COVID-19 ကို တကယ် နိုင်နင်းပြီလား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကို တကယ် နိုင်နင်းပြီလား

ကိုစိုး
.
၂၀၂၀ ပြည့်နှစ်သည် ကမ္ဘာ့လူသားများအတွက် စိန်ခေါ်မှု အခက်အခဲများနှင့် စတင် ဖွင့်လှစ်ခဲ့သည့် နှစ်တစ်ခု ဟု ဆိုနိုင် ပါသည်။ တရုတ်နိုင်ငံ၊ ဟူဘေး ပြည်နယ်၊ ဝူဟန်မြို့တွင် ၂၀၁၉ နှစ်ကုန်ပိုင်းက စတင် ကူးစက်ပြန့်ပွားခဲ့သော COVID-19 ကပ် ရောဂါသည် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းသို့ ပြန့်နှံ့ ပြီး သေဆုံးမှု အများအပြား ရှိခဲ့သည်။ ၂၀၂၀ မေလကုန်အထိ ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ရောဂါ အတည်ပြုဖြစ်ပွားသူ ၅ ဒသမ ၈ သန်းကျော် ရှိလာနေပြီ ဖြစ်ပြီး သေဆုံးသူ အရေအ တွက်မှာလည်း ၃ သိန်းကျော် အထိ ရောက်ရှိလာနေပြီ ဖြစ် သည်။
.
မြန်မာနိုင်ငံတွင်မူ ဇွန်လ ၅ ရက်၊ ညပိုင်းအထိ COVID- 19 ရောဂါ အတည်ပြုဖြစ်ပွားသူ ၂၃၆ ဦးအထိ ရှိလာနေပြီဖြစ် ပြီး ပြန်လည် သက်သာလာသူ ၁၅၁ ဦးနှင့် သေဆုံးသူ ၆ ဦးရှိ လာနေပြီ ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ၏ ထုတ်ပြန်ချက်များအရ သိရသည်။
.
ယင်း COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝှမ်း တွင် လူနေထိုင်မှု ပုံစံများလည်း ပြောင်းလဲလာခဲ့ရသည်မှာ အား လုံး အသိပင် ဖြစ်သည်။ မကြာခဏ လက်ဆေးသည့် အလေ့ အထများ၊ Mask တပ်ဆင်သည့် အလေ့အထများ၊ Social Distancing အမူအကျင့်များကို ကမ္ဘာတစ်ဝှမ်းတွင်ကျင့်သုံး လာနေကြသည်။
.
မြန်မာနိုင်ငံ အနေဖြင့်လည်း ယင်း အလေ့အထများကို လိုက်နာ ကျင့်သုံးသူ ရှိသလို ဝတ်ကျေတန်းကျေ လိုက်နာကြ သူများလည်း ရှိလာနေသည်။ အဆိုပါ အမူအကျင့် များသည် COVID -19 အတွက် သာမက အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် အကျိုးရှိစေမည့် ဘဝနေထိုင်မှု ပုံစံအသစ် ဖြစ်သည့်အတွက် COVID-19 ကိုပင် ကြံဖန် ကျေးဇူးတင်ရမလို ဖြစ်လာသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ အတည်ပြုဖြစ် ပွားသူ စတင်တွေ့ရှိခဲ့သည့် မတ်လ ၂၃ ရက်မှ စကာ တင်းကျပ် သည့် စည်းမျဉ်းစည်းကမ်းများဖြင့် COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ဆောင်ရွက်ခဲ့ကြသည်ကို အားလုံး အသိပင် ဖြစ်သည်။ သို့သော် လက်ရှိတွင် ဇွန်လဆန်းပိုင်းမှ စတင်၍ ဖြေ လျှော့မှု အချို့ကို စတင် မြင်တွေ့လာရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ စည်ပင်သာယာဈေး အားလုံးကို ဇွန်လ ၁ ရက်မှ စတင်၍ ပြန်လည် ဖွင့်လှစ်ခွင့် ပြုလာခဲ့သည်။ Social Distancing နှင့် အခြားသော ကျန်းမာရေးဆိုင်ရာ ကန့် သတ် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်၍ ဖွင့်လှစ်သွား မည်ဟု ဆိုသော်ငြားလည်း အမှန်တကယ်တမ်း မြေပြင်တွင် ယင်းကဲ့သို့ လိုက်နာ ဆောင်ရွက်နိုင်ရေးမှာ အခက်အခဲ ရှိမည် ဖြစ်သည်။ သက်ဆိုင်ရာ မြို့နယ် ဒေသအလိုက် မြို့ဝင်/ထွက် ဂိတ်များတွင် COVID-19 စောင့်ကြပ်စစ် ဆေးရေးဂိတ်များ ဖွင့် လှစ်၍ ကိုယ်အပူချိန် တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ရာတွင်လည်း လိုက်နာမှု မရှိသူ၊ တာဝန်ကျ ဝန်ထမ်းနှင့် စေတ နာ့ဝန်ထမ်းများကို မချေမငံ ပြန်လည်ပြောဆိုခဲ့သူများ ရှိခဲ့သည် ကို သတိ ချပ်သင့်ပေသည်။
.
