အညာမြေရောက် တောင်ပေါ်သူလေးများရဲ့ ရင်ခွင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 29, 2020

အညာမြေရောက် တောင်ပေါ်သူလေးများရဲ့ ရင်ခွင်


ကျော်လင်းထွန်း (ချောင်းဦး)
.
`ပအိုဝ်း တိုင်းရင်းသူက ၄၁ ယောက်ပါ ဒကာကြီး`
`၁၀ တန်းဖြေထားတာက တစ်ယောက်၊ ၁၀ တန်းတက် မည့်သူက ၆ ယောက်၊ သူငယ်တန်း(KG-1)ပေါ့နော် ၁ ယောက် အပါအဝင် ပအိုဝ်းတိုင်းရင်းသူ စုစုပေါင်း ၄၁ ယောက်ပါ ဒကာ ကြီး၊ တောင်ကြီး၊ ဆိုက်ခေါင်ရွာ၊ နမ့်ခုတ်ရွာ၊ ဟိုနမ့်၊ နောင် တောင်း၊ ဘုရားဖြူ၊ ဒုံလိတန် ဘက်ကရော။ ဟိုပုံး၊ ဆီဆိုင်၊ မောက်မယ်၊ ပင်လောင်း(လိုင်ပေရွာ) ဘက်ကရော ပါတယ် ဒကာကြီး`။
.
ရှမ်းပြည်ဘက်က ပအိုဝ်းတွေ များပါတယ်။ ရှမ်း(မြောက်) ကပလောင် တိုင်းရင်းသူ ၈ ယောက်ရယ်။ စစ်ကိုင်းတိုင်း(အ ထက်ပိုင်း)က နာဂ တိုင်းရင်းသူ ၂၄ ယောက်ရယ်။ နာဂကတော့ လေရှီးမြို့နယ်၊ ပန်ဆယ်ရွာတို၊ လဟယ်ဘက်က များပါတယ်။ ချင်း တိုင်းရင်းသူ ၁ ယောက်၊ ဗမာမိန်းကလေး ၁၁ ယောက်ဆို တော့ လောလောဆယ် စုစုပေါင်း ၉၀ ပေါ့နော်။ လူဝတ်ကြောင် က ၈၈ ယောက်။ သီလရှင်ဝတ် ဆရာလေးက ၂ ပါးရှိပါတယ် ဒကာကြီး`။
.
စာရေးသူ မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေနေသူမှာ ဧ ရိပ်မွန် ၂ ၊ အမျိုးသမီး စောင့်ရှောက်ရေး ဂေဟာမှ တာဝန်ခံအုပ် ချုပ်သူ ဆရာလေး ဒေါ်ပညာစာရီ ဖြစ်သည်။ ဆရာလေးခေါ် ပ ညာစာရီသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံဇာတိဖြစ်ပြီး ပ လောင်လူမျိုး ဖြစ်သည်။ လူနာမည် ဒေါ်အေးအေးအောင် ဖြစ် ပြီး ယခုအခါ သီလရှင်ဝတ်ဖြင့် ဧရိပ်မွန် ၂ မှ အမျိုးသမီးငယ် ကလေးများကို စောင့်ရှောက်နေပါသည်။ မှတ်မှတ်ရရ ဇွန်လ ၅ ရက် နယုန်လပြည့်နေ့တွင် တွေ့ဆုံမှတ်တမ်း ယူခဲ့ပါသည်။
.
ဧရိပ်မွန် ၂ သည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ မြို့သစ် ရပ်ကွက်၊ ဘူတာလမ်းတွင် တည်ရှိပါသည်။ စာရေးသူ၏ ဇာတိ ဖြစ်သော ချောင်းဦးမြို့သည် မန္တလေး-မုံရွာ ကားလမ်းပေါ်တွင် တည်ရှိပြီး၊ မုံရွာမြို့နှင့် ၁၄ မိုင်အကွာတွင် ရှိသည်။ ထို့ကြောင့် စာရေးသူ၏ ဇာတိမြေမှာ အညာမြေဖြစ်ပြီး၊ အညာဒေသ၏ အ မျိုးသမီး စောင့်ရှောက်ရေး ဂေဟာ ဧရိပ်မွန် ၂ တွင် ပအိုဝ်း၊ ပလောင်၊ နာဂ၊ ချင်းစသော တောင်ပေါ်သူကလေးများ နေထိုင် ကြသည်မှာ စိတ်ဝင်စားဖွယ် ကောင်းနေသည်။ ပရဟိတရပ် ဝန်းတစ်ခု ဖြစ်သော ဧည့်ရိပ်မွန် ၂ အကြောင်းကို အသေးစိတ် မဟုတ်သော်ငြား အတော်အသင့် ပြည့်စုံရန် စာရေးဆရာ မောင်မောင်ချစ်ဦး(မုံရွာ) ရေးသားထားသော `သမီးတို့ရဲ့ ဧရိပ် မွန်` စာအုပ်ကို ကိုးကားခဲ့ပါသည်။ ဧရိပ်မွန် ၂ ရဲ့ ကျောင်းအ ကျိုးတော်ဆောင် ဆရာဦးသာအောင် (စာရေးဆရာ၊ ချမ်းသာ အောင်- ချောင်းဦး)နှင့် စကားပြော မေးမြန်းချက်များမှ အချက် အလက်များရရှိခဲ့ပါသည်။
.
`ဧရိပ်မွန်` ဟူသော အမည်မှာ နေ့သင့်နံသင့် ဗေဒင်ကိန်း ခန်းအရ မှည့်ခေါ်ခဲ့ခြင်း မဟုတ်ပါ။ ၁၉၆၃ ခုနှစ်၊ မေလတွင် သီ လရှင်ဆရာကြီး ဒေါ်ခေမာနန္ဒီစတင် တည်ထောင်စဉ်က `ဧရိပ် မွန်`ဟူ၍ မဟုတ်သေးပါ။ `သီလရှင် စာသင်တိုက်နှင့် မိဘမဲ့ အမျိုးသမီးကလေးများ စောင့်ရှောက်ရေးကျောင်း` ဆိုသော နာမည်နှင့် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ `ဧရိပ်မွန်`ဟူသော အ မည်ပြောင်းလဲရခြင်းမှာ ဒါရိုက်တာကြီးမြင့် ရိုက်ကူးခဲ့သော `ကြည်ပြာ`ဟူသော ထိုခေတ်ရုပ်ရှင်ကားကြောင့် ဖြစ်ပါသည်။ ကြည်ပြာဇာတ်ကားမှာ စာရေးဆရာမ ရွှေသဉ္စာ၏ `ဟိုလောင် ပန်းပွင့် ဘယ်ဂုဏ်ကြောင့် ဝံ့မတုန်` ဆိုသော ဝတ္ထု၊ မန္တလေး မြို့ အောင်မြေသာစံ မြို့နယ်၊ နန်းရှေ့မှာ ယနေ့ထက်တိုင် ရှိနေ သော ဧည့်ရိပ်မွန် ၁ ကို အခြေခံရိုက်ကူးခဲ့သော ကြည်ပြာဇာတ် ကားဖြစ်တည်ရာ နေရာ။ သီလရှင် ဆရာကြီး ဒေါ်ခေမာနန္ဒီ၏ ထိုနေရာ၊ ထိုကျောင်းတွင် ထိုဇာတ်ကားရိုက်စဉ် ဝတ္ထုဇာတ်လမ်း ပါ။ ဧရိပ်မွန်ဟူသော ဆိုင်းဘုတ်ကို လူတိုင်းနှစ်သက်၍ ပါးစပ် ဖျားရေပန်းစားရာမှ သီလရှင်ဆရာကြီး ကိုယ်တိုင် သဘောကျ မိပြီး ယနေ့ထက်တိုင် ဧရိပ်မွန်ဟူသော အမည်ကို လက်ခံ၍ မန္တ လေးမြို့တွင် ဧရိပ်မွန် ၁ နှင့် စာရေးသူတို့၏ ချောင်းဦးမြို့တွင် ဧရိပ်မွန် ၂ တို့ ရှိနေပါသည်။
.
ယနေ့ ချောင်းဦးမြို့ရှိ ဧရိပ်မွန် ၂ အကြောင်း ပြောရလျှင်၊ ရေးသားရမည် ဆိုလျှင် ယခင်ရထား ပို့ဆောင်ရေး ဝန်ကြီး၊ နောက်ပိုင်း ယဉ်ကျေးမှု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သော ဘဘဦးဝင်းစိန် အကြောင်းမပါလျှင် မဖြစ်ပေ။ အရေးကြီး ဆုံး အခန်းကဏ္ဍတွင် တစ်ချိန်က ပါဝင်ခဲ့ပြီး၊ ယခု ယနေ့အချိန် ထိ ဧရိပ်မွန် ၂ ၏ ဖခင်ရင်းသဖွယ် စောင့်ရှောက်နေသူမှာ ဝန် ကြီးဟောင်း ဦးဝင်းစိန်ပင် ဖြစ်သည်။
.


