နယ်စပ်ဒေသ မိုင်းယုက မိုင်းလွေ ရေတံခွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နယ်စပ်ဒေသ မိုင်းယုက မိုင်းလွေ ရေတံခွန်

ကိုကိုနိုင်(မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်း ယုမြို့သည် ယခင်က အထင်ကရ လူသိများခဲ့သည့် ရွှေဂဏန်း(ခ)ထပ်ပူခမ်း စေတီတော်နှင့် နယ်စပ်ဒေသ သွင်းကုန် ပို့ကုန်များတင် ပို့ရာတွင် အဓိကကျသည့် မိုင်းယု-ကျိန်းယဲန်းတံတားနှင့် ထင်ရှား သည့် နမ့်လွေချောင်းတို့ကိုသာ မိုင်းယုမြို့ခံပြည်သူနှင့် အနယ် နယ် အရပ်ရပ်က ဧည့်သည်များက သိနေကြသော်လည်း ယခု ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း တစ်မူထူးခြား အသစ်ထပ်မံ လူသိလာ ကြသည့် မိုင်းယုမြို့ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ၏ အနောက်ဘက်မှ တစ်ဆင့် တောအနက် (၅)မိုင်ခန့်အကွာတွင် တည်ရှိပြီး သဘာဝ တော အလှတရားများနှင့် ကျောက်ကမ်း ပါးယံများကြားတွင် စိတ်ခြောက်ချားစရာ အသံတို့နှင့် အတူ ကောင်းကင်ယံမှ တဟုန်ထိုး ထိုးဆင်းနေသည့်အလား လူသိ နည်း ပါးနေသေးသည့် မိုင်းလွေ ရေတံခွန်ကြီးသာ ဖြစ်ပေသည်။
.
စာရေးသူ၏ အတွေ့အကြုံကို ပြောပြရလျှင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် နေထိုင်သည်မှာ ၁၉ နှစ်တာ ကျော်လာခဲ့သော် လည်း အဆိုပါ မိုင်းယု ဒေသ၏ အထင်ကရများ ဖြစ်သည့် ရွှေဂ ဏန်း(ခ) ထပ်ပူခမ်း စေတီတော်၊ မိုင်းယု-ကျိန်းယဲန်း တံတားနှင့် နမ့်လွေချောင်းတို့ကိုသာ သိခဲ့ရပြီး ယင်း မိုင်းလွေ ရေတံခွန်ကို ကြားသိ နေသော်လည်း မည်သည့် အရပ်တွင် ရှိနေသည်။ မည် သည့် ပုံစံ ရှိသည်၊ မည်မျှ သွားရမည်၊ ရေတံခွန်ကြီးသည် မည်မျှ မြင့်မားပြီး ကြီးမားသလား သေးငယ်သလား စသည့် အတွေးများ ဝင်ကာ သွားရောက် စူးစမ်းလေ့လာ ချင်ခဲ့မိသော်လည်း အခြေအ နေအကြောင်း အမျိုးမျိုးကြောင့် မသွားနိုင်ခဲ့ပေ။ ယခုအခါ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း မိုင်းယုဒေသခံ ပြည်သူအချို့ အပြောများလာ ပြီး သွားရောက် လည်ပတ်သူများ တစ်စတစ်စ အနည်းငယ် ရှိ လာ၍ အဆိုပါ ရေတံခွန် မည်သည့်ပုံစံ ရှိနေပြီး သမိုင်းရာဇဝင် ရှိခဲ့ လျှင် လည်း သိရှိရန် မေးမြန်းမည်ဟု အတွေးများနှင့် ရေတံခွန် ကြီး ရှိရာသို့ သူငယ်ချင်းများနှင့် အဖွဲ့လိုက် ဆိုင်ကယ်ကိုယ်စီ၊ ထ မင်းထုပ် ကိုယ်စီနှင့် စာရေးသူမှာ ကင်မရာအိတ်ကို လွယ်လျက် အားလပ်သည့် ရက်ကို ရွေးကာ ရေတံခွန်ကြီးရှိရာ အရပ်သို့ စ တင် ခရီး နှင်လာခဲ့ပါတော့သည်။
.
