ဒွန်တွဲခြင်း ဒွိဟများနှင့် ရေစီးကြောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒွန်တွဲခြင်း ဒွိဟများနှင့် ရေစီးကြောင်း

ကျော်လင်းထွန်း(ချောင်းဦး)
.
လွန်ခဲ့တဲ့ ၃ နှစ်လောက်က မန္တလေး၊ ရန်ကုန်တို့မှာ မျက်နှာ Mask တပ်တဲ့ ကလေးတွေကို လိုက်ဖမ်းတာ ကြားဖူးမှာပေါ့။ ကလေးတွေ (အထူးသဖြင့် ဆယ်ကျော်သက် ယောကျ်ားလေး တွေ) က ဆံပင်ရှည်ကို ရှေ့ချ၊ ဒါမှမဟုတ် လျှာထိုးဦးထုပ် ဆောင်းပြီး Mask တပ်ထားတော့ သူတို့ကို ဘယ်သူဘယ်ဝါမှန်း ဘေးလူတွေ မသိကြအောင် လုပ်ကြတာပေါ့။ ဆိုတော့ သူတို့ ထင်ရာ လုပ်လို့ရပြီလေ။ ဆိုလိုတာက လမ်းသရဲဆန်ဆန်၊ ဒုစ ရိုက်ဂိုဏ်း ဆန်ဆန် သောင်းကျန်းလို့ရအောင် မျက်နှာကို ဖုန်း ကွယ်ဖို့ Mask ကိုသုံးကြတာကိုး။ ဒီတော့ ဒုစရိုက် နှိမ်နှင်းရေး က ဖမ်းပြီပေါ့။
.
ဟော ၂၀၂၀၊ မေလထဲ ရောက်ပြန်တော့ Mask မတပ်တဲ့ သူ ဖမ်းတယ်တဲ့။ COVID-19 ရဲ့ဗိုင်းရပ်စ် ပျံ့နှံ့မှုကာကွယ်ဖို့၊ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ကျန်းမာရေးနဲ့ အားကစား ဝန် ကြီးဌာနရဲ့ ကြေညာချက်တွေထဲမှာ လက်ကို ခဏခဏဆေးဖို့၊ လူစုလူဝေး ရှောင်ရှားကြဖို့၊ Mask တပ်ကြဖို့တွေက အဓိက ကိုး။ လက်ဆေးတာတို့၊ လူစုလူဝေး ရှောင်ရှားဖို့က မသိမသာ လွယ်ကူလို့ ရပါတယ်။ ဒါပေမယ့် Mask တပ်ဖို့ ကျပြန်တော့ ခ ဏကြာတာနဲ့ နှုတ်ခမ်းတွေ ချွေးစို့ အသက်ရှူက ကြပ်သလို၊ နေကျင့် ထိုင်ကျင့်က မရှိ၊ ဒီကြားထဲ နွေနေကပူဆိုတော့ လူ တော်တော်များများမှာ ဒုက္ခလို့ ဆိုရမှာပါ။ ဒါကြောင့်လည်း Mask ကို နားရွက် တစ်ဘက်တည်း ချိတ်လိုချိတ်။ တချို့ကျပြန် တော့ နားရွက် ၂ ဘက်စလုံးကို သားရေသိုင်းကွင်း ချိတ်ထား ပြီး ပါးစပ်နဲ့ နှာခေါင်း ဖွင့်ထားလို ဖွင့်ထား။ ဒီတော့ COVID-19 ထိန်းချုပ်ရေး အဖွဲ့က Mask ကို စနစ်တကျ တပ် ဆင်ကြဖို့ ဗီနိုင်းကြီးတွေ ချိတ်ကြရတာပေါ့။ Mask မတပ်တဲ့သူ ကို ဒဏ်ရိုက် အရေးယူကြရတော့ Mask လုံးဝမပါရင် ၅၀၀၀ ကျပ် Mask ပါပြီး စနစ်တကျ မတပ်ဆင်ရင် ၃၀၀၀ ကျပ် ဒဏ် ရိုက်။ ဒဏ်ကြေးကို တရားရုံးမှာ သွားဆောင်ကြရအောင် စည်း ကမ်းမဲ့တွေကို ဖမ်းဆီးခေါ်ဆောင်ပြီး ကားပေါ်တင်၊ တရားရုံး ခေါ်သွား။ ဆိုလိုတာက Mask မတပ်ရင် ဖမ်းတာကိုပါ။
.
ကဲ ရေစီးကြောင်း ပြောင်းတာ မြန်ချက် ၃ နှစ်အတွင်းမှာပဲ အရင်က Mask တပ်သူကို ဖမ်း အရေးယူ။ ဟော အခုကျတော့ Mask မတပ်တဲ့ သူတွေ ဖမ်းအရေးယူ။
.
