ပြည်တော်ပြန်တွေ မျက်နှာပန်း လှစေဖို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်တော်ပြန်တွေ မျက်နှာပန်း လှစေဖို့


ကိုစိုး
.
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့် အတူ ဖွားဖက်တော်အဖြစ် ပေါ်ပေါက်ခဲ့သော ပြည်တွင်းစစ်ကြောင့် တိုင်းပြည်မှာ အစစ အရာ ရာ ချို့ယွင်း နောက်ကျခဲ့ရသည်။ အကျိုးဆက်အဖြစ် စစ်ဘေးစစ် ဒဏ်နှင့် အခြားသော လူမှုစီးပွားဆိုင်ရာ အကြပ်အတည်းများ ကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပနိုင်ငံများတွင် ရွှေ့ ပြောင်း လုပ်သားများအဖြစ် တရားဝင်နည်းလမ်းဖြင့် သာမက တရားမဝင် နည်းလမ်းများဖြင့် သွားရောက် အလုပ် လုပ်ကိုင်ခဲ့ ကြသည်။
.
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း မြန်မာလုပ်သား သန်း နှင့်ချီ၍ ရှိနေပြီး တရုတ်နိုင်ငံတွင်လည်း အများအပြား ရှိနေကာ အခြား အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ အ သီးသီးတွင်လည်း မြန်မာရွှေ့ပြောင်း လုပ်သား အများအပြား မိ သားစု တစ်ဝမ်းတစ်ခါးအတွက် ရှာဖွေ လုပ်ကိုင်စားသောက်နေခဲ့ ကြရသည်။
.
သူတို့ အိပ်မက်၊ သူတို့ မျှော်လင့်ချက်သည်ကား မိသားစုဘဝ အတွက် လောက်ငဖူလုံ လူတန်းစေ့ နေထိုင်နိုင်ရေးအတွက် ဖြစ် သည်။ ပြည်တွင်းမှာ မငြိမ်းချမ်းမှု၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ လုပ်အားခ လစာဝင်ငွေ အရနည်းမှုတို့ကြောင့် ရေခြား မြေခြားသို့ သွားရောက် စွန့်စားကာ လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
.
ထိုသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသူများအနက် အဆင် ပြေသူများ ရှိသလို အချို့မှာ ရေခြား မြေခြားတွင် ဒုက္ခပင်လယ် ဝေကာ ဒူးနှင့် မျက်ရည်သုတ်ခဲ့ရသူတွေ၊ ကံ မကောင်း အကြောင်း မလှ၍ ဘဝဆုံး၊ အသက် ဆုံးရှုံးခဲ့ရသူတွေလည်း ရှိသည်။
.
တစ်ဖန် ၂၀၁၉ နှစ်ကုန်၊ ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ၎င်းတို့၏ ကံကြမ္မာအတွက် အပြောင်းအလဲကြီးတစ်ရပ် စတင်ဖြစ်ပေါ်လာ ခဲ့သည်။ COVID-19 အမည်ရ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဆိုး ကြီးကြောင့် ကမ္ဘာ့ စီးပွားရေး လုပ်ငန်းများအားလုံး တုံ့ဆိုင်းခဲ့ရ သည်။ ကမ္ဘာတစ်ဝှမ်း စီးပွားရေး လုပ်ငန်းများ ရပ်နားမှုကြောင့် လုပ်သားအများအပြား အလုပ် လက်မဲ့ဖြစ်ပေါ်ခဲ့ရာ ပြည်ပရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများလည်း အပါအဝင် ဖြစ် ခဲ့သည်။ COVID-19 ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ပင် မြန် မာလုပ်သား ၃ သိန်းခန့် အလုပ်လက်မဲ့ ဖြစ်နိုင်ကြောင်း သတင်း များအရ သိရသည်။
.
ယခုအခါ ယင်း အလုပ်အကိုင် ဆုံးရှုံးခြင်းနှင့် ကူးစက်ရောဂါ ဆိုင်ရာ အခြေအနေများကြောင့် ယင်းရွှေ့ပြောင်း လုပ်သားအများ အပြား ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာကြသည်။ ဟိုအရင် တစ်ခေတ်တစ်ခါဆီကတော့ ပြည်တော်ပြန်၊ နိုင်ငံခြားပြန် ဆို လျှင် ရပ်ရွာက အထင်ကြီး လေးစားရသည်။ မိသားစုက အားကိုး အားထား ပြုရသည်။ ယခုကား ယင်း အခြေအနေနှင့် ပြောင်း ပြန်ပင် ဖြစ်နေသည်။
.
