်း တက်ရောက်နိုင်သည် ဖြစ်ရာ မိမိသည်လည်း စိတ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာ အထောက်အပံ့ ပေးသည့် UNESCO မှပေးသည့် သင်တန်းတစ်ခုကို တက်ရောက်လေ့လာ ခွင့် ရခဲ့ပါသည်။
.
ဤသင်တန်းတွင် အဓိကမှာ မိမိတို့ ဖြစ်ပေါ်နေသည့် ကိုယ် တိုင် အကဲဖြတ် စိတ်ဖိစီးမှု မေးခွန်းလွှာ ဆိုသည့် သင်တန်းအ ကဲဖြတ်ဇယားကို သင်တန်းနည်းပြ ရန်ကုန်တက္ကသိုလ် စိတ် ပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ တင်အောင်မိုးထံက ရ လိုက်ခြင်းက မိမိစိတ်ကို မိမိ ဆန်းစစ်နိုင်သည့် တန်းဖိုးရှိ အရာ တစ်ခုပင် ဖြစ်ပါသည်။
.
၁။  မွန်းကြပ်ပြီး ကြောက်ရွံ့နေသည်ဟု ခံစားရသည်။
၂။   ကိုယ်ခန္ဓာ နာကျင်ကိုက်ခဲမှုများ ရှိသည်။
၃။  စိတ်ရော လူရော အမြဲတမ်း ပင်ပမ်းနွမ်းနယ်နေသည်။
၄။  အသံကြားရုံမျှနှင့်ပင် ထိတ်လန့် ထခုန်မိသည်။
၅။  အလုပ်တွင် စိတ်ဝင်စားမှု မရှိတော့ပါ။
၆။  စိတ်လိုက် မာန်ပါ လုပ်တတ်ပြီး စွန့်စားတတ်သည်၊
၇။  စိတ်ပူပန်သောက ရောက်ဖွယ် ကိစ္စရပ်များကို ရင်ထဲမှ မထုတ်နိုင်ပါ။
၈။  စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်း ငိုချင်သည်။
၉။  ယခင်ကလောက် လုပ်ကိုင်နိုင်စွမ်း မရှိပါ
၁၀။      ရှင်းလင်းစွာ စီစဉ် စဉ်းစားမှုတို့တွင် အခက်အခဲ ဖြစ်နေသည်
၁၁။      အိပ်စက်ရာတွင် အခက်အခဲ ရှိသည်
၁၂။ လုပ်နေကျ ပုံမှန် အလုပ်ကိုပင် အားစိုက်လုပ်နေရသည်
၁၃။      ပြင်းပြင်းထန်ထန် ဝေဖန်တတ်သည်
၁၄။      အိပ်မက်ဆိုးများ မက်သည်
၁၅။      စိတ်တိုလွယ်ပြီး သာမန်အဆင်မပြေမှုလေးများကပင် ကိုယ့်ကို အလွန်အကျွံ အနှောင့်အယှက် ပေးလျက်ရှိသည်
၁၆။      အလုပ်တွင် ယခင်ကထက် ပိုမို အချိန်ပေး အလုပ် လုပ်လျက် ရှိသည်။
.
အထက်ပါ အချက် တစ်ခုချင်းစီတွင် လုံးဝ မရှိပါက ၁ မှတ်၊ တစ်လ တစ်ကြိမ် ၂ မှတ်၊ တစ်ပတ် တစ်ကြိမ် ၃ မှတ်၊ အမြဲတမ်း ၄ မှတ်ဟူ၍ အမှတ်ပေးကာ ရရှိသည့် စုစုပေါင်း အမှတ်တွင် ၂၁ မှတ်အထိမှာ သာမန်သာ ဖြစ်သဖြင့် စိုးရိမ်စရာ လုံးဝ မရှိ သလို ၂၁ မှတ်မှ ၃၅ အထိမှာ အောက်ပါ အချက်များကြောင့် ဖြစ်နိုင်သည်ကို ကုစားနိုင်ပေသည်။
.


.
၃၅ ကျော်လွန်လျှင်မူ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ပြသရန် လိုအပ်လာမည်ဟု ဆိုသည်။ ဤ ဇယားပါ ဆန်းစစ် ချက်များသည် မိမိကိုယ်တိုင် ဆန်းစစ်နိုင်မှုကို အထောက်အပံ့ ပြုမည် ဖြစ်ပြီး ကိုယ်တိုင် သာမက အခြား သူများတွင်ပါ ယင်းအ ချက်များအတိုင်း အမှတ်ပေးခိုင်း ကြည့်ခြင်းဖြင့် စိတ် ဖိစီးမှု ခံစားချက်များကို ကုစားနိုင်မည် ဖြစ်ပေသည်။
.

