ကကြီး ခကွေး ဒီမိုကရေစီ (သို့မဟုတ်) ရွေးကောက်ပွဲ - Kanbawza Tai News

Breaking

Thursday, June 25, 2020

ကကြီး ခကွေး ဒီမိုကရေစီ (သို့မဟုတ်) ရွေးကောက်ပွဲ


ကိုစိုး(ကမ္ဘောဇတိုင်း)
.
၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော နှစ် တစ်နှစ်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့် ဆိုသော် တတိယအ ကြိမ် လွှတ်တော် သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲ များကို ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပသွားဖွယ် ရှိနေခြင်း ကြောင့် ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပ သော အထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ ပြည့် နှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ၂ ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီး ဖြစ်ကာ ယင်းရွေး ကောက်ပွဲများ နောက် လစ်လပ် မဲဆန္ဒနယ်များအတွက် ကြား ဖြတ် ရွေးကောက်ပွဲများကို ပထမအကြိမ် လွှတ်တော် သက်တမ်း လက်ထက် ၂၀၁၂ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ်လွှတ် တော် သက်တမ်းလက်ထက် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် တို့တွင် လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
.
ဒီမိုကရေစီ နိုင်ငံများအတွက် ရွေးကောက်ပွဲ ဆိုသည်မှာ ထ မင်းစား ရေသောက်အလုပ် ဖြစ်သည်။ ရွေးကောက်ပွဲသည် ဒီမိုက ရေစီ၏ ပထမခြေလှမ်း ဖြစ်သည်။ ရွေးကောက်ပွဲနောက်တွင် ဒီ မိုကရေစီအတွက် နောက်ထပ် လျှောက်လှမ်းစရာ ခြေလှမ်းတွေ များစွာ ကျန်ရှိသေးသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ ရွေး ကောက်ပွဲမှာ လူထုနှင့် စိမ်းသကဲ့သို့ ဖြစ်နေသည်။ အနီးစပ်ဆုံး အထွေထွေ ရွေးကောက်ပွဲဖြစ်သော ၂၀၁၅ ခုနှစ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ အစီရင်ခံစာကို လေ့လာလျှင် ယင်းအ ချက်ကို သိသာ ထင်ရှားစွာ တွေ့နိုင်မည် ဖြစ်သည်။
.
၂၀၁၅ ခုနှစ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ ကာ လက မြန်မာ တစ်နိုင်ငံလုံးတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ဦးရေ ၃၄၂၉၅၃၃၄ ဦး ရှိသည့်အနက် ၂၃၉၁၁၇၈၄ ဦးသာ လာရောက် မဲပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် မဲလာပေးသူ ၆၉ ဒသမ ၇၂ ရာခိုင် နှုန်းသာ လာရောက်မဲပေးခဲ့သလို အမျိုးသားလွှတ်တော်တွင် လည်း လာရောက်မဲပေးသူ ၂၃၉၄၆၇၀၉ ဦးသာ ရှိသည့် အတွက် ရာခိုင်နှုန်း အားဖြင့် ၆၉ ဒသမ ၈၂ ရာခိုင်နှုန်းသာ လာရောက် မဲ ပေးခဲ့ကြသည်။
.