COVID-19 ကပ်ရောဂါသည် တရုတ်နိုင်ငံ၊ ဟူဘေး ပြည်နယ်၊ ဝူဟန်မြို့မှတစ်ဆင့် ကမ္ဘာ့ဒေသ အသီးသီးသို့ ကူးစက်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည့်အတွက် ပြည်ပနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူများ မှတစ်ဆင့် ရောဂါပိုး ကူးစက် ဝင်ရောက်လာခြင်း ဖြစ်သည်။ အ ချို့သော အစိုးရိမ်ကြီးသူများ (အတ္တကြီးသူများ)က ပြည်တော်ပြန် များကို ရောဂါပိုး သယ်ဆောင်လာသူများအဖြစ် သမုတ်ကာ ပြန် လည်လက်ခံခြင်းမပြုလိုကြောင်း ပြောဆိုမှုများကိုလည်း ကြား သိလာ နေရသည်။
.
သို့ဖြစ်ရာ အထက်ပါ ပြည်တော်ပြန်များမှာ မျက်နှာပန်း မ လှနိုင်တော့ချေ။ မိမိကိုယ်တိုင်၊ မိမိ မိသားစုနှင့် ရပ်ရွာတွင် ရော ဂါပိုး ကူးစက်မှု မရှိစေရေးအတွက် အစိုးရနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၏ အစီအစဉ်ဖြင့် Qua-rantine ခေါ် အသွားအလာ ကန့်သတ် စောင့်ကြည့်မှု ရက်ပြည့် ခံယူပြီးမှသာ နေရပ်သို့ ပြန်ခွင့် ရလာသည်။ အသွားအလာ ကန့် သတ် စောင့်ကြည့်ခံနေစဉ် အတွင်းမှာလည်း ဒုက္ခ၊ သုက္ခ အမျိုး မျိုးနှင့် ရင်ဆိုင် ကြုံတွေ့လာနေရသည်ကို ကြားသိနေရသည်။
.


.
ရှမ်းပြည်နယ် တောင်ပိုင်း အတွင်း၌ ဇွန်လ ၁၁ ရက်အထိ အ ကြောင်းအမျိုးမျိုးဖြင့် Quarantine ဝင်ရောက်နေသူ ၁၆၀၈ ဦး ရှိနေပြီး မြဝတီမြို့၊ အမှတ် (၂) ချစ်ကြည်ရေး တံတားမှ ပြန်လည် ဝင်ရောက်လာသည့် ရှမ်းပြည်နယ်မှ မြန်မာ ရွှေ့ပြောင်းလုပ်သား များကိုလည်း တောင်ကြီးအပါအဝင် မြို့နယ် အသီးသီးရှိ သတ် မှတ် Facilities Quarantine စင်တာများတွင် စောင့်ကြည့်နေ လျက်ရှိပါသည်။
.

ယင်းကဲ့သို့ အသွားအလာ ကန့်သတ် စောင့်ကြည့်မှုများနှင့် ပတ်သက်၍ တာဝန်ယူ ဆောင်ရွက်ပေးနေသော ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်တော် ပြန်များအဖို့ အခက်အခဲများစွာနှင့် ရင်ဆိုင်လာနေရသလို သက် ဆိုင်ရာ တာဝန်ရှိသူများ၏ စီမံကြီးကြပ် ကွပ်ကဲမှုနှင့် ထောက်ပံ့ ပေးမှုများတွင် လိုအပ်ချက်များ ရှိနေသည်ဟု သိရသည်။
.