အဆိုပါ ရေတံခွန်ကြီးဆီသို့  စတင်ကာ တောအတွင်း ဝင်သွား ရန် မိုင်းလွေကျေးရွာသို့ အဖွဲ့လိုက် စတင် ရောက်ခဲ့ချိန်မှာတော့ ယင်းကျေးရွာရှိ  ကျောင်းဆရာတစ်ဦးအိမ်တွင် အဖွဲ့များ ပြန်စုပြီး ဆက်လက် ထွက်ခွာမည်အပြုမှာတော့  ရေတံခွန်ကြီးသို့ သွားမည့် လမ်းကို အဖွဲ့ထဲမှ မည်သူတစ်ဦး တစ်ယောက်မျှ မသိကြပေ။ ဒီလို နဲ့ ကျောင်းဆရာ၏ ဇနီးမှ ရေတံခွန်သို့ သွားရာလမ်း အစကိုလိုက် ပြပေး၍ စာရေးသူတို့အဖွဲ့မှာ ရေတံခွန်ကြီး ရှိရာလမ်းကို ဆိုင် ကယ်များနှင့် ထွက်လာပါတော့သည်။ မိုင်းလွေ ကျေးရွာ၏ အ နောက်ဘက်ဘေး မြေသား လမ်းမအတိုင်း စတင် ထွက်ခွာလာ ခဲ့ရာ မိနစ် ၂၀ ခန့်အချိန်တွင် ဆိုင်ကယ်များ သွား လာ၍ မရတော့သဖြင့် အဖွဲ့သားအားလုံး ဆင်းကာ မိမိတို့ ဆိုင် ကယ်များ ကိုယ်စီ ဇက်‌သော့ ခတ်ပြီး ခြေလျင်ခရီး စတင် ပါတော့သည်။
.


.
ခြေလျင် ခရီးတွင် သူသူငါငါ ထမင်းထုပ်၊ အဝတ်အထည် အ ပိုများ ကိုင်ဆွဲလျက် မိသားစု ကလေးများ ပိုးလျက် ကျဉ်းမြှောင်း သည့် မြေမာ တစ်လှည့်၊ ရွံ့မြေတစ်လှည့်၊ ကျောက်တုံး ကျောက်ခဲ များ တစ်လှည့် ဖြစ်နေပြီး ဓားဖြင့် အနည်းငယ်သာရှင်းထားသည့် ချောင်းရိုး လမ်းကလေးအတိုင်း ကလေးငယ်များ သူချီတစ်လှည့်၊ ကိုယ်ချီ တစ်လှည့်နှင့် အတူ နားရင်း ဆက်လျှောက် လာခဲ့ကြရာ အ ချိန်တစ်နာရီခွဲခန့်အကြာ(လမ်း တစ်ဝက်)တွင် အဖွဲ့သားများ၏ ဝမ်းဗိုက်က ပင်ပန်းလာ၍ စတင် အော်မြည် လာတော့သည်။ အဖွဲ့ သားများ အားလုံးလည်း ဗိုက်ဆာလာပြီ ဖြစ်၍ ပါလာကြသည့် ထမင်းထုပ်နှင့် သောက်ရေဘူးများကို မိုင်းလွေ ရေတံခွန်မှ စီး ဆင်းလာခဲ့သည့် ချောင်းအလယ် ကျောက်တုံးများပေါ်တွင် ခင်း ကျင်း စားသောက် ပါတော့သည်။ စားသောက်ပြီး အချို့သူများမှာ ရေတံခွန်အရောက် ဆက်မလျှောက်နိုင်ကြောင်းနှင့် လမ်းတစ် ဝက်ခန့်တွင် တည်ရှိနေသည်။ ရေတံခွန် ငယ်လေးများတွင်သာ အပန်းဖြေရေကစား ပြန်ကြမည်ဟု ဆိုခဲ့သော်လည်း စာရေးသူ မှာ ရေတံခွန်ကြီးကို မှတ်တမ်း ရယူလိုသည့် စိတ်၊ လူအများ အ ပန်း ဖြေသွားရောက် လည်ပတ်နိုင်သည့် မိုင်းယုမြို့၏အထင်ကရ နေရာသစ် တစ်ခု ထပ်မံ ပေါ်ပေါက်လာစေရန်အတွက် စသည့် အ တွေးများဖြင့်  အဖွဲ့များကို နားနေခိုင်းကာ စာရေးသူနှင့် အဖွဲ့ပါ  နောက် တစ်ဦးနှင့် အတူ ရေတံခွန်ကြီး ရှိရာသို့ ရှေ့ပြေးအဖြစ်  ချောင်းရိုးအတိုင်း ဆက်သွား၍ ရှာဖွေခဲ့ရာ နာရီဝက်ခန့် အကြာ တွင် မြင့်မားပြီး အရှိန်ဖြင့် တစ်ဟုန်ထိုး ထိုးဆင်းနေသည့် ကျောက်ဆောင်များ အကြားမှ မိုင်းလွေရေတံခွန်ကို တွေ့ ရလေ တော့သည်။
.

စာရေးသူမှာ ရောက်ချင်ခဲ့သည့် မိုင်းလွေ ရေတံခွန်ကြီးကို တွေ့ကာ အမောအပန်းများ ပြေပျောက်လျက် လမ်းတစ်ဝက် ကျော်တွင် ကျန်ခဲ့ကြသည့် အဖွဲ့သားများကို ပြန်လှည့်ခေါ်ကာ အ ဖွဲ့ အစုံလိုက် ကျောက်ဆောင်ကျောက်တုံးနှင့် တောင်စောင်းဘေး တို့မှ ခက်ခဲစွာ သွားလျက် ပင်မရေတံခွန်ကြီးရှိရာသို့ ရောက်လာ လေတော့သည်။
.
ယင်း ရေတံခွန်ကြီးရှိရာသို့ သွားလျှင် မိုင်းလွေကျေးရွာမှ စ တင် ထွက်ခွာမည်ဆိုပါက လူသူ သွားလာမှု နည်းပါးသေးသည့် အ တွက် လမ်းခရီးမှာ  ကျောက်တုံးကျောက်ခဲများ၊ တောင်ကမ်းပါးယံ လမ်းဘေးများနှင့် လမ်းဟု ထင်ရလောက်သည့် အနည်းငယ်သာ ရှင်းထားသည့် တောလမ်းများအတိုင်း သွားရပြီး စာရေးသူတို့ အ ဖွဲ့မှာ မိသားစုများပါနေ၍ သွားလာမှုကြာမြင့်ချိန်သည် ၂ နာရီ ခွဲခန့်အထိ သွားရမည်ဖြစ်ပြီး ရေတံခွန်ကြီးမှာ စိတ်ခြောက်ချား စရာအသံတို့နှင့်အတူ အေးမြ ကြည်လင်ပြီး လေအေးအေးလေး တိုက်ခတ်ခြင်းနှင့်အတူ ရေမှုန်များ ဖျားထွက်ကာ တဟုန်ထိုး ထိုးဆင်းနေသည့် မိုင်းလွေ ရေတံခွန်ကြီးကို လက်ဝဲဖက် အခြမ်း တွင် ရုတ်တရက် တွေ့ မြင်ရပေမည်။ ပင်မ ရေတံခွန်ကြီးသည် ကျောက်ဆောင်များ ပတ်လည် ဝန်းရံထားပြီး ခန့်မှန်း အမြင့်မှာ ပေ ၁၅၀ ခန့် ရှိလောက်သည်။ ရေတံခွန်ကြီး၏ မူလ ရေထွက်ရာ ရေစို့ဝသည် မည်မျှခန့် ထပ်ဝေးမည်ကို မခန့်မှန်းတတ်ပေ။ ကျောက်ဆောင် ကျောက်ကမ်းပါး ဇောင်းများဖြစ်နေ၍ စာရေး သူမှာ ရေစို့ဝအထိ မလေ့လာနိုင်ခဲ့ဘဲ ပင်မ ရေကျရာ ရေတံခွန်ကြီး ထိသာ ရောက်ခဲ့ရသည်။ ရေတံခွန်ကြီး၏ ဘေးပတ်ဝန်းကျင်နှင့် ပထဝီ အနေအထားကို စူးစမ်းလေ့လာ သေးချင်သော်လည်းနယ် မြေအခြေအနေရ နယ်စပ်ဒေသဖြစ်နေ၍လျှောက်သွား ကြည့်၍ မဖြစ်နိုင်ပေ။
.