ဒွန်တွဲတာကို ဆက်ကြဦးစို့။ Mask တပ်တာရဲ့ ဟိုး ၃ နှစ် က အပြစ်။ အခုကျ ပြန်တော့လည်း Mask တပ်တာရဲ့ အကျိုး။ အခုလောလောဆယ် COVID-19 ရဲ့ ဂယက်ကြောင့် စီးပွားရေး ကြပ်တည်းမှု များပြားလာပြီး ဒုစရိုက်လုပ်ဖို့ ကြိုးစားသူတွေအ တွက် Mask တပ်တာက အခွင့်အရေး တစ်ခု။ ဒါ့ကြောင့် ည ၁၀ နာရီနှင့် နံနက် ၄ နာရီအတွင်း အပြင်မထွက်ရ အမိန့်တွေ ထုတ်ကြရ၊ ထိန်းသိမ်းဖို့ ကြိုးစားကြရ။ လူအများစုမှာလည်း Mask တပ်တာကတော့ ကျန်းမာရေး အသိနှင့် စည်းကမ်း။ သို့သော်လည်း Mask တပ်ခြင်းရဲ့ ကမ္ဘာ့အရှေ့နှင့် အနောက် အပူအအေး ကွာခြားမှုရဲ့ ဒဏ်နှင့် အကျင့်မရှိခဲ့ဖူးကြလေတဲ့ ရိုးရိုးနေ၊ ဆန်းဆန်းရှောင် အေးအေးဆေးဆေး နေတတ်တဲ့ ကျေးလက်နေတို့ ခံစားကြရတဲ့ ဒုက္ခ။ ကျန်းမာရေးဘက်က သိရှိကြရတဲ့ ကောင်းကျိုး၊ လူနေမှုနှင့် ရာသီဥတုအရ အရိုးစွဲနေ တဲ့ နေထိုင်မှုစရိုက် အသိဘက်က ဆိုးကျိုး။ အကောင်းအဆိုး ဒွန်တွဲမှု ကြားက တွေးမိလေကြတဲ့ ဒွိဟများ။
.
နောက်ရေစီးကြောင်း တစ်ခုက Online training ကိစ္စတစ် ခုပါ။ Online ဆိုမှတော့ အင်တာနက်တွေ သုံးရပြီး Mobile Phone handset တွေက မရှိမဖြစ်။ ဒါတွေကို အသုံးပြုပြီး ပညာ သင်ကြဖို့၊ အတန်းတက်ကြဖို့ ဆိုပြီး လူကြီးတွေ(ဝန်ကြီး၊ ညွှန် ချုပ်၊ ညွှန်မှူး၊ ကျောင်းအုပ်ကြီးများ)က အခြေခံပညာ ကလေး တွေအတွက် စဉ်းစားစီစဉ်ကြလေသည်။ စဉ်းစားမိကြပါရဲ့လား ကောင်းကျိုးနှင့် ဆိုးကျိုးများ တွေးဆမိကြရဲ့လား အကျိုးနှင့် အ ပြစ်များ။ ချိန်ဆမိကြပါရဲ့လား အသုံးချခံရတဲ့ အချိန်ကာလနှင့် ရရှိတိုးပွားမယ် ထင်ရတဲ့ အသိပညာ၊ အတတ်ပညာ ပမာဏ။ အဲဒါထက် လက်ရှိမှာ ဝင်ငွေနည်း မိဘတွေ ရင်ဆိုင်နေရတဲ့ အထက်တန်း သားသမီးရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးရ မည့် ဒုက္ခ။
.


.
ကိုယ်ပိုင်ကျောင်း အချို့က Online teaching ဆိုပြီး သူတို့ ဆီ စာရင်းပေးထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို phone handset အသုံးပြု software တွေနဲ့ ပို့ချနေတဲ့ ရေစီး ကြောင်းက ပေါ်လာလေရဲ့။ ငွေကြေး အဆင်မပြေသူကတော့  ဒီခေတ် ၉ တန်း ၁၀ တန်းဆိုတာ အရင် COVID-19 မတိုင်မီ ကလည်း phone handset ကရှိပြီးသား များပါတယ်။ အထူးသ ဖြင့် မြို့မှာနေကြတဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူ တွေပေါ့။ အခုခေတ်မှာ မြို့ပေါ်က အုပ်ထိန်းသူ၊ မိဘအများစု ကလည်း သားသမီးရှေ့ ဖုန်းဖွင့်ချိန် များလေတော့ အထက် တန်းအဆင့် ကလေးတွေကလည်း phone handset နဲ့ ထိတွေ့ မှုတွေ များလာကြ၊ ထိတွေ့လိုစိတ်တွေ များလာကြပါလေရော။ ဝင်ငွေနည်း ဆင်ခြေဖုံးက ကလေးတွေ၊ ကျေးလက်က ကလေး တွေကတော့ မြို့ပေါ်က ကလေးတွေလောက် phone hand set ထိတွေ့မှု မရှိကြပေမဲ့ ခေတ်ရေစီးကြောင်း အရတော့ အနည်းနဲ့ အများတော့ သိနေ၊ ထိတွေ့နေကြပါတယ်။
.