“အခုအချိန်မှာ ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုက အရမ်းကို အားနည်းတယ်လို့ မြင်မိပါတယ်။ ဘာမှ ထောက်ပံ့ပေးတာ မရှိ သလို စီမံခန့်ခွဲမှု၊ လမ်းညွှန်မှုလည်း မပေးနိုင်ပါဘူး။ ယုတ်စွအဆုံး Quarantine Center တစ်ခုလေးကိုတောင်မှ ယောင်မှားပြီး လာ ကြည့်တာမျိုး မရှိပါဘူး”ဟု ပြည်တော်ပြန်များအား Quarantine ထားရှိရာ စင်တာ တစ်ခုတွင် တာဝန် ကျနေသည့် အမည်မဖော် လိုသူ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ် အစိုးရအနေဖြင့် ပြည်တော်ပြန် Quarantine ထားရှိသူများအတွက် အထွေထွေကုန်ကျစရိတ် များကို ထောက်ပံ့ ပေးခြင်း မရှိသည့်အတွက် အောက်ခြေ ရပ်/ကျေးအုပ်ချုပ်ရေးမှူး များမှ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ် သုံးစွဲနေရပြီး အခြားသော အ ထွေထွေ လိုအပ်ချက်များအတွက်လည်း စေတနာရှင်ပြည်သူများ၊ စေတနာ့ ဝန်ထမ်းများ၊ တာဝန်ကျ ဝန်ထမ်း အင်အားများဖြင့် လို အပ်သလို စီမံခန့်ခွဲ ဆောင်ရွက်နေရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ထို့အပြင် ယင်း ပြည်တော်ပြန်များ Quarantine နေထိုင်နေ စဉ် ကာလအတွင်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး နေသည့် စေတနာ့ဝန်ထမ်း ကိုဝင်းနိုင်စိုးကလည်း “သူတို့ (ပြည် တော်ပြန်)တွေကို လိုအပ်တာလေးတွေ ကျွန်တော်တို့က ဖြည့် ဆည်း ဆောင်ရွက်ပေးနေပါတယ်။ ဥပမာ သူတို့ စားချင်တာလေး တွေ ထွက်ဝယ်ပေးရတာမျိုးပေါ့။ စားရေး သောက်ရေးအတွက် လည်း ကျွန်တော်တို့က ချက်တဲ့သူတွေနဲ့ ချက်ခိုင်းပြီး လိုက်ပို့ ပေးပါတယ်။ ကြုံ တွေ့ရတဲ့ အခက်အခဲ တွေကတော့ အများကြီး ပါပဲ။ နားလည်မှု လွဲမှားတာမျိုးတွေ ကြုံတွေ့ရပါတယ်။ တစ်နေ့ က ဆိုရင် Camp ထဲက တစ်ယောက်က သတင်းဌာန တစ်ခုကို ညနေ ၄ နာရီ အထိ မစားရသေးဘူး ဆိုပြီး သတင်း ပို့လိုက်တာ ရှိပါတယ်။ တကယ် လုပ်နေရတဲ့ အခြေအနေမှန်ကို မသိဘဲ သ တင်း ပို့လိုက်တာ ဖြစ်ပါလိမ့်မယ်”ဟု ပြောသည်။
.
“ကျွန်တော်ဆိုရင် Camp တစ်ခုမှာ ရေသန့် လှူပေးတယ်။ တချို့က ရေသန့်နံလို့ မသောက်နိုင်ဘူး ဆိုပြီး ပြောတဲ့သူ ရှိ တယ်။ အဲဒီထဲမှာ ကိုယ်ဝန်ဆောင်တွေပါတော့ ထမင်းပျော့ပျော့ စားချင်တယ်ဆိုလို့ ချက်တဲ့သူကို အပျော့ ချက်ခိုင်းတယ်။ တချို့ က ထမင်းပျော့လို့ မစားနိုင်ဘူး ဆိုပြီး ပြောတယ်။ လူအများကြီး ဆိုတော့ သူတို့ရဲ့ လိုအင်ဆန္ဒ မျိုးစုံကို ထောင့်စေ့အောင် ဖြည့် ဆည်း ဆောင်ရွက်ပေးရတဲ့ အခါမှာ အခက်အခဲတွေကတော့ အများကြီး ရှိတာပေါ့”ဟု ကိုဝင်းနိုင်စိုးက ဆက်လက် ပြောဆိုခဲ့ သည်။
.
Camp တစ်ခုတွင် ပြည်တော်ပြန် ဦးရေ ၁၀၀ ကျော် ထည့် သွင်းထားရာ နေ့စဉ် ၎င်းတို့  မှာကြားသည့် ပစ္စည်း အမယ်စုံ အမျိုး အစား တစ်ထောင်ခန့်ကို နေ့စဉ် ဝယ်ခြမ်းပို့ဆောင်ပေးနေရ ခြင်းဖြစ်ပြီး စေတနာ့ဝန်ထမ်း အင်အားနှင့် မျှတမှု မရှိသည့် အ တွက် တစ်နေကုန် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဝယ်ယူ ဖြည့် ဆည်းပေးနေရခြင်း ဖြစ်သည်ဟု ၎င်းထံက သိရသည်။
.
