ကလောတွင် အမျိုးသား တစ်ဦး ကြွက်သတ်ဆေး သောက်ပြီး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောတွင် အမျိုးသား တစ်ဦး ကြွက်သတ်ဆေး သောက်ပြီး သေဆုံး

စုလှိုင်
.
ရှမ်းပြည်နယ်၊ ကလောမြို့၊ အမှတ်(၇) ရပ်ကွက်တွင် ဇွန်လ ၁၄ ရက်က အမျိုးသား တစ်ဦး ကြွက်သတ်ဆေး သောက်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ 
.

​သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ် ကိုသက်နိုင်​ထွေး ဆိုသူ ဖြစ်ကာ ၄င်း၏ အစ်မဖြစ်သူမှ ထမင်းစားရန် ခေါ် ဆိုရာ အသံ မကြား၍ သွား​ရောက် ကြည့်ရှုစဥ် နေအိမ် အိပ်ခန်းတွင်း၌ Zinc Phosphide စာတန်းပါအစိမ်းရောင်အထုပ် အမဲရောင် အမှုန့် (ကြွက်သတ်​ဆေး) များ သောက်သုံးကာ လဲကျနေကြောင်း တွေ့ရခြင်း ဖြစ်ပြီး ကလောဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေစဥ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
"သေမှုသေခင်း နဲ့ အမှု ဖွင့်ထားပါတယ်။ ”ဟု ​သေဆုံးမှုနှင့် ပတ်သက်၍ ကလောမြို့မ ရဲစခန်းမှ ဒုရဲမှူး လှနိူင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကိုသက်နိုင်ထွေး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ကလောမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဥ် (၁၀/၂၀၂၀ ) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats