COVID- 19 ဂယက်နှင့် စားဝတ်နေရေး အခက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID- 19 ဂယက်နှင့် စားဝတ်နေရေး အခက်

မင်းမင်း

.

ကမ္ဘာတစ်ဝှမ်း ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင် ဖြစ်ပွားခဲ့ သော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ COVID-19 ကပ်ရောဂါသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ စတင် ကူးစက်မှု ရှိလာခဲ့ သည်။ ပထမဦးစွာ ရော ဂါသည် ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာ သူများထံက စတင် ကူးစက်လာခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ယင်းနေရပ် ပြန်များနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများမှ တစ်ဆင့် ပြည်တွင်း၌ ရောဂါ ကူးစက်မှုများ ရှိလာခဲ့သည်။

.

လတ်တလော ဇွန်လ ၁၃ ရက်၊ ညပိုင်းအထိ မြန်မာနိုင်ငံ တစ်ဝှမ်းတွင် COVID-19 ကပ်ရောဂါ ကူးစက် ဖြစ်ပွားသူ ၂၆၁ ရှိ လာပြီဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး သေဆုံး၍ ၁၆၅ ဦးမှာ ရောဂါမှ ပြန်လည် သက်သာလာပြီ ဖြစ်သည်။

.

ရန်ကုန်မြို့တွင် ရောဂါကူးစက်မှု ဖြစ်ပွားနေချိန်၌ ဘာသာ ရေး အဖွဲ့အစည်းတစ်ခုမှ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်း ကြောင့် ပြည်တွင်း ကူးစက်သူ အရေအတွက် မြင့်တက်ခဲ့သော် လည်း ယခုအခါ ပြည်တွင်း ကူးစက်သူ အရေအတွက်မှာ ပြန် လည် လျော့ကျလာနေပြီ ဖြစ်ပြီး ပြည်ပမှ ပြန်လည် ဝင်ရောက် လာပြီး အသွားအလာ ကန့်သတ် စောင့်ကြည့်နေ သူများတွင်သာ ရောဂါပိုး တွေ့ရှိရမှု ရှိလာနေသည်။

.

ယင်း အချက်အလက်များကို ကြည့်လျှင် မြန်မာနိုင်ငံ အနေ ဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းစဉ်များကို အတန်အသင့် အောင်မြင်အောင် ဆောင်ရွက် နိုင်နေသည်ဟု ဆိုရမည် ဖြစ်သည်။

.

ရှမ်းပြည်နယ်အတွင်း ဇွန်လ ၁၃ ရက်ထိ COVID-19 ရောဂါ အတည်ပြု ဖြစ်ပွားသူ ၁၀ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ၇ ဦးမှာ ၂ ကြိမ် ဆက် ပိုးမတွေ့သဖြင့် ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကာ ရွာငံမြို့မှ လူနာအမှတ် (၂၃၀) ကို တောင်ကြီး မြို့၊ စဝ်စံထွန်းဆေး ရုံကြီးတွင် လည်းကောင်း၊ မူဆယ်မှ လူနာအမှတ် (၂၃၁) ကို မူ ဆယ် ဆေးရုံကြီးတွင် လည်းကောင်း၊ လူနာအမှတ်(၂၄၅)ကို စဝ်စံထွန်းဆေးရုံတွင် လည်းကောင်း ဆေးဝါးကုသမှုများ ပေး လျက် ရှိသည်။

.

အဆိုပါ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ် နိုင်ရေးအတွက် တောင်ကြီးမြို့နယ် အတွင်းရှိ စည်ပင်သာယာ ရေး ဈေးများအား ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်မှ စတင်၍ ယာယီ ပိတ်ထားခဲ့ရာ ဇွန်လ ၁ ရက်တွင် ဈေးများအားလုံးကို တစ်ခန်း ခြား စနစ်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့် ပြုထားပြီ ဖြစ်သည်။

.

ထိုသို့ စည်ပင်သာယာဈေးများကို ပြန်လည် ဖွင့်လှစ်ခွင့် ပြု ထားပြီး ဖြစ်သော်လည်း ယင်းဈေးများအတွင်း ရောင်းချနေသည့် ပျံကျဈေးသည်များအား မူလအတိုင်း ပြန်လည်ရောင်းချခွင့် မပြု သေးဘဲ ယာယီပျံကျဈေးများတွင်သာ ရောင်းချခွင့် ပြုထားရာ ဈေးသည်များအဖို့ အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရ သည်။

.

“ကျွန်မတို့က အရင်က ညဈေးတန်းနေရာ ပျံကျဈေးမှာ အ စားအသောက်ရောင်းတယ်။ ရောဂါ စဖြစ်ဖြစ်ချင်း လောက်တုန်း က ခွင့်ပြုထားတယ်။ ဧပြီလ ၁၁ ရက်မှာ ဈေးတွေအကုန် ပိတ်ခိုင်း လိုက်တယ်။ အခု ပြန်ဖွင့်ခွင့်ပေးတော့ ပျံကျဈေးသည်တွေ မပါ ဘူး။ ပျံကျတွေက ယာယီဈေးတွေမှာပဲ ဆက်ရောင်းနေရတယ်။ ကျွန်မတို့လို အစားအသောက် ရောင်းတဲ့သူ တော်တော်များ များက နားထားရတာ ၂ လ ပြည့်တော့မယ်။ ပျံကျဈေးတန်းကို လည်း ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုစေလိုပါတယ်။ ဒီအ တိုင်းဆိုရင် ရေရှည်မှာ အခက်အခဲတွေ တိုးလာမှာပါ”ဟု တောင် ကြီးမြို့မဈေးအနီးရှိ ပျံကျဈေးတန်းတွင် အစားအသောက်ရောင်း ချသူ မသော်တာက ပြောသည်။

.


.

အဆိုပါ ပျံကျဈေးသည်များအား  ရပ်ကွက်အလိုက်  သတ်မှတ် ပေးထားသည့် ယာယီဈေးများနှင့် အဝေရာ မီးပုံးပျံကွင်းရှိ သတ် မှတ် ပျံကျဈေးများတွင်သာ ရောင်းချခွင့်ပြုထားရာ ဈေးဝယ်လာ သူ နည်းပါး ကျဆင်းခြင်းကြောင့် လုပ်ငန်း လည်ပတ်နိုင်ရန် အ ခက်အခဲများ ဖြစ်ပေါ်နေသည့်အပြင် မိုးရာသီကာလ၌ မိုးရွာ သွန်းပါက ပျံကျ ရောင်းချရန် အခက်အခဲများလည်း ဖြစ်ပေါ်နေ လျက်ရှိကြောင်း သိရသည်။

.

ထို့အပြင် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနက ဧပြီလ ၂၀ ရက်တွင် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီ အထိ ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် ဝမ်းရေးအရ နံ နက်အစောပိုင်းတွင် ကုန်စိမ်း ရောင်းဝယ်မှု ပြုလုပ်ခဲ့သည့် ပျံကျ ဈေးသည်အချို့ကိုလည်း ယင်းအမိန့်အရ ထောင်ဒဏ် ၃ လ ပြစ် ဒဏ် ချမှတ်ခဲ့မှုများလည်း ရှိကြောင်း သိရသည်။

.

ယခုအခါ စည်ပင်သာယာရေး ဌာနပိုင် ဈေးများအားလုံးကို Social Distancing နှင့် အခြားသော ကျန်းမာရေးဆိုင်ရာ ကန့် သတ် တားမြစ်ချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ်ရောင်းချခွင့် ပြုထားပြီး ဖြစ်သလို ပျံကျဈေးသည်များ အနေဖြင့်လည်း သတ် မှတ် စည်းမျဉ်းစည်းကမ်းများနှင့် အညီ မူလ ဈေးရောင်းချရာနေ ရာတွင် ပြန်လည် ရောင်းချလိုကြခြင်း ဖြစ်သည်။

.