အဆိုပါ နေရပ်ပြန် ရွှေ့ပြောင်း လုပ်သားများ၏ စားသောက် စရိတ်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်ရက် ကျပ် ၄၀၀၀ နှုန်းဖြင့် ၁၀ ရက်စာ ကျပ် ၄၀၀၀၀ ကောက်ခံရန်ညွှန် ကြားထားသော်လည်း အတင်းအကြပ် ကောက်ခံခြင်း မရှိဘဲ အဆင်ပြေသူများကို ကောက်ခံခြင်းဖြစ်ကာ လိုအပ်သည့် ငွေများ ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေ ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
.
“တချို့မြို့နယ်တွေက Camp တွေမှာ အစိုးရက ထောက်ပံ့ မယ် ထင်လို့၊ အလှူရှင် ရှိလို့ မကောက်တာမျိုးလည်း ရှိတယ်။ ဒီတော့ တောင်ကြီးမှာက အစိုးရက ချပေးပြီး ကျွန်တော်တို့ စေ တနာ့ဝန်ထမ်းတွေက သုံးစား လိုက်သလိုမျိုး ပြောဆိုလာတာရှိ ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့လည်း စိတ် ဓါတ် တော်တော် ကျလာပါတယ်။ ကျွန်တော်တို့က အန္တရာယ် ကြားထဲကနေ အလုပ် လုပ်ရတဲ့သူပါ။ တတ်နိုင်သမျှ ကိုယ်ကျိုး စွန့်ပြီး လုပ်တဲ့အပေါ်မှာ ကျွန်တော်တို့အပေါ်ကို စော်ကားတဲ့ သ ဘောမျိုး ပြောဆိုလာတာ ရှိပါတယ်”ဟု ကိုဝင်းနိုင်စိုးက ပြော သည်။
.
“Camp အတွက် ရေနွေးအိုး လိုအပ်တယ် ဆိုလည်း ကျွန်မ တို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကပဲ သူ့ပိုင်ငွေနဲ့ စိုက်ဝယ်ခဲ့တာ ပဲ။ နေရပ်ပြန်တွေ ပျော်ရွှင်ဖို့အတွက် ဆိုပြီး ကာရာအိုကေစက် ဆိုလည်း ဆင်ပေးလိုက်တာပဲ။ မိုက်ခရိုဖုန်းတော့ ပေးမကိုင်ဘူး ပေါ့။ ပြည်နယ်အစိုးရက ဘာမှ ထောက်ပံ့ ပေးထားတာ မရှိတဲ့ အပြင် စီမံခန့်ခွဲမှုကလည်း တော်တော် ညံ့ပါတယ်။ လာကြည့် ဖော်တောင် မရပါဘူး”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ် သူတစ်ဦးက ဆိုသည်။
.
ကိုဝင်းနိုင်စိုးကမူ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ထောက်ပံ့မှု မရှိ ဟူသည်မှာ မှန်ကန်မှု မရှိဘဲ နေရပ်ပြန်များထံမှ စားသောက် စရိတ်အဖြစ် ကောက်ခံသည့် ငွေကြေးမှာ မလုံလောက်သည့်အ တွက် လိုအပ်သည့် ငွေကြေးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောဆိုခဲ့သည်။
.
ယင်း နေရပ်ပြန်များအနက် အချို့မှာ တစ်ဘက်နိုင်ငံတွင် အ လုပ် လုပ်ကိုင်ရာမှ ပြန်လာခြင်း မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံများ ရှိ အကျဉ်းထောင်များ၊ အကျဉ်းစခန်းများတွင် ကျခံနေရာမှ ပြန် လည် လွတ်မြောက်၍ ပြည်တော် ပြန်လာသူများလည်းရှိနေသည် ဟု သိရသည်။
.
လူအမျိုးမျိုး၊ စိတ်အထွေထွေ ဆိုသကဲ့သို့ လူအများအတွက် စီမံခန့်ခွဲ ဆောင်ရွက်ရာတွင် မည်သူမဆို အခက်အခဲ အနည်းနှင့် အများ ဆိုသလို ကြုံတွေ့ရမည်သာ ဖြစ်သည်။ အချို့ကိစ္စများတွင် အမြင် မတူညီမှုများ၊ နားလည်မှု လွဲမှားခြင်းများကြောင့် စေတ နာ့ဝန်ထမ်းများအဖို့ အခက်အခဲ၊ ကသိကအောင့် ဖြစ်ရမှုများ လည်း ရှိနေမည်သာ ဖြစ်သည်။
.