.
တောင်ပေါ် တိုင်းရင်းသူ လေးများ၏ ရင်ခွင် ဧရိပ်မွန် ၂ ကို ၆-၁၀-၁၉၉၅ တွင် စတင် ပန္နက်ရိုက်ခဲ့ပြီး၊ ၁၇-၉-၁၉၉၆ တွင် ကျောင်းဖွင့်ပွဲ ပြုလုပ်ခဲ့ပါသည်။ ကျောင်းဖွင့်စက ကျောင်း၏ တာဝန်ခံ အုပ်ချုပ်စောင့်ရှောက် ပေးရသူမှာ သီလရှင်ဆရာကြီး ဒေါ်ဓမ္မေသီ ဖြစ်ပါသည်။ သူငယ်တန်း ၁၁ ဦးမှသည် ဒသမတန်း ၆ ဦးအထိ၊ ကျောင်းမနေ ၂ ဦးအပါအဝင်ဆိုလျှင် ၁၉၉၆ ခုနှစ် ဧရိပ်မွန် ၂ ဖွင့်ကာစ အင်အားမှာ ၁၁၁ ဦး ဖြစ်ပါသည်။ ဝန်ကြီး (ငြိမ်း) ဦးဝင်းစိန်နှင့် ဆရာကြီး ဒေါ်ဓမ္မေသီတို့၏ ဦးဆောင်မှုဖြင့် ကျောင်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ကြပ်မတ်မှု ကော်မတီ သီလရှင် ဆရာကြီး ဒေါ်နန္ဒထေရီ တာဝန်ခံ၍ အတွင်းရေးမှူး တာဝန်ယူ စောင့်ရှောက်ခဲ့ပါသည်။ ဆရာကြီး ဒေါ်ဓမ္မေသီ၏ ဦးဆောင်မှု၊ ဒေါ်နန္နထေရီ၏ လက်တွဲစောင့်ရှောက်မှု များကြောင့် ဧရိပ်မွန် ၂ သည် လာရောက်ခိုလှုံကြသော ပအိုဝ်း၊ ချင်း၊ ရှမ်းပလောင်၊ နာဂ၊ ဗမာမိန်းကလေးငယ်များ အတွက် ခိုလှုံရာ နေရာအမှန်၊ အားကိုးရာ စောင့်ရှောက်ရေး ဂေဟာအမှန် ဖြစ်လေတော့ ဖခင် သဖွယ် ဦးဆောင်ခဲ့သူ၊ လမ်းညွှန်ခဲ့သူ ဦးဝင်းစိန်နှင့် တာဝန်ရှိ လူကြီးများ အတွက် အလွန်အင်မတန် အားဖြစ်ခဲ့ရပါသည်။ ချောင်းဦးမြို့အတွက် ဂုဏ်ယူစရာ နေရာ၊ ပရဟိတလုပ်ငန်း စိတ်ဝင်စား သူများအတွက် ပါဝင်ကူညီခွင့်ရသော ရပ်ဝန်း၊ ခို ကိုးရာ မဲ့နေသော အမျိုးသမီး ငယ်ကလေးများအတွက် မိဘနှင့် မခြား အတတ်နိုင်ဆုံး နွေးထွေးလုံခြုံမှု ပေးနေသော ဂေဟာ တစ်ခု ဖြစ်သော ဧရိပ်မွန် ၂ ၏ စည်းမျဉ်းများကလည်း နေထိုင် သူ မိန်းကလေးငယ်များ၏ ဘဝအတွက် အလွန်အင်မတန် တန် ဖိုးရှိလှပါသည်။ အချိန်ကို တန်ဖိုးရှိစေပါသည်။
.