ရေတံခွန်ကြီးမှာ နှစ်ပေါင်း မည်မျှကပင် တည်ရှိနေသည် မသိ ရသေးသော်လည်း ရေတံခွန် သွားရာလမ်းတို့မှ သစ်ပင်ကြီးများ၊ ကျောက်ဆောင် ကျောက်ခဲများ ပေါများလှ၍ သွားလာမှု အလွန် ခက်ခဲလှပေသည်။ အဆိုပါ ရေတံခွန်ကြီးကို နယ်စပ်ဒေသ မိုင်းယု မြို့လေး၏ ခရီးသွား ပြည်သူများ၊ နိုင်ငံခြား ဧည့်သည်တော်များ၊ ရပ်ဝေးရပ်နီးနှင့် ဒေသခံများက စိတ်ထွက်ပေါက် တစ်ခု အနေဖြင့် အထင်ကရ အပန်းဖြေနေရာ တစ်ခုဖြစ်လာစေရန်နှင့် အဆိုပါ ရေ တံခွန်ကြီးနှင့် သွားရာလမ်းများ၊ ပတ်ဝန်းကျင် အခြေအနေများ ကို သဘာဝအလှတရား မပြတ် ပြုပြင် တည်ဆောက်၍ ထိန်း သိမ်း မည်ဆိုလျှင် မိုင်းယုမြို့လေးမှာ သေးငယ်သော်လည်း အဆို ပါ သဘာဝ အလှတရားနှင့် ပြည့်စုံနေသည့် ရေတံခွန်ကြီး အလှ ကြောင့် ထင်ရှားသည့် မြို့လေးတစ်မြို့ ဖြစ်လာလိမ့်မည်ဟု စာ ရေးသူမှာ တွေးမိလေသည်။
.
မိုင်းလွေ ရေတံခွန်သည် ရှေးမည်သည့် အချိန်ကပင် တည်ရှိ နေသည် မသိရသေးသော်လည်း လူအများ ကြားသိနေရုံကလွဲ၍ သွားလာ လည်ပတ်ခြင်း မရှိခဲ့ပေ။ ယခုအခါ ဒေသခံအချို့က ပို၍ ပြောလာကြပြီး သွားလာမှု တစ်ဦးစ နှစ်ဦးစ ရှိလာသော်လည်း ပင်မ ရေတံခွန် ရှိရာသို့ မသွားလာနိုင်ခဲ့ကြပေ။ အဘယ်ကြောင့် ဆိုသော် ပင်မ ရေတံခွန်ရှိရာသို့ အရောက်သွားမည်ဆိုလျှင် လမ်း ခရီးများ ခက်ခဲကြမ်းတမ်းခြင်း၊ ကလေးငယ်များ ပါလျှင်ရောက် နိုင်သော်လည်း အချိန်ကြာ လူပန်းမှုကို ပိုခံစားရမည်။ စာရေးသူ မှာ မှတ်တမ်းတင်ချင်သော စိတ်၊ ရေတံခွန်ကြီး မည်သည့်ပုံ ရှိ သည်။ မည်သို့ သွားရသည် စသည်တို့ကို လေ့လာပြီး အများပြည် သူကို ဖော်ပြချင်သည့် စိတ်များကြောင့် မိသားစုအလိုက်၊ အဖွဲ့ လိုက် အပင်ပန်းခံကာ ရောက်အောင် သွားခဲ့သည်။ သို့သော်နယ် မြေအခြေ အနေများကြောင့် ရေတံခွန်ကြီး၏ ဘေး ပတ်ဝန်းကျင် အနေအထား၊ သမိုင်းရာဇဝင် ရှိခဲ့လျှင် သော်လည်းကောင်း မသိ လာခဲ့ရပေ။
.
ယင်း မိုင်းလွေ ရေတံခွန်ကြီး၏ ပထဝီ အနေအထား၊ သမိုင်း ရာဇဝင်၊ အတိုင်းအတာများကို စာရေးသူ မသိရသေးသဖြင့် နောက်ထပ်တစ်ကြိမ် သွားနိုင်ခဲ့လျှင် ပြည့်စုံစွာ ထပ်ရေးသား တင် ပြ ပေးသွားပါမည်။ အဆိုပါ ရေတံခွန်ကြီးအကြောင်း  စာရေး သူ ပထမဆုံးအကြိမ် သွားရောက် မှတ်တမ်းယူခဲ့ရသည့် အတွေ့  အကြုံနှင့် ရေတံခွန်ကြီးအား သွားရာလမ်းများ၊ ပတ်ဝန်းကျင်အ ခြေအနေများကို သဘာဝ အလှတရား မပြတ် ပြုပြင်တည် ဆောက်၍ ထိန်းသိမ်းသွားမည်ဆိုလျှင် မိုင်းယုမြို့လေးမှာ သေး ငယ်သော်လည်း အဆိုပါ သဘာဝအလှတရားနှင့် ပြည့်စုံနေသည့် ရေတံခွန်ကြီးအလှကြောင့် ထင်ရှားသည့် မြို့လေးတစ်မြို့ ဖြစ် လာလိမ့်မည်ဟု စာရေးသူ အတွေးအမြင်အား မှတ်တမ်းတင်ရေး သား လိုက်ရပါသည်။

Journal Download

Photo of three cats