Psychosocial Support  ဆိုသည့် စိတ်ပိုင်းဆိုင်ရာ လူမှု အ ထောက်အပံ့ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများ နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများ အချင်းချင်း ဆက်နွယ်နေမှု၊ အပြန်အလှန် လွှမ်းမိုးနေမှုကို ဆိုလိုသည်။(UNICEF-1997)
.
စိတ်လူမှု အထောက်အပံ့ဆိုသည်မှာ လူထု၏ စိတ်ဓာတ် ရေးရာ လူမှုရေးရာကို မြှင့်တင်ပေးသည့် ကြားဝင် ကူညီဆောင် ရွက်မှု လုပ်ငန်းစဉ် ဖြစ်သည်ဟု ပါမောက္ခ ဒေါက်တာတင်အောင် မိုးက ဖွင့်ဆိုခဲ့သည်။
.
စိတ်ပိုင်းဆိုင်ရာ လူမှုကျန်းမာမှု Psychosocial Wellbeing ဆိုသည်မှာ ဘဝတွင် အဆင်ပြေစွာ နေထိုင်မှု ဟုပင် ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
.
အဓိက အာရုံစိုက်ရာ စားဝတ်နေရေး ၊ ကျန်းမာရေးနှင့် လျစ် လျူရှုနိုင်စွမ်း နည်းပါးသည့် သူငယ်ချင်း၊ ကျောင်း၊ ဘာသာရေး တို့ကို လုံခြုံ၊ တန်ဖိုးထားမှုတို့မှ လျစ်လျူရှုခံရပါက ဘဝတွင် အဆင်ပြေစွာ နေထိုင်နိုင်စွမ်း မရှိဟု ဆိုသည်။
.
WHO မှ ဖွင့်ဆိုသည့် စိတ်ကျန်းမာရေး ဆိုသည်မှာ လူတိုင်း လူတိုင်း မိမိတို့ စွမ်းဆောင်ရည် အလားအလာကို သိရှိ သဘော ပေါက်ပြီး ပုံမှန် စိတ်ဖိစီးမှုများကို ရင်ဆိုင် ခံစားနိုင်ကာထိထိ ရောက်ရောက် အကျိုးရှိအောင် အလုပ် လုပ်ကိုင်နိုင်၍ မိမိတို့ အသိုင်းအဝန်းကို ပံ့ပိုး ထောက်ပံ့ပေးနိုင်သည့် ကျန်းမာပျော် ရွှင်မှု အခြေအနေပင် ဖြစ်သည်။
.
တစ်နည်းအားဖြင့် စိတ်ကျန်းမာရေး ဆိုသည်မှာ ဘဝ၏ မတူညီသော စိန်ခေါ်တိုက်ပွဲ အမျိုးမျိုးကို မိမိ၏ ကိုယ်ပိုင်စွမ်း အားဖြင့် ရင်ဆိုင်နိုင်စွမ်း ဖြစ်သည်။
.
ယခု ကိုဗစ်ကာလမှ မဟုတ် သဘာဝဘေး၊ စစ်ဘေး၊ ရောဂါ ဘေးဖြစ်ပွားစဉ်တွင် လူ့အဖွဲ့အစည်းအတွင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေသည် ဖြစ်ရာ ယင်းကို ကုစားပေးနိုင် မည့် အနေအထားများကို သိထားခြင်းဖြင့် ကိုယ်တိုင် သာမက အခြားသူများကိုပါ ကူညီပံ့ပိုးပေးနိုင်မည် ဖြစ်သည်။
.
ဦးတည် အုပ်စုအလိုက် ဆိုပါက ကလေးသူငယ်များ၊ မသန် စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် နို့ စို့ကလေးများ၊ နာတာရှည် ရောဂါရှင်များ၊ အမျိုးသမီးများ အ ပေါ် အကြမ်းဖက် မခံရစေရန်ကို ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ် သည်။
.
ကျဉ်းကျပ်သွားသည့် ပတ်ဝန်းကျင်က စိတ်ကိုပါ ကျဉ်းကျပ် စေမည်ဖြစ်ရာ ပေါက်ကွဲ ပွင့်ထွက်လိုမှု အာသီသက စိတ်ပိုင်း ပွင့်ထွက်မှု ဖြစ်ပေါ်စေကာ ရုပ်ပိုင်းတွင် သတိလက်လွတ်လုပ် ဆောင်မှုများ၊ စိတ်ဓာတ် ကျဆင်းမှုများ ဖြစ်ပေါ်စေသည်။
.