သမီးငယ် လေးများ၏ လိုက်နာဆောင်ရွက်ရန် နေ့စဉ်အ ချိန် ဇယားမှာ နံနက် ၅ နာရီခွဲမှ စတင်ပါသည်။ နံနက် ၅ နာရီ ခွဲမှ ၆ နာရီခွဲ ထိသည် သမီးငယ် လေးများ၏ ကိုယ်လက်သန့် စင် ဘုရားဝတ်ပြုခြင်းနှင့် သြဝါဒ ခံယူခြင်း ဖြစ်ပါသည်။ ၆ နာရီခွဲ မှ ၇ နာရီမှာ ကျန်းမာရေး လေ့ကျင့်ခန်း၊ ၇ နာရီမှ ၈ နာရီ သန့် ရှင်းရေး လုပ်ခြင်းနှင့် ရေချိုးခြင်း၊ ၈ နာရီ နံနက်စာ ထမင်းစား၊ ၈ နာရီခွဲ ကျောင်းသွား၊ ၁၂ နာရီ နေ့လယ်စာ ထမင်းစား၊ ညနေ ၄ နာရီ ကျောင်းဆင်းလာ၍ မိမိ၏ ဂေဟာ ဧရိပ်မွန် ပြန်ရောက် ပါက ညနေ ၅ နာရီခွဲထိ သန့်ရှင်းရေး စိုက်ပျိုးရေးနှင့် ကျန်းမာ ရေး လေ့ကျင့်ခန်း၊ ၅ နာရီခွဲ ထမင်းစားပြီး ၆ နာရီမှ ၆ နာရီခွဲထိ ဘုရားဝတ်ပြုခြင်းနှင့် သြဝါဒ ခံယူခြင်း ၆ နာရီခွဲမှ ၇ နာရီထိမှာ ဗဟုသုတများ လေ့လာကြည့်ချိန်၊ ညနေ ၇ နာရီမှ ၁၀ နာရီခွဲ ထိမှာ စာကြည့်ချိန်ဖြစ်ပြီး၊ ည ၁၀ နာရီခွဲမှာ မီးပိတ် အိပ်ချိန်ဖြစ် ပါသည်။ ကောင်းလိုက်သည့် အချိန်ဇယား၊ တန်ဖိုးရှိလိုက်သည့် အချိန်ဇယား အခြေခံပညာ ကလေးများသာမက အရွယ်ရောက် ပြီး လူရွယ်၊ လူလတ်အပါအဝင် လူကြီးအထိ အားလုံး လိုက်နာ ကျင့်သုံးပါက တန်ဖိုးရှိသော လူသားတစ်ယောက် ဖြစ်စေနိုင် သည့် အချိန်ဇယား ဖြစ်သည်။
.
ဧရိပ်မွန်၏ အမျိုးသမီးငယ် ကလေးများအတွက် စားဝတ် နေရေးသာ မကဘဲ ဘဝတန်ဖိုးရှိစေမည့် တစ်ရက် ၂ ခါ ဘုရား ဝတ်ပြုခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးနှင့် သစ်ပင် ပန်းမန် ရေလောင်းပေါင်းသင်ရခြင်း ဆိုသော စည်းကမ်းနှင့် အ သိပညာ၊ အကျင့်တို့မှာ အလွန်အင်မတန် တန်ဖိုးရှိလှပါသည်။ လူသား၏တန်ဖိုးသာမက မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးအ တွက် အထောက်အကူပြုသော အလေ့အကျင့်နှင့် စည်းကမ်း များပင် ဖြစ်ပါသည်။ ဧရိပ်မွန် ၂ မှ မဟုတ်သော အခြားအခြား သော သားငယ် သမီးငယ်တို့ ဤသို့ လေ့ကျင့်နေထိုင်ပါက မိဘ အုပ်ထိန်းသူများ ပြုစုပျိုးထောင် ပုံသွင်းပေးနိုင်ပါက ကလေး ငယ်များ၏ ဘဝ၊ သူတို့ပတ်ဝန်းကျင်အတွက် မည်မျှတန်ဖိုးရှိ လိုက်ပါမည်နည်းဟု စဉ်းစားမိပါ၏။
.
ချောင်းဦးမြို့ ဧရိပ်မွန် ၂ မှ သမီးငယ်လေးများ၏ ကျေးဇူး ရှင်များနှင့် အလှူရှင်များအား မေတ္တာပို့ ဆုတောင်းနေသော အ သံမှာ ရင်တွင်းလှိုက်ဖို၍ ကြက်သီးမွေးညင်း ထမိပါ၏။ မိမိတို့၏ ဧရိပ်မွန်သို့ လာရောက်လေ့လာသူ၊ လှူဒါန်းသူများ၊ ဧည့်သည် များအပေါ် ဧည့်ဝတ်ပျူငှာ ကျေပွန်မှုမှာ နွေးထွေးလှပါ၏။ သူတို့ လေးတွေ၏ ဘုရားဝတ်ပြုရာ ဘုရားစင်နှင့် ဘုရားခန်း၊ ဘုရား ပန်းနှင့် ဆွမ်း၊ ရေတော်၊ ဆီမီး ကပ်လှူပူဇော်ထားပုံမှာ သာဓုအ ကြိမ်ကြိမ် ခေါ်ချင်စရာ။ သမီးငယ်လေးများ စိုက်ပျိုးထားသော စိုက်ခင်းများ၊ ကစားကွင်းများနှင့် စာကျက်ရန် စာသင်ခန်းမ၊ ဗ ဟုသုတ အလို့ငှာ စာကြည့်တိုက်နှင့် သန့်ရှင်း သပ်ရပ်မှုများကို တစ်ခါတစ်ခေါက် လာရောက်မြင်တွေ့ စေချင်ကြောင်းပါဗျာ။

No comments:

Post a Comment

Journal Download

Photo of three cats

About