.
ဆရာဟူသည် အကြင်နာလက် မေတ္တာဖက်၍ ထွန်ယက် စိုက်ပျိုးပြီး ပန်းမျိုးတစ်ရာ ဖူးပွင့်အောင် ဦးဆောင်ညွှန်ပြပေးနေ သူ ဖြစ်ပါသည်။ မြန်မာတို့၏ လူ့ဘောင်ဘဝတွင် တုနှိုင်းမရ ကျေးဇူးကြီးမားလှသော ဘုရား၊ တရား၊ သံဃာ၊ မိဘနှင့် ဆရာ တို့သည် အမွန်မြတ်ဆုံးသော ငါးဖြာဖြစ်ပါသည်။ မြန်မာမှန်လျှင် ဘုရား၏ ဂုဏ်ကျေးဇူး၊ တရားတော်၏ ဂုဏ်ကျေးဇူး၊ သံဃာ တော်၏ ဂုဏ်ကျေးဇူး၊ မိဘဂုဏ်ကျေးဇူးနှင့် ဆရာသခင်တို့၏ ဂုဏ်ကျေးဇူးကို အထူးပင် အောက်မေ့လှ၏။ လူ့ဘဝတွက်လက် ဦးဆရာသည် မိနှင့် ဖတို့ ဖြစ်ပါ၏။ ဒုတိယ ဆရာမှာ ကျောင်း တွင် စာပေပညာ သင်ပြပေးသော ဆရာများ ဖြစ်ပါသည်။ ဆရာ တို့သည် စေတနာ၊ ဝါသနာ၊ အနစ်နာခံလျက် တပည့်တို့ ပညာ ရအောင်၊ တတ်သိလိမ္မာအောင် သွန်သင်ပြသ လမ်းညွှန်ပေးကြ ပါသည်။ လူတိုင်းလူတိုင်း မိမိတို့ ကျောင်းနေဘဝတွင် သင်ဆ ရာ၊ မြင်ဆရာများ များစွာရှိကြသော်လည်း သင်ဆရာ၊ မြင်ဆရာ များစွာ ရှိကြသည့်အထဲမှာ ၁၀ တန်း ကျောင်းသားဘဝတုန်းက စာပေပညာ သင်ကြားပေးခဲ့သော ဆရာ ဦးထိန်လင်းအကြောင်း ကို ဤအမှတ်တရ ဆရာ့ကျေးဇူးဆောင်းပါးတွင် ရေးသားဂုဏ် ပြုပါမည်။
.
ဆရာသည် အရပ်အနည်းငယ်ရှည်ပြီး ပိန်ပိန်ပါးပါး အဝတ် အစား ဝတ်သည့်အခါ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တတ်ပါ သည်။ အသက် ၄၀ ကျော်နေပြီ ဖြစ်သော်လည်း လူငယ်လူရွယ် ကို သွက်လက်ဖျတ်လတ်ဆဲ ဖြစ်ပါသည်။ ရိုးဖြောင့်တည်ကြည် သည်။ အလုပ်နှင့် ပတ်သက်လာလျှင်လည်း ပြတ်သားသည်။ နာယကဂုဏ်ခြောက်ပါးနှင့် ညီညွတ်သည်။ အပြစ်မြင်သည့်အ ခါတွင်လည်း ဝမ်းတွင် မသိုဟုတ်တိုင်းဆိုတတ်သည်။ မသိသည် မတတ်သည်ကိုလည်း သင်ပြပေးသည်။ ယနေ့ထိ ဆရာ့ဆုံးမ စကား၊ ပြောစကားတို့ကို နားဝယ်ကြားယောင်နေဆဲ ဖြစ်ပါ သည်။ အများအကျိုးအတွက် ဆောင်ရွက်ရသော ပရဟိတလုပ် ငန်းများကိုလည်း စိတ်ဝင်စားသူ၊ လူမျိုးရေး နိုင်ငံရေး အလွန် တက်ကြွစွာ ပါဝင်လှုပ်ရှားသူ တစ်ယောက်လည်း ဖြစ်ပါသည်။ မှတ်မှတ်ရရ ကျွန်တော် ဆယ်တန်းကျောင်းသားဘဝတွင် ပထ မဦးဆုံး ဆရာနှင့် ဆုံတွေ့ခဲ့ရသည်။ ဆရာသည် ယခင်က အစိုး ရကျောင်းတွင် မြေဖြူကိုင်သည့် ကျောင်းဆရာ လုပ်ခဲ့ပြီး တာ ဝန်ကျသည့် အရပ်ဒေသတွင် ကျောင်းသား/သူ လူငယ်လူရွယ် များ လမ်းမှန်နေရာမှန် ရောက်အောင်လည်း လမ်းညွှန်သွန်သင် ဆုံးမပေးခဲ့ပါသည်။ ဆရာသည် အခြေအနေ တစ်စုံတစ်ရာ ကြောင့် အစိုးရကျောင်းဆရာ ဘဝမှ အနားယူကာ ဘော်ဒါ ဆောင်ဖွင့်ပြီး အဆောင်ဆရာအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ဆရာ သည် ကျောင်းဆရာဘဝမှ အနားယူပြီး အခက်အခဲများစွာကို ကျော်ဖြတ်ကာ ရိုးသားစွာ ကြိုးစားခဲ့သောကြောင့် အောင်မြင်မှု အသီးအပွင့်များကို တဖြည်းဖြည်း ခံစားလာရသည်။ ဆရာ၏အ ဆောင်သည် ကျွန်တော်တို့ ရပ်ကွက်ထဲတွင် တည်ရှိပါသည်။ ဆရာ၏ အဆောင်နာမည်သည် ရွှေပန်းတိုင် ဘော်ဒါဆောင်ဖြစ် သည်။ ဆရာသည် စာအသင်အပြကောင်းသောကြောင့် ယနေ့ တွင် ရွှေပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်း နာမည်နှင့်အ တူ အနာဂတ်မှာ ဦးဆောင်မည့် သားကောင်းသမီးကောင်း ရတ နာများကို ဆက်လက် မွေးထုတ်ပေးလျက် ရှိပါသည်။ ကျွန်တော် ၉ တန်း ဖြေဆိုပြီး အောင်စာရင်း ထွက်ပြီးအချိန်တွင်ကျွန်တော် ၏ အစ်မမှ ဘော်ဒါဆောင်မှာနေရန် အဆင်မပြေမှု များကြောင့် ဆရာ၏ အဆောင်တွင် ၁၀ တန်း ကျူရှင်တက်ရန် ကျောင်းအပ် ပေးခဲ့သည်။ ကျွန်တော် အဆောင်နားသို့ ကျူရှင်သွားအပ်သော နေ့တွင် ဆရာက "ဒီမယ် ကောင်လေးရေ ငါက အပြင်ရော အ တွင်းရော သင်ပေးတယ်ကွ"လို့ ကျွန်တော်တို့ ရပ်ကွက်မှလူများ သည် ကျွန်တော်၏ နာမည်အရင်းကို မခေါ်ဘဲ ကောင်လေးဟု ခေါ်ကြသည်။ ကျွန်တော်လည်း နားမလည်သောကြောင့် "ဆ ရာ ဘာကိုဆိုလိုတာလဲဗျ"ဟု ပြန်မေးလိုက်ပါသည်။ ဆရာက "ဒီလိုကွ အပြင်ဆိုတာက မင်းတို့ ၁၀ တန်းအောင်လို့ အပြင် လောကကြီးထဲ သွားတဲ့အခါမှာ ဘာတွေ လိုအပ်လဲ၊ ဘာတွေ ပြင်ဆင်ရမလဲပေါ့။ အတွင်း ဆိုတာက မင်းတို့ရဲ့ ကိုယ်တွင်းက အတွင်းစိတ်ကို ပြုပြင်သင်ပြပေးတာကို ဆိုလိုတာ"ဟု ကျွန် တော့်အား ပြန်လည်ရှင်းပြပေးခဲ့ပါသည်။ ဆရာသည် စာသင် သည့်အခါ ဟာသတွေ ရောနှောကာ အသင်အပြကောင်းသော ဆရာကောင်း တစ်ယောက် ဖြစ်သည်။ သူ့နေရာနှင့်သူ ဒေါနှင့် မာန်နှင့် အမျိုးမျိုး ပြောင်းလဲ ပြောဆိုတတ်ပါသည်။ တစ်ခါတရံ ဆရာ၏ တက္ကသိုလ် ကျောင်းသားဘဝအကြောင်း ကျွန်တော် တို့ကို ပြောပြသောအခါ တက္ကသိုလ် တက်ချင်သည့် စိတ်များ တဖွားဖွား ပေါ်ပေါက်လာကြသည်။ ထို စိတ်များကြောင့်လည်း ၁၀ တန်း အောင်ရမည်ဟု မိမိကိုယ်ကို ကြုံးဝါးပြီး ၁၀ တန်း ကျောင်းသား/သူများကို Guide လုပ်ပေးရင်း ဆရာ့အား ကူညီ ခဲ့ပါသည်။ ကျွန်တော် ၁၀ တန်းအောင်စ လေတိုက်တိုင်း လေ နှင်ရာ လွှင့်တတ်သော သစ်ရွက်ကလေးကဲ့သို့ လူငယ်ဘဝလမ်း မှားတတ်သော အရွယ်လည်း ဖြစ်ပါသည်။ ထိုသို့ လူငယ်အရွယ် တွင် ဆရာ့ဆီကို ကျွန်တော် ရောက်ရှိခဲ့ခြင်းသည် ကျွန်တော့် အတွက် တန်ဖိုးမဖြတ်နိုင်သော အမှတ်တရတွေ အလေ့အကျင့် ကောင်းတွေ ရရှိခဲ့ပါသည်။
.