သို့သော် စေတနာ့ဝန်ထမ်း ဟူသည်မှာ ဝန်ထမ်း မဟုတ်ပါ။ တစ်နည်းအားဖြင့် တာဝန်ရှိသူ၊ အာဏာပိုင် မဟုတ်ပါ။ အများ အကျိုးအတွက် တာဝန်ရှိသူ၊ အာဏာပိုင်များ၏တာဝန်ကို ကိုယ့် ထမင်းကိုယ်စား၍ ကြီးတော်နွား ကျောင်းကာ ပခုံးအငှားလိုက် နေကြသူများသာ ဖြစ်ပါသည်။
.
မကြာသေးမီ ကာလအတွင်းက စေတနာ့ ဝန်ထမ်းများနှင့် ပတ်သက်၍ အစိုးရမှ သတ်မှတ်ထုတ်ပြန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သော်လည်း စေတနာ့ ဝန်ထမ်းများအတွက် အမှန်တ ကယ် အထောက်အကူပြုစေမည့် အစီအမံများ ပါဝင်ခြင်း မရှိသ လို ယင်းစာကြောင့်ပင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်း တချို့ အ ထင်အမြင် လွဲမှားမှုများလည်း ရှိခဲ့ရဖူးသည်။
မကြာသေးမီ ကာလအတွင်းက စေတနာ့ ဝန်ထမ်းများနှင့် ပတ်သက်၍ အစိုးရမှ သတ်မှတ်ထုတ်ပြန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သော်လည်း စေတနာ့ ဝန်ထမ်းများအတွက် အမှန်တ ကယ် အထောက်အကူပြုစေမည့် အစီအမံများ ပါဝင်ခြင်း မရှိသ လို ယင်းစာကြောင့်ပင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်း တချို့ အ ထင်အမြင် လွဲမှားမှုများလည်း ရှိခဲ့ရဖူးသည်။
.
မည်သို့ပင်ဆိုစေ လက်ရှိ အချိန်တွင် အစိုးရအနေဖြင့် ယင်း စေတနာ့ ဝန်ထမ်းများ၏ ပူးပေါင်းအားဖြင့် COVID-19 ကို အတူ တွန်းလှန် တိုက်ဖျက်ရမည် ဖြစ်သလို ပြည်တော်ပြန်များ၏ အ ရေးအတွက်လည်း အားလုံး ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးရ မည့် အခြေအနေတစ်ရပ် ဖြစ်ပါသည်။
.
လက်ရှိ ပြည်တော်ပြန်များ၏ အရေးအား ဆောင်ရွက်ဖြေ ရှင်းပေးနေသည့် အခြေအနေနှင့် ပတ်သက်၍ တောင်ကြီးဒေသခံ ဆောင်းပါး စာရေးဆရာ တစ်ဦးကလည်း “အစိုးရက ပျောက်နေ တာပါ။ အစိုး မရတဲ့ အစိုးရ ဖြစ်နေတာပါ။ နေရာ တကာမှာ ကြည့်လိုက်ရင် ဒီ Volunteer တွေပဲ တွေ့ရတယ်။ အစိုးရက ဘာ တွေ စီမံဆောင်ရွက်ပေးနေတယ် ဆိုတာမျိုး မကြားမိပါဘူး။ မြဝတီပြန်တွေ စရောက်တယ် ဆိုတဲ့ နေ့ကတည်းက သူတို့ အတွက် စားရေးသောက်ရေး ကိစ္စကအစ အစိုးရက ဘာမှ တိ တိ ကျကျ ညွှန်ကြားထားခဲ့တာမျိုး မရှိဘူးလို့ သိရပါတယ်” ဟု ၎င်း၏အမြင် ကို ပြောဆိုခဲ့သည်။
.
ပြည်တော်ပြန်များသည်လည်း မြန်မာနိုင်ငံသားများ ဖြစ်ပါ သည်။ ပြည်တော်ပြန် မျက်နှာပန်းလှနိုင်ဖို့ စေတနာ့ ဝန်ထမ်းအင် အား တစ်ခုတည်းဖြင့် မလုံလောက်နိုင်ပါ။ သက်ဆိုင်ရာ အစိုးရအ ဖွဲ့၏ ထောက်ပံ့ ကူညီပံ့ပိုးမှုများလည်း လိုအပ်နေမည်သာဖြစ်ပါ သည်။ ပြည်တော်ပြန် မျက်နှာပန်းလှဖို့အရေး အစိုးရ၊ ပြည်သူ၊ စေတနာ့ဝန်ထမ်း ၃ နားညီ ပံ့ပိုးနိုင်ကြပါစေကြောင်း ဆုမွန် ကောင်း တောင်းလိုက်ရပါသည်။  

Journal Download

Photo of three cats