ဈေးဆိုသည်မှာ မြို့တစ်မြို့အတွက် စီးပွားရေး အသည်း နှလုံး ဖြစ်သလို မရှိမဖြစ် လိုအပ်သည့် အရာတစ်ခုလည်း ဖြစ် သည်။ ဈေးဖွင့်မှသာ ယင်းဈေးကိုအမှီအခိုပြု နေရသည့် ပြည်သူ လူထုတို့၏ စီးပွားရေး လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်နိုင်ပြီး စားဝတ်နေရေး ချောင်လည်နိုင်မည်ဖြစ် သည်။ တစ်ဘက်တွင်လည်း ယင်းဈေးများသည် လူစုလူဝေး ဖြစ်ပေါ်ရာ နေရာ ဖြစ်နေသဖြင့် ကျန်းမာရေး ဆိုင်ရာ တားမြစ် ကန့် သတ်ချက်များကိုလည်း ဈေးသည်တိုင်း၊ ဈေးသည် တိုင်း၊ ပြည်သူတိုင်း လိုက်နာရန် လိုအပ်မည်သာ ဖြစ်သည်။
.
ထို့အတူ အစိုးရ ဌာနဆိုင်ရာရုံးများ အားလုံးကိုလည်း ဇွန် လ ၁ ရက်မှ စတင်၍ ပုံမှန်အတိုင်း ရာနှုန်းပြည့် အင်အားဖြင့် ရုံး ပြန်တက်ရန် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟို ကော်မတီက မေလ ၂၈ ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာ န အသီးသီးသို့ ညွှန်ကြားစာ ထုတ်ပြန်ထားသည်။ သို့သော် ယင်း ညွှန်ကြားစာမှာ အချို့သော ဌာနဆိုင်ရာများအတွက် သိပ် တော့ အဓိပ္ပါယ်မရှိသကဲ့သို့ ဖြစ်နေသည်။ COVID-19 ကာလ အတွင်း ဌာနဆိုင်ရာ ဝန်ထမ်းများအား ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းစီဖြင့် ရုံးတက်ရန် ညွှန်ကြားထားခဲ့သော်လည်း နဂို မူ လကတည်းက ဝန်ထမ်းအင်အား နည်းပါးပြီး လုပ်ငန်းများပြား သည့် ဌာနများအဖို့ ဝန်ထမ်းများကို အနားပေးဖို့ နေနေသာသာ ရှိသည့် ဝန်ထမ်းအင်အားပင် မလုံလောက်သည့် အတွက် ရှိသ မျှ လူကုန် ရုံးတက် အလုပ်လုပ်ခဲ့ရသည် ဖြစ်ရာ ယခု ညွှန်ကြား ချက်မှာ ဝင်စာဖိုင်တွင် တွဲထားရုံအပြင် အခြား အကျိုးထူး မရှိခဲ့ ချေ။
.
အလားတူ အခြေခံပညာ ကျောင်းများကိုလည်း ဇူလိုင်လ တတိယပတ်မှ စတင်၍ အတန်းအလိုက် ဖွင့်လှစ် သွားမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထား သည်။ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အခြေ ခံပညာ အထက်တန်းအဆင့်ကို ဇူလိုင်လ ၂၁ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျန်အဆင့်များကို ရက်သတ္တပတ် ၂ ပတ်ခြားစီ ဆက်တိုက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရပါ သည်။
.


.