တစ်နည်းအားဖြင့် ၃၀ ရာခိုင်နှုန်းကျော်သော မဲဆန္ဒရှင် ပြည် သူများ မဲရုံသို့ လာရောက်မဲပေးခဲ့ခြင်း မရှိသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့အပြင် ထူးခြားချက် တစ်ရပ်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် လာရောက်မဲပေးသူနှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက် လာရောက် မဲပေးသူ လူဦးရေ ၃၄၀၀၀ ကျော် ကွာဟနေခြင်း ဖြစ်သည်။ မဲဆန္ဒရှင် ပြည်သူ တစ်ဦးသည် မဲရုံ အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေ သကြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေရာများအတွက် မဲ ၃ မဲ အနည်းဆုံး  ပေးရမည် ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး နေရာ များ မဲပေးရန်ရှိပါက နောက်ထပ်တစ်မဲ စုစုပေါင်း ၃ မဲ သို့မဟုတ် ၄ မဲကို တစ်ဆက်တည်း ပေးရမည် ဖြစ်သော်လည်း ယခုကဲ့သို့ မဲလာရောက်ပေးသူ ဦးရေ ကွာဟနေခြင်းက မသိ နားမလည်ဘဲ မဲပုံးကျော်၍ မဲပေးခြင်းလော သို့တည်းမဟုတ် အခြားသော အ ခြေအနေ တစ်ရပ်ကြောင့်လော ဟူသည်မှာ ပြန်လည်သုံးသပ် ဖွယ်ရာ ဖြစ်နေသည်။
.
ထို့အပြင် ပယ်မဲ/ပျောက်မဲ အရေအတွက်ကို ကြည့်ပါက ပြည်သူ့လွှတ်တော်တွင် ၆ ဒသမ ၂၅ ရာခိုင်နှုန်း၊ အမျိုးသားလွှတ် တော်တွင် ၅ ဒသမ ၁၅ ရာခိုင်နှုန်း ရရှိထားသည်ကို တွေ့ရသည် ဖြစ်ရာ အကြမ်းအားဖြင့် ပယ်မဲ/ ပျောက်မဲဖြစ်ခဲ့သည့် ဆန္ဒမဲလက် မှတ် ၁ သန်းကျော် ရှိနေသည်ကို တွေ့ရသည်။
.
အမှန်တကယ်တော့ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနှင့်ပတ် သက်၍ သိပ်တော့ မစိမ်းလှပါ။ နယ်ချဲ့အင်္ဂလိပ် အစိုးရလက်ထက် ဒိုင်အာခီ အုပ်ချုပ်ရေးအရ ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင် ပထမအကြိမ် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲကို ကျင်းပခဲ့ ပါသည်။ ထို ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီစုံ ဝင်ရောက် ယှဉ် ပြိုင်ခဲ့ပြီး ပြည်သူများ၏ ဆန္ဒကို ပထမဦးဆုံး ပါဝင် ဖော်ထုတ်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။
.
တစ်ဖန် ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆၊ ၁၉၄၇ ခုနှစ်များတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့သလို လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၅၁၊ ၁၉၅၆၊ ၁၉၆၀ ခုနှစ်များတွင် ပါလီမန် ဒီမိုကရေစီ ရွေး ကောက်ပွဲများ ကျင်းပခဲ့သလို မဆလ တစ်ပါတီစနစ်ဖြင့် ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၅ ခုနှစ်များတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ ဖူးသည်။
.
ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် အာဏာသိမ်း နဝတ စစ်အစိုး ရမှ ဦးဆောင် ကျင်းပပေးသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကို ကျင်းပပေးခဲ့သော်လည်း ယင်းရွေးကောက်ပွဲ၏ ရလဒ်၊ ပြည် သူတို့၏ ဆန္ဒမဲများမှာ စစ်အာဏာရှင် အစိုးရ၏ မလိမ့် တစ်ပတ် လုပ်ရပ်ကြောင့် ပျက်ပြားခဲ့ရပြီး ရွေးကောက်ခံ ပြည်သူ့ကိုယ်စား လှယ်အများပြား နရသိန် စံခဲ့ကြရသည်။ တစ်နည်းအားဖြင့် မဲ ဆန္ဒရှင် ပြည်သူတစ်ရပ်လုံး အကျဉ်းစံ ကာလများကို ဖြတ်သန်း ခဲ့ရသည်။
.


.
တစ်ဖန်  နာဂစ် ခြေ/ဥ ခေါ် နယက အစိုးရမှ စိတ်ကြိုက်ပြင် ဆင်ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲများကို ၂ ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီးဖြစ် ကာ ယနေ့ ၂၀၂၀ ပြည့်နှစ်အတွင်း တတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပတော့မည် ဖြစ်သည်။
.
ထိုသို့ ရွေးကောက်ပွဲ နိုင်ငံရေးနှင့် မစိမ်းနေကြသော်လည်း မဲဆန္ဒပေးသူ အဘယ်ကြောင့် နည်း နေသနည်း၊ ပယ်မဲ/ပျောက်မဲ များပြားနေသနည်း ဟူသော အချက်ကို စဉ်းစားသုံးသပ်ကာ အ နာဂတ် ရွေးကောက်ပွဲများအတွက် ကြိုတင် ပြင်ဆင်သင့်သည် များကို ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်သည်။
.
၂၀၁၀ ရွေးကောက်ပွဲရလဒ် အရ တက်လာသော သမ္မတ ဦး သိန်းစိန် ဦးဆောင်သည့် ပထမအကြိမ် အစိုးရ သက်တမ်းတွင် ဖြေလျှော့မှု အချို့နှင့် အတူ ပွင့်လင်းမြင်သာမှု ရောင်နီဦးကို စ တင် မြင်တွေ့ ခံစားလာရပြီး ပြည်သူအချို့ မျက်စိပွင့်၊ နားပွင့်ဖြစ် လာခဲ့သည်။ (စကားချပ်-ပွင့်လင်း မြင်သာမှု၊ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့် ဖြေလျှော့မှုများ နှင့်အတူ ဆက်သွယ်ရေး ဥပဒေ၊ နိုင်ငံသားအခွင့်အရေး ကာကွယ်စောင့် ရှောက်ရေးနှင့် လူပုဂ္ဂိုလ် ဆိုင်ရာ လွပ်လပ်ခွင့် ကဲ့သို့သော ဥပဒေများကလည်း လူကျွံဘော ဖမ်းရန် အသင့်ပြင်ထားပြီး ဖြစ်သည်။)
.
သို့သော် အများစုမှာ နိုင်ငံရေးထက် စားဝတ်နေရေး ကိုသာ နားလည်ကြသည်။ ဘယ် အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ် စားရတာ ဟူသော အမြင်မျိုးတွေ ရှိကြသလို ကိုယ့်မဲတစ်ပြားဖြင့် တိုင်းပြည်ကြီး ပြောင်းလဲမသွားနိုင်ပါ ဟူသော ခပ်ပေါ့ပေါ့အတွေး အခေါ် အချို့ကိုလည်း တွေ့မြင်နေရပြီး အများစုမှာ ဆန္ဒမဲ တစ် ပြား၏ တန်ဖိုးကို မသိကြသလို မဲပေးပုံ မဲပေးနည်းကို နားမ လည်ကြချေ။
.
“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အများစုကတော့ ကိုယ့်လွှတ် တော်ကိုယ်စားလှယ်ကို တောင်မှ မသိကြပါဘူး။ တချို့ဆိုရင် အ သက်သာ ၄၀ ကျော်နေပေမဲ့ မဲတောင် တစ်ခါမှ မပေးဖူးတဲ့သူ တွေ ရှိပါတယ်။ ဘယ်လို ပေးရမှန်း မသိဘူး။ တချို့ကလည်း သူ တို့ကိုယ်တိုင်က စိတ်ဝင်စားမှု မရှိဘူး။ ပြောရရင်တော့ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေတာပေါ့။ ဒါကို တာဝန်ရှိသူတွေ အနေနဲ့ လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်”ဟု တောင်ကြီးမြို့နေ ဒေ သခံတစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပြည်လုံးကျွတ်အထွေထွေရွေးကောက် ပွဲကြီးကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့ရာ ယင်းနေ့ မတိုင်မီ နိုဝင်ဘာလ ၇ ရက်၊ ညနေခင်းပိုင်းတွင် တောင်ကြီး မြို့ ပေါ်ရှိ အလယ်အလတ်တန်းစား စီးပွားရေးသမား၊ ပညာတတ် လုပ်ငန်းရှင်တစ်ဦးက မဲကို ဘယ်လိုပေးရမည်၊ မဲဆန္ဒရှင် တစ်ဦး လျှင် မဲဘယ်နှပြား ပေးရမည် စသည့် မဲဆန္ဒရှင်ဆိုင်ရာ အခြေခံ အသိပညာများကို လုံးဝ သိရှိမထားသည်ကို ကြုံတွေ့ခဲ့ရဖူးသည်။
.
နိုင်ငံရေး ပါတီများ၏ ဟောပြော စည်းရုံးမှုများအရ ဘယ်တံ ဆိပ်ဘေးကို ဘယ်လို အမှန်ခြစ်(တံဆိပ်တုံးထု)ဟုသာ နားလည် ထားကြသည်ကို တွေ့ရသည်။
.
နိုင်ငံရေးပါတီ အချို့ကလည်း မဲဆန္ဒရှင် ပြည်သူ အသိပညာ ပေးရေး (Voter Education) ထက် ယင်း အားနည်းချက်ကို ၎င်း တို့အတွက် အားသာချက်သဖွယ် အသုံးချမှုများ ရှိနေသည်ကို တွေ့ရသည်။ ထိုထက် တစ်ဖန်စော၍ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလက ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား ဒေသတစ်ခုတွင် ကျေးရွာတစ်ရွာလျှင် သူကြီးတစ်ဦးသာ မဲရုံသို့ လာ၍ တစ်ရွာလုံးစာ ဆန္ဒမဲလက်မှတ်များကို ၎င်းတို့ပါတီမှ မှာ ကြားထားသည့်အတိုင်း အမှန်ခြစ် မဲပေးခဲ့သည်ကို မြင်တွေ့ခဲ့ရ ဖူးသည်။
.
ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ ကြီးစိုးရာ ဒေသများ၌ ၎င်းတို့ ကြီးစိုးရာ ဒေ သတွင် မဲဆန္ဒရှင် ပြည်သူများအား မသိမသာ တစ်မျိုး၊ သိသိသာ သာတစ်မျိုး အတင်းအကြပ် ဖိအားပေး၍ ၎င်းတို့တပ်ဖွဲ့ ထောက် ခံသည့် နိုင်ငံရေး ပါတီအား မဲထည့်ခိုင်းသည့် ဖြစ်စဉ်မျိုးများ လည်း ရှိနေသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် သတင်း သမားတစ်ဦးကလည်း “လက်နက် ကိုင်ဆောင်ထားတဲ့ ရှမ်းပြည် နယ်အတွင်းက အဖွဲ့အစည်းအားလုံးဟာ သူတို့ အာဏာ စက် သက်ရောက်တဲ့ နယ်မြေတွေက ပြည်သူတွေကို သေနတ်နဲ့ ထောက်ပြီး သူတို့တပ်ဖွဲ့က ထောက်ခံတဲ့ ပါတီကို မဲ ထည့်ခိုင်းကြ တာ ရွေးကောက်ပွဲတိုင်းပါပဲ။ ရှမ်းပြည်နယ်အတွင်းက ပြည်သူ လူထု ၉၀ ရာခိုင်နှုန်းကျော်ဟာ မိမိဆန္ဒအတိုင်း မဲပေးခွင့် မရှိ တာကို မြင်တွေ့နေရတယ်။ လာမယ့် ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲမှာလည်း လူထုဟာ ကိုယ်ထောက်ခံတဲ့ ပါတီကို မဲပေး ပိုင်ခွင့် ဆုံးရှုံးနေဦးမှာပါ”ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရှမ်းပြည်နယ် အတွင်း ဒီ မိုကရေစီ၏ အခြေခံ ပထမဦးဆုံး ခြေလှမ်းဖြစ်သော မဲပေးပိုင်ခွင့် နှင့် ပတ်သက်၍ပင်လျှင် မသိ နားမလည်မှုများ၊ လွတ်လပ်ခွင့် ဆုံးရှုံးမှုများ ရှိနေဆဲဖြစ်ရာ ဒီမိုကရေစီ၏ နောက်ထပ် ခြေလှမ်း များအတွက် များစွာ ကြိုးစား ရုန်းကန်ရဦးမည် ဖြစ်သည်။
.
ယခု ကျင်းပမည့် တတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲ တွင် ထူးခြားချက် တစ်ရပ်အနေဖြင့် တပ်မတော်သားနှင့် အတူ နေ မိသားစုဝင်များအား တပ်ပြင်ပ မဲရုံများတွင် မဲဆန္ဒပေးရန် စီ စဉ် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ၂ ကြိမ်လုံးတွင် တပ်မတော်သားနှင့် အတူနေ မိသားစုဝင်များက တပ်တွင်း မဲရုံများ၌ပင် မဲပေးခဲ့ရပြီး ယင်း မဲရလဒ်များအပေါ် နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးသမားများ နှင့် လေ့လာစောင့်ကြည့်သူများက ကျေနပ်အားရမှု မရှိသည့် အ တွက် ပွင့်လင်းမြင်သာမှု ရှိစေရန် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ် ကြောင်း နားလည်ထားသည်။
.
သို့သော် တပ်မတော်ဘက်ကမူ ယင်းကိစ္စကို သဘောတွေ့ ပုံမရချေ။ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသော COVID-19 ကပ် ရော ဂါကူးစက် ပြန့်ပွားမှု အခြေအနေများအရ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင် ပြည်သူများ မဲစာရင်း လာ ရောက် ကြည့်ရှုရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အွန်လိုင်း မိုဘိုင်းလ် အပလီကေးရှင်းဖြင့် မဲစာရင်း ထုတ်ပြန်ကြေ ညာသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ချိန်တွင်လည်း တပ်မတော် ဘက်မှ ခါးခါးသီးသီး ငြင်းဆန် ဝေဖန် ထောက်ပြမှုများလည်း ရှိလာသည်။ ထို့အပြင် ယနေ့အချိန်အထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက် ၁၈ နှစ်ပြည့်ပြီး မဲဆန္ဒ ပေးပိုင်ခွင့်ရှိ သူများ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြုစု ထားပြီးဖြစ် သော်လည်း ယင်းစာရင်းတွင်း အထက်ပါ တပ်မ တော်သားများနှင့် အတူနေမိသားစုဝင်များ၏ စာရင်း ပါဝင်ခြင်း မရှိ သေးချေ။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၀ ပြည့်နှစ် အ ထွေထွေ ရွေးကောက်ပွဲကာလ၌ မဲပေးပိုင်ခွင့်ရှိသူ တပ်မတော် သားနှင့် အတူနေ မိသားစုဝင်များမှ အပ မဲဆန္ဒရှင် ၃၇ သန်းကျော် ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်က အမျိုးသားလွှတ်တော်တွင် ပြောဆိုထားသည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၀ ပြည့်နှစ် အ ထွေထွေ ရွေးကောက်ပွဲကာလ၌ မဲပေးပိုင်ခွင့်ရှိသူ တပ်မတော် သားနှင့် အတူနေ မိသားစုဝင်များမှ အပ မဲဆန္ဒရှင် ၃၇ သန်းကျော် ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်က အမျိုးသားလွှတ်တော်တွင် ပြောဆိုထားသည်။
.
အဆိုပါ မဲဆန္ဒရှင် အရေအတွက် စာရင်းနှင့်ပတ်သက်၍ ရှမ်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူး ဦးဇော်မြင့်ဝင်းအား ဆက်သွယ် မေးမြန်းရာတွင် “ကျွန် တော်တို့က အဲဒါတွေ မရသေးပါဘူး။ မဲစာရင်းတွေလည်း မ လုပ်ရသေးပါဘူး။ တပ်တွေကလည်း မဲစာရင်း မရသေးပါဘူး။ အားလုံး ပြည့်စုံမှ ကြေညာမှာပါ”ဟု ပြောဆိုခဲ့သည်။
.