ထို့အပြင် လတ်တလောတွင် ပြည်ပနိုင်ငံများ၌ ရွှေ့ပြောင်း လုပ်သားများအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး COVID-19 ရောဂါ ကူးစက်မှု အခြေအနေအရ ပြည်တွင်းသို့ ပြန်လည် ဝင် ရောက်လာသူများအနက် COVID-19 ရောဂါပိုး တွေ့ရှိရမှု အချို့ ရှိနေဆဲဖြစ်ရာ ဈေးသည်များအဖို့ မူလဈေးတွင် ရောင်းချခွင့် မရ နိုင်သည့်အပြင် သတ်မှတ် ယာယီဈေးများတွင်ပါ ရောင်းချခွင့် မ ရမည်ကိုလည်း စိုးရိမ်နေကြရသည်ဟု သိရပါသည်။

.

“အခုဆို ကလေးတွေလည်း ကျောင်း ပြန်ဖွင့်တော့မယ်ကြား နေတော့ သူတို့အတွက် ကျောင်းစရိတ် ရှာရတော့မယ်။ ဈေးတွေ ပြန်ဖွင့်နေပေမဲ့လည်း ကျွန်မတို့က ယာယီဈေးတွေမှာပဲ ဆက် ရောင်းနေရတော့ ရောင်းအားက ကျပြီး ကုန်ပစ္စည်းတွေ ဆုံးရှုံး တယ်။ စားဝတ်နေရေး အကြပ်အတည်းဖြစ်လာတယ်။ ဈေးသည် တွေ အကုန်လုံး ကိုယ့်အပူနဲ့ ကိုယ် ရှိနေမယ်ဆိုတာ သေချာပါ တယ်” ဟု ပျံကျဈေးသည် တစ်ဦးကလည်း ပြောဆိုခဲ့သည်။


“အခုဆို ကလေးတွေလည်း ကျောင်း ပြန်ဖွင့်တော့မယ်ကြား နေတော့ သူတို့အတွက် ကျောင်းစရိတ် ရှာရတော့မယ်။ ဈေးတွေ ပြန်ဖွင့်နေပေမဲ့လည်း ကျွန်မတို့က ယာယီဈေးတွေမှာပဲ ဆက် ရောင်းနေရတော့ ရောင်းအားက ကျပြီး ကုန်ပစ္စည်းတွေ ဆုံးရှုံး တယ်။ စားဝတ်နေရေး အကြပ်အတည်းဖြစ်လာတယ်။ ဈေးသည် တွေ အကုန်လုံး ကိုယ့်အပူနဲ့ ကိုယ် ရှိနေမယ်ဆိုတာ သေချာပါ တယ်” ဟု ပျံကျဈေးသည် တစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

လက်ရှိတွင် အဆိုပါ COVID-19 ကပ်ရောဂါ ဂယက်ကြောင့် စီးပွားရေး လုပ်ငန်းများ အားလုံး တုံ့ဆိုင်း နေမှုများ၊ ဆုံးရှုံးနစ်နာ နေမှုများ ရှိနေပြီး အခြေခံလူတန်းစား ပြည်သူများအဖို့ စားဝတ် နေရေး အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် နေ့စဉ် ခေါင်းခဲ နေရဆဲ ဖြစ်သည်ဟု ဈေးသည်များက ဆိုကြသည်။

.

သို့ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဘက်တွင် COVID-19 ဂယက် ကြောင့် စားဝတ်နေရေး အခက် တွေ့နေရသည့် အခြေခံလူတန်း စား ပျံကျဈေးသည်များ၏ အရေးကိုလည်း တာဝန်ယူ ဖြေရှင်း ပေးစေလိုပါကြောင်း ဈေးသည်များက ပြောဆိုလျက်ရှိသည်။

Journal Download

Photo of three cats