ပထမဦးဆုံး အလေ့အကျင့်ကောင်း တစ်ခုရှိခဲ့ပုံမှာ ဆရာ သည် စာ အသင်အပြ အလွန်ကောင်းသော ဆရာကောင်း တစ် ယောက်ဖြစ်ရခြင်းမှာ စာဖတ် အင်မတန် ဝါသနာပါသောကြောင့် ဖြစ်သည်။ ဆရာနှင့်အတူ နီးနီးကပ်ကပ် ထိတွေ့ခဲ့ရသော ကျွန် တော်လည်း စာဖတ် ဝါသနာပါသည့် အလေ့အကျင့်ကောင်း တစ်ခုရရှိခဲ့ပါသည်။ စာဖတ်ဝါသနာပါအောင် ဆရာပြောခဲ့ပုံက `ကောင်လေး မင်း စာဖတ်ကွ၊ စာဖတ်မှ သူများ မသိတာ သိ မယ်။ သူများထက် ခေါင်းတစ်လုံး ပိုသာတယ်`လို့ ကျွန်တော့် အား ပြောခဲ့ပါသည်။ ဆရာ့အခန်းထဲက စာအုပ်စင် ဗီဒိုထဲရှိ စာ အုပ်တွေယူပြီး ကျွန်တော့်အား စာဖတ်သည့် အလေ့အကျင့်ရ အောင် စာဖတ်စေသည်။ အဆောင်တွင် ၁၀ တန်း Guide လုပ် ရသောကြောင့် ကျောင်းသား/သူများ မသိနားမလည်သည့် သင်ခန်းစာတွေကို ရှင်းပြလိုက်။ အားလပ်ချိန်တွင် ဆရာပေး ထားသည့် စာအုပ်စာပေများ ဖတ်လိုက် စသည်ဖြင့် အလေ့အ ကျင့်ကောင်းတွေ ရရှိခဲ့ပါသည်။ ၁၀ တန်းအောင်စ တက်သစ်စ လူငယ်တွေ ကွမ်းယာဆိုင်မှာ၊ လက်ဘက်ရည်ဆိုင်မှာ၊ လမ်းမ ပေါ်မှာ အလဟသ အချိန်တွေ ကုန်နေမည့်အစား ဆရာက စာ အုပ်စာပေတွေနှင့် ထိတွေ့ပေးခဲ့သောကြောင့် စာဖတ်ဝါသနာ ပါခဲ့ပါသည်။ အဆောင်မှာ လကုန်မုန့်ဖိုးပေးသော ပိုက်ဆံများကို ကျွန်တော်သည် အလဟသမဖြုန်းတီးဘဲ မြို့ထဲ၌ရှိသော စာ အုပ်စာပေဆိုင်မှ စာအုပ်များ ဝယ်ယူခဲ့ပါသည်။ ပထမဦးစွာ ဆ ရာဦးဘုန်း (ဓာတု) စာအုပ်များ၊ ဆရာဦးအောင်သင်း စာအုပ် များကို စတင်ဖတ်ရှုခဲ့ပါသည်။ ဆရာ အစပြု ပျိုးထောင်ပေးခဲ့ သော စာဖတ်သည့် အလေ့အကျင့်များကြောင့် ယခုချိန်တွင် ထိုက်တန်သည့် နေရာကောင်း တစ်ခုကို ရရှိခဲ့ပါပြီ။ ကျွန်တော် သည် ဆရာကောင်း တစ်ယောက်နှင့် မတွေ့ဘဲ လူမိုက်တစ် ယောက်နှင့် တွေ့ဆုံခဲ့ပါက ယခုချိန်တွင် လမ်းပေါ်ကလူ၊ လမ်း မှားလျှောက်လှမ်းပြီး ရည်ရွယ်ချက်၊ မျှော်လင့်ချက်မဲ့သော လူ ငယ်ဘဝကို ပိုင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
.