လက်ရှိ ၂၀၂၀ ပြည့်နှစ် ဇွန်လလယ်ပိုင်းအထိ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်တွင် တရားဝင် မှတ်ပုံတင် ရပ်တည် နေသော နိုင်ငံရေးပါတီ စုစုပေါင်း ၉၇ ခု ရှိနေပြီး ယင်းနိုင်ငံရေး ပါတီများအနက် ရှမ်းပြည်နယ်တွင် ဗဟိုဌာနချုပ် ဖွင့်လှစ်ထား သည့် နိုင်ငံရေးပါတီ ၁၅ ခု အခြား တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဗဟိုဌာနချုပ် ထားရှိပြီး ရှမ်းပြည်နယ်အတွင်း ပါတီရုံးခွဲ ဖွင့်လှစ်ထားသည့် နိုင်ငံရေးပါတီ ၁၇ ခု ရှိနေသည်။
.
ယင်း နိုင်ငံရေးပါတီအားလုံး လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ပါဝင် ယှဉ်ပြိုင် အရွေးချယ်ခံသွားဖွယ် ရှိနေသည်။
.
မဲဆန္ဒရှင် ပြည်သူတို့အတွက် ရွေးချယ်စရာ အခွင့်အလမ်း (Multiple Choice) များစွာ ရှိပါသည်။ ပါတီကို ကြည့်မည်လော၊ လူကို ကြည့်မည်လော၊ မူကို ကြည့်မည်လော ဟူသည်မှာ မဲဆန္ဒ ရှင် ပြည်သူ တစ်ဦးချင်းစီ၏ ကိုယ်ပိုင် လွတ်လပ်ခွင့် အခွင့်အရေး များ ဖြစ်ပါသည်။ ယင်း အခွင့်အရေးများကို မဲဆန္ဒရှင် ပြည်သူ တစ်ဦးချင်းစီတိုင်း အပြည့်အဝ ရရှိပြီး လွတ်လပ်စွာ ရွေးချယ်ပိုင် ခွင့် ရှိရန် လိုအပ်ပါသည်။
.
ထို့အပြင် ငါနှင့် မတူ ငါ့ရန်သူ ဟူသော မူသဘောကို လက် ကိုင် မထားဘဲ အချင်းချင်း တရားသောယှဉ်ပြိုင်ခြင်းမှ အပ အ ခြား မလိုလားအပ်သော အောက်လုံးထိုး ဝေဖန် တိုက်ခိုက်ခြင်း၊ အမုန်းပွားစေခြင်းများကို ရှောင်ရှားကာ မိမိ အသည်းကြားက မဲ တစ်ပြားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရရှိရေးကို အားလုံးက အလေးထားရမည် ဖြစ်ပါသည်။
.
ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်၊ ဒီမိုကရေစီ၏ပထမခြေလှမ်း သို့တည်းမဟုတ် ဒီမိုကရေစီ ကကြီး ခကွေး  ဖြစ်သော ရွေးကောက် ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးမှာ နိုင်ငံသား အားလုံး ၏ တာဝန်သာ ဖြစ်ပါသည်။ ကကြီး ခကွေး တတ်မှ ကျန် ဗျည်း၊သ ရများကို ဆက်တက်ရမည် ဖြစ်သလို ဒီမိုကရေစီ ခက်ဆစ်များကို ဆက်လက် ဖွင့်ဆိုရမည်ဖြစ်ပါသည်။ ထိုမှတစ်ဖန် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားသော ဖက်ဒရယ် ဒီမိုကရေစီပန်းတိုင် ဆီ ဆက်လက် ချီတက်နိုင်မည်သာ ဖြစ်ပါတော့သည်။  

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)