တောင်ကြီးမြို့တွင် မှိုစား၍ အမျိုးသမီး ၄ ဦး အစာအဆိပ်သင့်မှု ဖြစ်ကာ ယင်းတို့အနက် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
.
သေဆုံးသူများမှာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်နေ
အသက် ၇၃ နှစ်အရွယ် ဒေါ်နန်းလှမြိုင်နှင့် ၎င်းနေအိမ်တွင် တည်းခို နေထိုင်လျက် ရှိသည့်
ကာလိမြို့နေ အသက် ၄၇ နှစ်အရွယ် ဒေါ်နန်းတင်ကြည်တို့ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူ ၂ ဦး အပါအဝင် အမျိုးသမီး
၃ ဦးသည် ဇွန်လ ၁၉ ရက်၊ ညနေပိုင်းတွင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ မြစိမ်းတောင်ဘုရားဘက်သို့
မော်တော်ယာဉ်ဖြင့် တက်ရောက်ပြီးနောက် ကျန်းမာရေးအတွက် လမ်းလျှောက်စဉ် တောင်တက်လမ်းဘေး၌
ပေါက်နေသည့် အဖြူရောင် အပွင့်ဖတ် ၃ လက်မ ပတ်လည်ခန့်ရှိ အရိုးတုပ်သည့် အမျိုးအမည် မသိ
မှို အမျိုးအစားအား တွေ့ရှိရသဖြင့် နုတ်ယူ၍ ဇွန်လ ၂၀ ရက်တွင် ချက်ပြုတ်ကာ မိသားစုဝင်
၄ ဦးမှ စားသောက်ပြီးနောက် ယင်းနေ့ ညပိုင်းနှင့် နောက်တစ်ရက် နံနက်ပိုင်းတွင် ဗိုက်နာခြင်း၊
ဝမ်းသွားခြင်းနှင့် အော့အန်ခြင်း စသည့် ဝေဒနာများ ခံစားရသဖြင့် ထွန်း ဆေးရုံသို့ ပို့ဆောင်ကာ
ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။
.
ယင်းသို့ ဆေးကုသမှု ခံယူနေစဉ် ဒေါ်နန်းလှမြိုင်သည်
ဇွန်လ ၂၅ ရက်၊ ညနေပိုင်းတွင် လည်းကောင်း၊ ဒေါ်နန်းတင်ကြည်သည် ဇွန်လ ၂၇ ရက်၊ နံနက်ပိုင်းတွင်
လည်းကောင်း ရောဂါ မသက်သာဘဲ အသီးသီး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
သေဆုံးမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မ
ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁၀/၂၀၂၀)ဖြင့် အမှုဖွင့် ဆောင်ရွက်နေလျက် ရှိကြောင်း
သိရသည်။
No comments:
Post a Comment