ကိုယ်တိုင်က ကိုယ်ပိုင်ကျောင်း မတက်ကြသော်ငြား၊ ကိုယ်တိုင်က ကိုယ်ပိုင်ဖုန်း မသုံးကြသော်ငြား သူများ phone handset ကနေတစ်ဆင့်၊ သူများတွေ ပြောနေ တွေ့နေကြရာမှ တစ်ဆင့် ကိုယ်ပိုင်ကျောင်းရဲ့ Online teaching တွေကို ဝင် ရောက်ထိတွေ့လို။ စမ်းသပ်လိုကြတာပေါ့။ ဆယ်ကျော်သက် သဘာဝ စမ်းသပ်လို၊ တွေ့ထိလိုတာကတော့ သူတို့အပြစ်ပြော ရအခက်သားပါလား။ ဒီလိုနဲ့ ဝင်ငွေနည်း အသိုင်းအဝိုင်းက က လေးတွေကပါ phone handset ရလိုမှု၊ ပူဆာမှုတွေ ရှိလာကြ ပါလေရော။ မိဘခမျာ စဉ်းစားရရှာ။ phone handset ဝယ်ပေး ဖို့ ငွေပမာဏအပြင် ဝယ်မပေးနိုင်ခဲ့လျှင်၊ ဝယ်ပြီး သုံးခွင့် မပြုခဲ့ လျှင် ကလေးပညာရေးကို အားမပေးရာ ရောက်လေမလား။ ဝယ်ပေးပြီး အသုံးပြုခဲ့လျှင်တော့ရော အကျိုးတကယ် ရှိမှာလား။ ဘေးထွက်ဆိုးကျိုး မရှိတော့ဘူးတဲ့လား။ ရေစီးကြောင်း အပေါ် ဒွိဟစိတ်နဲ့ တွေးနေရတဲ့ဒုက္ခ။
.
ကဲ ကိုယ်ပိုင်ကျောင်း အချို့က Online teaching ကို ကိုယ့်ကျောင်းသူ/သား တွေအတွက် ID code တွေ၊ Passward တွေနဲ့ ပြုလုပ်နေပေမဲ့ ကိုယ့်ကျောင်းက ကလေးတွေ သာမက သူတို့နဲ့ နီးစပ် နှီးနွယ်ရာ ကလေးတွေ အချို့ပါ သိရှိသွားပါတယ်။ ဒါကောင်းတယ်ပဲ ထားပါဦး။ ဆိုကြပါစို့ စာသင်ချိန်က ၃ နာရီခွဲ ပြီးပေမဲ့ ကလေးအများစုက phone handset ကို မိဘအုပ်ထိန်း သူထံ မပေးကြသေးဘဲ Game ဆော့ကြ၊ Facebook သုံးကြ၊ messenge တွေနဲ့ chat ကြဆိုတော့ ဒါကတော့ဖြင့် မကောင်း ပါ။ ဒီတော့ Online teaching ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲ ခြင်းက ရေစီးကြောင်းပါပဲ။
.
"လူတစ်ယောက်ရဲ့ ကောင်းကွက်ချည်းပဲ
လိုချင်နေလို့တော့ မရဘူးရယ်
ဒွန်တွဲတဲ့ ဆိုးကွက်လည်းပါမယ်။" ဆိုတဲ့ နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ထဲက စာသားလိုပါပဲ။ ဒါ့အပြင် လောကဓမ္မတာ အရရော၊ ရှေးအစဉ်အလာ အရရော အနေဖြင့် ဒွန်တွဲမှု၊ ဒွိဟစိတ်ဆိုတာ အဆန်းတော့ မဟုတ်ပါ။ ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက် ဆိုတာ လောကဓမ္မတာပင် မဟုတ် ပါလား။ စာရှုသူ။
.