စိတ်ဖိစီးမှု သွင်ပြင်လက္ခဏာများ အနေဖြင့် အိပ်စက်မှု ပြ ဿနာ၊ ပင်ပန်း နွမ်းနယ်ခြင်း၊ အစာအိမ် ပြဿနာရှိခြင်း၊ ကိုယ် လက် ကိုက်ခဲခြင်း၊ ကြောက်လန့်တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အလွန် တက်ကြွလွယ်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဒေါသ ထွက်ခြင်း၊ ပူဆွေး သောက ရောက်ခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်း၊  မကောင်းသည်များ သာတွေးခြင်း၊ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ၊ ယုံကြည်မှု ပျောက်ဆုံးခြင်း၊ ပျင်းရိလာခြင်း၊ အထီးကျန်ခြင်း၊ အခြားသူများ ကို အပြစ်တင်ခြင်း၊ လုပ်ဆောင်နိုင်စွမ်း ကျဆင်း လာခြင်းတို့ ဖြစ်သည်။
.
သက်ရောက်မှု မတူညီမှုက တုံ့ပြန်ဖြေရှင်းမှုလည်း မတူ ညီနိုင်ပေ။ စိတ် တည်ငြိမ်မှု လေ့ကျင့်ခန်းများ ဖြစ်သည့် အ သက်ရှူ လေ့ကျင့်ခန်း၊ သတိပဋ္ဌာန်၊ သတိချပ်ခြင်း အနေဖြင့် ၅ မျိုး၊ ၄ ခု၊ ၃ ခါ၊ ၂ ချက်၊ ၁ ခါ ဆိုသည်မျိုးကို တွေးတောမှု၊ စိတ် အနားယူ ဖြေလျော့ခြင်း နည်းလမ်းများကို လုပ်ဆောင်နိုင်ရန် တိုက်တွန်း ထားသည်။
.
ဝင်ငွေ မရှိ စားစရာ မရှိသဖြင့် Quarantine ဝင်သူမှ ကျန် ရစ်သူ မိသားစုသို့ စိတ်ပူပန်ခြင်း၊ မိသားစုကို လက်လွတ်ရပြီဟု တွေးခြင်း၊ ရောဂါကြောင့် လူမှုဝန်းကျင်မှ ရှောင်ရှား ခံရသူဟု တွေးထင်ခြင်း မမှန်ကန်သည့် သတင်းများအပေါ် ယုံကြည် ကြောက်ရွံ့မှု သတင်းကူးစက် ခံရခြင်းတို့ကို ပတ်ဝန်းကျင်မှ Psychosocial Support  လုပ်ပေးရမည် ဖြစ်သည်။
.
သို့အတွက် စိတ်ပိုင်းဆိုင်ရာ ရှေးဦး သူနာပြုစုခြင်းဖြင့် စိတ် ပိုင်းဆိုင်ရာ ကနဦး ကူညီ စောင့်ရှောက်မှုကို လုပ်ဆောင်ပေးနိုင် ရန် ကြိုးပမ်းကြရမည် ဖြစ်သည်။
.
စိတ်ပိုင်းဆိုင်ရာ ရှေးဦး သူနာပြုစုခြင်း Psychosocial First Aid (PFA) ဆိုသည်မှာ ကပ်ဘေး ဖြစ်ရပ်ဆိုးများကြောင့် ဒုက္ခ ခံစားနေရသော အကူအညီ လိုအပ်နေသူများကို လူသား ဆန်၍ အထောက်အကူ ဖြစ်စေသော ချက်ချင်းတုံ့ ပြန်ကူညီမှု ပေး သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
.
လတ်တလော ပြင်းထန်သည့် ဖြစ်ရပ် ဆိုးနှင့် ကပ်ဘေး အ ခြေအနေ ကြုံတွေ့နေရသော စိတ်သောက ရောက်နေသော သူများအတွက် PFA ကို လုပ်ဆောင်ပေး နိုင်ပေသည်။ အရေးပေါ် ဆေးဝါးကုသမှု လိုအပ်သော စိုးရိမ်ထိတ်လန့်ဖွယ်ရာ အသက် အန္တရာယ် ကြုံတွေ့နေရသည့် ထိခိုက် ဒဏ်ရာ ရနေသူများ၊  မိ မိကိုယ်ကို ဂရုမစိုက်နိုင်လောက်အောင် စိတ်ညစ် နေသူများ၊ မိမိကိုယ်မိမိ ထိခိုက်နာကျင်အောင် ပြုလုပ်နိုင်သူများ၊ အခြား သူများကို ထိခိုက်နာကျင်အောင် ပြုနိုင်သူများမှာ စိတ်ပိုင်းဆိုင် ရာ ရှေးဦးသူနာပြုစုခြင်းလုပ်ပေးရန် လိုအပ်နေသူများဖြစ်သည်။
.