ယင်းကဲ့သို့ အခြေခံပညာ ကျောင်းများ ပြန်လည် ဖွင့်လှစ် မည့် ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နေ ကျောင်းသားမိဘ တစ်ဦးက “လက်ရှိ အနေအထားက နည်းနည်းတော့ အန္တရာယ် များတယ်။ အခုနောက်ပိုင်းက ပိုးတွေ့လူနာတွေက တိုးလာနေ တယ်။ ဘယ်နေရာမှာ ဘယ်လောက်ထပ် တိုးမယ်ဆိုတာ မ သိနိုင်ဘူး။ ကျောင်း ဖွင့်တာ၊ မဖွင့်တာထက် ရောဂါကို ဘယ် လောက် ထိန်းချုပ်နိုင်ပြီဆိုတာကို ပြန်ပြီးတော့ သုံးသပ်သင့်ပါ တယ်။ အမှန်အတိုင်း ပြောရရင်တော့ ဒီလို အခြေအနေမှာ ကျွန် တော့်ကလေးကို ကျောင်းပို့ဖို့ဆိုတာ သိပ်တော့ မရဲသေးပါဘူး” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.

“အခု လက်ရှိ ဒေသတွင်းမှာ တစ်ဦးကနေ တစ်ဦး ကူးစက် မှု မရှိဘူး ။ နောက်တစ်ခုက ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းက လည်း တော်တော်များများ ဆောင်ရွက်နိုင်တယ် ဆိုတော့ COVID -19 နဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေက အတိုင်းအ တာ တစ်ခုထိ သက်ရောက်တယ်။ လေဆိပ် ၅ ခုနဲ့ နယ်စပ်ဝင်/ ထွက် ဂိတ်တွေပဲ လုပ်တော့မှာ။ အကုန်လုံးနီးပါး သိမ်းလိုက် တော့ မှာပေါ့။ လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေပဲ ကျန်တော့ မှာပါ။” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက် တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် စာသင်ကျောင်းများကို အချိန်ပိုင်းဖြင့် တစ်ခန်း လျှင် ကျောင်းသား ၂၀ ဦးသာ သင်ကြားပေးမည်ဟု ဆိုသော် လည်း အမှန်တကယ် မြေပြင်တွင် စာသင်ခန်း အရေအတွက် မလုံလောက်မှုနှင့် သင်ကြားမည့် ဆရာ/ ဆရာမ လိုအပ်ချက်များ ကြောင့် အခက်အခဲ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေသည်ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
လက်ရှိတွင် မြို့ပေါ်ရှိ အခြေခံပညာ စာသင်ကျောင်းများ၌ အတန်းအလိုက် စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသား/သူဦး ရေ ၅၀ ဝန်းကျင်ခန့် ပျှမ်းမျှနှုန်းဖြင့် သင်ကြားပေးနေခြင်းဖြစ်ပြီး မြို့ပြနှင့် ဝေးကွာသော ကျေးလက်ဒေသ စာသင်ကျောင်း အချို့ တွင် ယင်း အရေအတွက်ထက် ပိုကာ အတန်း မတူသူများကို ပင် စာသင်ခန်းတစ်ခန်းအတွင်း အတူ ထည့်သွင်းကာ သင် ကြား ပေးနေရမှုများ ရှိနေသည်ဟု သိရသည်။
.
ပြည်တွင်းစစ်နှင့် စစ်အာဏာရှင် စနစ်ဆိုး၏ နှိပ်စက်မှု ကြောင့် အဘက်ဘက်မှ နောက်ကျကျန်ရစ်နေခဲ့သော မြန်မာ နိုင်ငံအဖို့ ယင်းကဲ့သို့သော ကျန်းမာရေးဆိုင်ရာ ကန့်သတ်တား မြစ်ချက်များကို အတိအကျ လိုက်နာနိုင်ရန် အခက်အခဲများ စွာ ရှိနေမည်သာ ဖြစ်သည်။ စာသင်ခန်း လိုအပ်ချက်၊ ဆရာ/ ဆရာမ လိုအပ်ချက် အစရှိသဖြင့် လိုအပ်ချက်က များစွာ ရှိနေ ဆဲ ဖြစ်သည်။
.
တစ်ဖန် အခြား ကမ္ဘာ့နိုင်ငံများကို မျှော်ကြည့်ပါက မြန်မာ နိုင်ငံထက် အဆပေါင်းများစွာ တိုးတက်ဖွံ့ဖြိုးပြီး နည်းပညာထိပ် တန်း ရောက်နေသည့် ကမ္ဘာ့နိုင်ငံ တစ်ခုဖြစ်သော တောင်ကိုရီး ယားတွင်ပင် စာသင်ကျောင်းများ ဖွင့်လှစ်ခွင့် ပြုခဲ့ပြီးနောက် COVID -19 ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေအရ ပြန် ပိတ်ခဲ့ရသည်။ အချို့သော ကမ္ဘာ့နိုင်ငံများတွင် စာသင်ကျောင်း များကို စမ်းသပ် ဖွင့်လှစ်နေကြသလို အချို့ကလည်း အခြေအ နေအရ ပြန်လည် ပိတ်ပင်ခဲ့ရမှုများ ရှိနေသည်။
.
မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ကျောင်းသား/သူများ၊ ကလေး သူငယ်များ၏ ပညာ သင်ယူမှု အခွင့်အလမ်းအတွက် ဂုဏ်ယူဝမ်းမြောက်ရမည် ဖြစ်သလို အခြားတစ်ဘက်တွင်လည်း မြန်မာအနေဖြင့် COVID- 19 ကို အမှန်တကယ် နိုင်နင်း၍ ကျောင်းများပြန်ဖွင့်ခြင်းလော ဟု မေးခွန်းထုတ်ဖွယ်ရာ ရှိလာနေသည်။
.
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကလည်း စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်း အကြံပြုချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
.
“တကယ်တမ်းကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနကနေ COVID-19 ရောဂါ ကူးစက်မှု မရှိတော့ဘူးလို့ မကြေ ညာမချင်းကတော့ ဒီရောဂါက စိတ်ပူရမယ့် အခြေအနေပါပဲ။ လူတွေအနေနဲ့ အိမ်ထဲမှာ ဆက်နေပေးဖို့ လိုပါတယ်” ဟု ရှမ်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ကလည်း ပြောဆိုထားသည်။
.
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူး စက်မှု မရှိတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခြင်း မပြုနိုင်သေးသလို အခြားသော ကမ္ဘာ့နိုင်ငံများတွင်လည်း ယင်း အခြေအနေကို မရောက်ရှိသေး ချေ။ စိတ်ချရသည့် အခြေအနေတစ်ရပ်သို့ မရောက်ရှိသေးသည့် သဘောပင် ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် နေ့စဉ် ဆိုသလို COVID-19 ပိုးတွေ့လူနာ များက တိုးပွားနေဆဲ ဖြစ်သည်။ အခြား တစ်ဘက်တွင်လည်း ပြည်ပနိုင်ငံများမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်လည် ဝင်ရောက် လာသူ ပြည်တော်ပြန်များက နေ့စဉ် ဝင်ရောက် နေဆဲဖြစ်သည်။ မဖြစ်လျှင် ဘာမှမဖြစ် ဆိုသကဲ့သို့ စာသင်ကျောင်းများပြန်လည် ဖွင့်လှစ်ပြီးနောက် ယင်းစာသင်ကျောင်းများမှ COVID-19 ရော ဂါပိုး ကူးစက်မှု ရှိလာခဲ့ပါက လွန်စွာ စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နေသည်။
.
ပြီးခဲ့သည့် မတ်လ ၂၃ ရက်က မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး အတည်ပြု ဖြစ်ပွားသူ ၂ ဦး စတင် တွေ့ရှိ ခဲ့သဖြင့် ယင်းအချိန်က စတင် ဖြေဆိုနေသည့် တက္ကသိုလ်အသီးသီး၏ စာမေးပွဲများကို တစ်ဘာသာ၊ နှစ်ဘာသာ ခန့်သာ ဖြေဆိုရန် ကျန်ရှိချိန်တွင် ရပ်ဆိုင်းခဲ့သည်ကို အားလုံးအသိပင်ဖြစ်သည်။ လက်ရှိ ရောဂါအတည်ပြုဖြစ်ပွားသူ ၂၀၀ ကျော် ရှိလာနေသလို ထပ်မံ ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည့် အခြေအနေများလည်း ရှိ နေချိန်တွင် ယခုကဲ့သို့ စာသင်ကျောင်းများကို အလောတကြီး ဖွင့်ရန် စီစဉ်ခြင်းမှာ ပြည်သူလူထုအတွက် စိုးရိမ်သောက ပွား စေခြင်းလည်း ဖြစ်သည်။
.
လက်ရှိကာလတွင် COVID-19 ကပ်ရောဂါ ဂယက်ကြောင့် အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံများတွင် အလုပ် သွားရောက် လုပ်ကိုင်နေသူ မြန်မာရွှေ့ပြောင်း လုပ်သားအများအပြား ပြည် တွင်းသို့ ပြန်လည် ဝင်ရောက် လာနေကြောင်း သတင်းများတွင် တွေ့မြင်နေရသလို အခြား တရားမဝင် ခိုးဝင်လာသူများလည်း ရှိလာနိုင်နေသည်။ ယင်းသို့သော အခြေ အနေတွင် ကိုယ်က ကျူး ကိုယ့်ဒူးတောင် မယုံရ ဆိုသကဲ့သို့ မည်သူတွင် ရောဂါပိုး ပါရှိလာမည်ကို မသိနိုင်ချေ။
.
ယင်းကဲ့သို့ တရားဝင် ပြန်လည် ဝင်ရောက်လာသူများကို မြို့နယ်အလိုက် အခြေခံပညာကျောင်းများတွင် Quarantine ထားရှိထားခဲ့ရာ လတ်တလောတွင် စောင့်ကြည့်သူ မရှိတော့ သော်လည်း ရောဂါပိုးက ယင်း အဆောက်အဦ၊ ခန်းမများတွင် ကျန်ရှိနေနိုင်မည်လောကို မသိနိုင်ပါ။
.
တရားဝင် ပြန်လည် ဝင်ရောက်လာသူများကို မြို့နယ်အလိုက် အခြေခံပညာကျောင်းများတွင် Quarantine ထားရှိထားခဲ့ရာ လတ်တလောတွင် စောင့်ကြည့်သူ မရှိတော့ သော်လည်း ရောဂါပိုးက ယင်း အဆောက်အဦ၊ ခန်းမများတွင် ကျန်ရှိနေနိုင်မည်လောကို မသိနိုင်ပါ။
.
COVID-19 စတင်တွေ့ရှိသည့် မတ်လ နှောင်းပိုင်းမှ စတင် ၍ တစ်နိုင်ငံလုံးတွင် တိတ်ဆိတ် ငြိမ်သက်ခဲ့ကြသော်လည်း ငါ့ ဝမ်းပူဆာ မနေသာ ဆိုသကဲ့သို့ ဧပြီလနှောင်းပိုင်း၊ မဟာသင်္ကြန် ကာလအပြီးမှ စတင်၍ မြို့ရွာများ ပြန်လည် စည်ကား လာခဲ့ကြ သည်။ လုပ်ငန်း ဆောင်တာများ ပုံမှန်အတိုင်း ပြန်လည် ဆောင် ရွက် လာကြသည်။ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး၌ ရောဂါ အတည်ပြုဖြစ်ပွားသူ ၂၀၀ ကျော် ရှိလာနေသော်လည်း မြို့ရွာ များ စည်ကားမြဲ၊ စည်ကားဆဲသာ ဖြစ်လာသည်။
.
ဘာမှ မဖြစ်လျှင် ဘာမှမဖြစ် ဆိုသကဲ့သို့ မဖြစ်လျှင်တော့ အကောင်းဆုံး ဟုသာ ဆိုချင်ပါသည်။ မိုးမပြိုပါဘူး ပြိုခဲ့သည် ရှိသော် ဆိုသကဲ့သို့ ဘယ်ကလာလို့ ဘယ်လို ကူးမည်ဆိုတာ ကြို မသိနိုင်သည့် COVID-19 အတွက် မိမိတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအဖို့ မပေါ့မလျော့သော သတိဖြင့် အစဉ်သတိကပ် ကာကာကွယ် နေရမည်သာ ဖြစ်ပါသည်။
.
COVID-19 ရောဂါသည် ရေရှည် ဖြေရှင်းဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်ကြောင်း ကမ္ဘာ့ကျန်း မာရေး အဖွဲ့အစည်း (WHO) က ကြေညာထားခဲ့သလို ကမ္ဘာ့နိုင် ငံ အသီးသီးတွင် ယင်းရောဂါနှင့် ပတ်သက်၍ ကာကွယ် ကုသ နိုင်သည့် ဆေးတစ်ရပ် ပေါ်ပေါက်ခြင်း မရှိသေးချေ။ ကမ္ဘာ့ နိုင်ငံအသီးသီးမှ တာဝန်ရှိသူအားလုံး၏ တစ်ခုတည်းသော ရေ လဲသုံးစကားမှာ “Stay Home” သာဖြစ်သည်။
.
မြန်မာနိုင်ငံအဖို့ COVID-19 ကို အမှန်တကယ် နိုင်နင်း၍ လော၊ ငါ့ဝမ်းပူဆာ မနေသာ၍ ဖားအော်သလော၊ သို့ တည်းမ ဟုတ် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်များတွက် တင်း ကျပ်မှု အချို့ကို ဖြေလျှော့ပေးခဲ့လေသလား ဟုသာ မေးခွန်း ထုတ်ချင်မိပါတော့သည်။  

Journal Download

Photo of three cats