အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တရားစွဲဆိုထားသည့် လားရှိုးလဝက ဝန်ထမ်းနှင့် အကျိုးဆောင်တို့ကို ဇွန်လ ၂၃ ရက်တွင် အမိန့် ချမှတ်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Monday, June 22, 2020

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တရားစွဲဆိုထားသည့် လားရှိုးလဝက ဝန်ထမ်းနှင့် အကျိုးဆောင်တို့ကို ဇွန်လ ၂၃ ရက်တွင် အမိန့် ချမှတ်မည်


စုလှိုင်
.
အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်က တရားစွဲဆိုထား သည့် လားရှိုးမြို့နယ် လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင် ရာရုံးမှ ဝန်ထမ်း တစ်ဦးနှင့် အကျိုး ဆောင် တစ်ဦးတို့ကို လာမည့်ဇွန်လ ၂၃ ရက်တွင် အမိန့် ချမှတ်သွားမည် ဖြစ်သည်ဟု သိရသည်။
.
၂၃ ရက်နေ့မှာ အမိန့်ချမှာပါ။ လဝကဝန်ထမ်းနဲ့ ပွဲစား ၂ ယောက်ပဲ အမိန့်ချမှာပါဟု ရှမ်းပြည်နယ် တရား လွှတ်တော် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်စိုးက ပြောသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံး (လဝက)မှ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်လင်းနှင့် ဝန်ထမ်း ၆ ဦး၊ အကျိုးဆောင် ၁ ဦးတို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မ ရှင်မှ အဂတိ လိုက်စားမှုဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အိမ်ထောင်စုဇယား ပြုလုပ်ခြင်းနှင့် မွေး/တိုး စာရင်း ပြုလုပ်ခြင်းတို့အပေါ် ငွေကြေး တောင်းခံရယူ ဆောင်ရွက် နေခြင်းအား အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားမှုများ လက်ခံရရှိခဲ့သဖြင့် ကော်မရှင်မှ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်လင်းသည် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပြုလုပ်ရန်၊ မွေး/တိုး ပြုလုပ်ရန်နှင့် အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ရန်တို့အတွက် စုစု ပေါင်း ငွေကျပ် ၁၂ သိန်း ၈ သောင်းကို လည်းကောင်း၊ ဒုတိယ လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည် ညွန့်သည် နိုင်ငံသား စိစစ်ရေးကတ် ပြား ပြုလုပ်ရန်အတွက် ငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ ဒုတိယ လူ ဝင်မှု ကြီးကြပ်ရေးမှူး ဦးရန်ဝင်း အောင်သည် နိုင်ငံသားစိစစ်ရေး ကတ် ပြား လဲလှယ်ရန်အတွက် ငွေကျပ် ၁၅ သိန်းကိုလည်းကောင်း၊ လက်ထောက် လူဝင်မှု ကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်သည် အိမ်ထောင်စု စာရင်း ပြုလုပ်ရန်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပြုလုပ်ရန်တို့အတွက် ငွေကျပ် ၂၁ သိန်း၊ အကျိုးဆောင်အဖြစ် ဆောင်ရွက်သူ ဒေါ်မာရှောက်ဆန်းထံမှ နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၀ ခု ပြုလုပ်ပေးခြင်း အတွက် ငွေကျပ် ၅ သိန်းနှင့် မွေး/တိုး ပြုလုပ်ခြင်းအတွက် ငွေကျပ် ၆ သိန်း ၈ သောင်းတို့ကို လည်းကောင်း၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင် သည် အိမ်ထောင်စုစာရင်း ပြုလုပ် ခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား ပြုလုပ်ခြင်းတို့ အတွက်ငွေကျပ် ၁၄ သိန်း၊ မွေး/တိုး ပြုလုပ်ခြင်း အတွက် ငွေကျပ် ၂ သိန်း တို့ကို လည်းကောင်း၊ လက်ထောက် လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ခင်မေ ထွန်းသည် အိမ်ထောင်စု စာရင်းအ မည် ပြင်ဆင်ခြင်း၊ နိုင်ငံသား စိစစ် ရေးကတ်ပြား ပြုလုပ်ခြင်းတို့အ တွက် ငွေကျပ် ၉ သိန်းကို လည်းကောင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အ ဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ လက်ထောက် လူဝင်မှု ကြီးကြပ်ရေးမှူး ဦးကျော်သူဟိန်းသည် မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်လင်း အိမ်ထောင်စု ခွဲခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် တောင်းခံထားသည့် ငွေကျပ် ၁၂ သိန်း ၈ သောင်းကို လက်ခံ ရယူပေးခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၀ ခု ပြုလုပ်ခြင်း အတွက် ဒေါ်မာရှောက်ဆန်းက ဦးထက်ဝင့်အောင်ထံမှ ငွေကျပ် တစ်သိန်း လက်ခံ ရယူခဲ့ခြင်းဖြင့် ပူးပေါင်း ကြံစည်ခြင်း၊ အားပေး ကူညီခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ လားရှိုးမြို့ နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယ လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိယ လူဝင်မှု ကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေး မှူး ဦးထက်ဝင့်အောင်၊ လက်ထောက် လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်နှင့် လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းတို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း၊ လက်ထောက် လူဝင်မှု ကြီးကြပ်ရေး မှူး ဦးကျော်သူဟိန်းနှင့် ဒေါ်မာရှောက်ဆန်းတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း လားရှိုးမြို့မရဲစခန်းတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၂  ရက်က ပထမ သတင်းပေး တိုင်ချက်ဖွင့်၍ တရားစွဲဆိုခဲ့ပြီးနောက် ရှမ်းပြည်နယ် တရားလွှတ်တော်တွင် လက်ခံစစ် ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)