စိတ်ပိုင်းဆိုင်ရာ ရှေးဦး သူနာပြုစုခြင်း Psychosocial First Aid (PFA) ပြုလုပ်ပေးမည့်သူများ အနေဖြင့် ဖြစ်စဉ် အခြေအနေ ကို တည်ငြိမ်စွာ ကြည့်ရန်၊ သေချာစွာ နားထောင်ရန်၊လိုအပ် မည့်သူများ၊ အရာများကို ချိတ်ဆက်ရန် လုပ်ဆောင်ပေးရမည် ဖြစ်သည်။
.
စိတ်ပိုင်းဆိုင်ရာ ရှေးဦး သူနာပြုစုခြင်း Psychosocial First Aid (PFA) ပြုလုပ်ပေးမည့်သူများ အနေဖြင့် ဖြစ်စဉ် အခြေအနေ ကို တည်ငြိမ်စွာ ကြည့်ရန်၊ သေချာစွာ နားထောင်ရန်၊လိုအပ် မည့်သူများ၊ အရာများကို ချိတ်ဆက်ရန် လုပ်ဆောင်ပေးရမည် ဖြစ်သည်။
.
လိုအပ်ပါက အခြေခံ နှစ်သိမ့်ဆွေးနွေးခြင်း Basic Counselling ကို အရေးပေါ် အခြေအနေတွင် ထိခိုက်ခံစားလွယ် သူများဖြစ်သည့်သူ များကို လုပ်ဆောင်ပေးရမည် ဖြစ်သည်။ နှစ်သိမ့် ဆွေးနွေးခြင်း ဆိုသည်မှာ လူနှစ်ဦး ရည်ရွယ်ချက်ရှိရှိ စကားပြောဆိုခြင်းပင် ဖြစ်သည်။ အထောက်အကူပြု ဆက်ဆံ ရေးနှင့် ဘေးကင်း လုံခြုံသော ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ် ပင် ဖြစ်သည်။
.
စိတ်ပိုင်းဆိုင်ရာ ကနဦး စောင့်ရှောက်မှု (PFA) ဖြင့် မလုံ လောက်သည့် အခါတွင်မူ  လေ့ကျင့်ထားသော သီးခြား ပညာရှင် မဟုတ်သည့် ကျွမ်းကျင် ပညာရှင်များ၊ စိတ်ကျန်းမာရေး ဆရာ ဝန်၊ စိတ်ကုထုံး ပညာရှင်၊ ကုခန်းစိတ်ပညာရှင်၊ နှစ်သိမ့်ဆွေး နွေး စိတ်ပညာရှင်တို့ထံသို့ ရည်ညွှန်း လွှဲပေးရမည် ဖြစ်ပေ သည်။
.
COVID-19 ကပ်ရောဂါ ကာလအတွင်း အများပြည်သူတို့  စိတ်ဆင်းရဲခြင်း ဒုက္ခ၊ ကိုယ်ဆင်းရဲခြင်း ဒုက္ခ၊ အမျိုးမျိုးသော အ ခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။ ဖြစ်ပေါ်နေဆဲ ဖြစ်ပြီးနောက် အ လွန်ကာလ တွေ့ကြုံရမည်များမှာ မလွဲမသွေဖြစ်ကြရာ စိတ်ပိုင်း ပြဿနာများ၊ စိတ်ကျ ဝေဒနာများကို ဤဆောင်းပါးပါ အချက် အနည်းငယ်က သက်သာစေရန် ဖြည့်ဆည်း ထောက်ပံ့ပေးနိုင် ရေး ကြိုးစားထားပါသည်။
.
ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအပေါင်း ရောဂန္တရကပ် (ရော ဂါ ပိုးမွှားဘေး)၊ ဒုဗ္ဗိကန္တရကပ် (အစာရေစာငတ်မွတ်ခေါင်းပါး ခြင်းဘေး)၊ သတ္တန္တရကပ် (လက်နက်များဖြင့် သတ်ဖြတ်မှုဘေး) ဆိုသည့် ကပ်ကြီး(၃)ပါးမှ ထာဝရ ကင်းလွတ်ပါစေကြောင်း ဤဆောင်းပါးဖြင့် ကျေးဇူးပြုပါသည်။

Journal Download

Photo of three cats