အထူးသဖြင့် `ဖြေတွေး၊ ဖြည့်တွေး` ဆိုတဲ့ ကိုယ်ချင်းအ တွေး တွေးတတ်တဲ့ သူတွေအတွက် အကောင်း၊ အဆိုးကို လက်ခံနိုင်စွမ်းပါ၏။ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များ ဖွင့်ခွင့်ပြုရန် တားမြစ်ချက်၊ လမ်းညွှန်ချက်များနှင့်အတူ စားပွဲ ပေါ် အကာအကွယ်များနှင့် ထိုင်ကြ၊ စားသောက်ရန် ညွှန်ကြား ထားသော်ငြား၊ စစ်ဆေးစဉ်တစ်မျိုး၊ စစ်ဆေးမည့်သူ မရှိချိန် တစ်မျိုး။ ခေါက်ရိုးကျိုး အကျင့်က ပါပြီးသားဆိုတော့။
.
ဇူလိုင်လ ၂၁ ရက်တွင် ကျောင်းများကို အထက်တန်းမှ စ ဖွင့်မည်ဆိုပြန်တော့။ သင်ရိုးသစ်အရ သင်ရိုးက များများ။ အ ထက်လူကြီးတွေကတော့ ဇွန်လ ၁ ရက်မှ ကျောင်းမဖွင့်နိုင်ခဲ့၍ ကျောင်းဖွင့်ရက် ၅၁ ရက် နောက်ကျခဲ့ရ၍ သင်ရိုးကို တချို့တစ် ဝက် ပယ်၊ လျှော့ချလုပ်မည်တဲ့။ ကျောင်းမဖွင့်ဘဲ ထားတာက ကျောင်းသားတွေ နစ်နာမလား။ ကျောင်းနောက်ကျ ဖွင့်ပြီး စာသင်နှစ် တစ်နှစ်ကို ဖြစ်သလိုနဲ့ ကျော်ဖြတ်တာက နစ်နာမ လား။ 
ဇူလိုင်လ ၂၁ ရက်တွင် ကျောင်းများကို အထက်တန်းမှ စ ဖွင့်မည်ဆိုပြန်တော့။ သင်ရိုးသစ်အရ သင်ရိုးက များများ။ အ ထက်လူကြီးတွေကတော့ ဇွန်လ ၁ ရက်မှ ကျောင်းမဖွင့်နိုင်ခဲ့၍ ကျောင်းဖွင့်ရက် ၅၁ ရက် နောက်ကျခဲ့ရ၍ သင်ရိုးကို တချို့တစ် ဝက် ပယ်၊ လျှော့ချလုပ်မည်တဲ့။ ကျောင်းမဖွင့်ဘဲ ထားတာက ကျောင်းသားတွေ နစ်နာမလား။ ကျောင်းနောက်ကျ ဖွင့်ပြီး စာသင်နှစ် တစ်နှစ်ကို ဖြစ်သလိုနဲ့ ကျော်ဖြတ်တာက နစ်နာမ လား။ 
.
ပညာသင်နှစ်တစ်နှစ်၏ တန်ဖိုး(ကလေးတွေရဲ့ ဘဝနှင့် အချိန်ကုန်ဆုံးမှု) က မနည်းပါ။ တန်ဖိုးရှိလှတဲ့ အခြေခံကျောင်း သား ကျောင်းသူတွေအတွက် စဉ်းစားကြည့်ရပေမည်။ Online teaching ကတော့ဖြင့် ကောင်းကျိုးထက်၊ ဆိုးကျိုးက များပါ လိမ့်မည်။ ဆရာနှင့် တပည့် မျက်နှာချင်းဆိုင် သင်ကြားခြင်းပင် လျှင် ကလေးတွေက အာရုံမစိုက်ချင်ကြ။ Online နှင့်ဆိုတော့ အခြေခံ ကလေးတွေအတွက် မသင့်လျော်ဟုသာ ဆိုလိုက်ချင် ပါရဲ့။ ဒီကြားထဲ wifi free ဆိုင်တို့၊ မိသားစုသုံး wifi တို့ဆိုတာ တွေကို ဆယ်ကျော်သက် လူငယ်တွေအပါအဝင် လူလတ်ပိုင်း မိဘအုပ်ထိန်းသူတွေကပါ။ စိတ်အလိုလိုက် အချိန်ဖြုန်း သုံးစွဲ နေကြလျှင်ဖြင့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုနေတာ အား လုံးအသိပါပဲ။ ဟုတ်၊ မဟုတ် ဒွိဟ စိတ်ဆိုတာကတော့ ရေစီး ကြောင်း တစ်လျှောက် စဉ်းစားရုံမှတစ်ပါး။

Journal Download

Photo of three cats