.
ဒုတိယ အလေ့အကျင့်ကောင်း တစ်ခုက အများအကျိုးအ တွက် ဆောင်ရွက်ရသည့် ပရဟိတစိတ် ရှင်သန်လာအောင် ပြု စုပျိုးထောင်ပေးခြင်း ဖြစ်ပါသည်။ ဆရာက "ကောင်လေးရေ ငါတို့ အဆောင်က ကျောင်းသား/သူ တွေနဲ့ ပုန်းတလုတ်ကန်နား အပတ်စဉ် အမှိုက်ကောက်ရ အောင်ကွာ" ဟု ဆိုပြီး ကျွန်တော့် အား ပြောခဲ့ပါသည်။ ထို့ကြောင့် ဆရာက "ညောင်ညိုရိပ်ချစ် သူ" အမည်ဖြင့် အဆောင်မှာရှိသည့် ကျောင်းသား/သူ များနှင့် အတူ အပတ်စဉ် စုပေါင်းအမှိုက်ကောက်သည့် အလေ့အကျင့် ကောင်းတွေ ကျွန်တော်အပါအဝင် ကျောင်းသား/သူ များလည်း ရရှိခဲ့ကြပါသည်။ ယနေ့အချိန်ထိ ဆရာသည် သူ၏ ကျောင်း သား/သူ များနှင့်အတူ အပတ်စဉ် စုပေါင်းအမှိုက်ကောက်နေ ကြသည်ကို တွေ့ရှိနေရပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း တာဝန်ကျရာ ဒေသများတွင် ကျေးရွာလူထုနှင့် စုပေါင်းအမှိုက် ကောက်သည့် အလေ့အကျင့် ကောင်းတွေကို ဆက်လက်ပြီး ပြန်လည် လက်ဆင့်ကမ်းခဲ့ပါသည်။
.
ကျွန်တော်သည် ဆရာ့ကို ကြည့်ပြီး အားကျအတုယူစရာ ကောင်းသည့် အလေ့အကျင့်ကောင်း တစ်ခုလည်း ရှိပါသေး သည်။ ဆရာသည် စာသင်သည့်အခါ စာအရင်မသင်ဘဲ `စိတ် ထားကောင်းဖို့ ပထမ` ဟူသော ဆောင်ပုဒ်ကို လက်ကိုင်စွဲကာ စိတ်ကို အရင်သင်လေ့ရှိသည်။ ကျွန်တော်တို့ ၁၀ တန်းကျောင်း သားဘဝတုန်းက စာသင်ရသည့်အခါ ပျင်းရိငြီးငွေ့လာပါက ဟာသတွေနှောကာ စာသင်ပေးသည်။ ကျွန်တော် အပါအဝင် အခြားကျောင်းသား/သူ များကလည်း ဆရာက ဟာသတွေ ပြောသောကြောင့် စိတ်ရွှင်လန်းကာ ဆရာစာသင်သည့် အပေါ် ပိုမိုစိတ်ဝင်စားလာကြသည်။ `ခဏသာ ပျော်ရွှင်ချင်ရင် ရည်း စားထား ဘဝတစ်ခုလုံး ပျော်ရွှင်ချင်တယ်ဆိုရင် ပညာတတ် အောင်လုပ်` ဆိုသည့် စကားသည် ဆရာစာသင်သည့်အခါ အမြဲပြောလေ့ရှိသော ဘဝခွန်အားဖြည့် စကားတစ်ခွန်းဖြစ်ပါ သည်။ ဆရာဦးထိန်လင်း တပည့် ဖြစ်ရသည်မှာ ဂုဏ်ယူဝင့် ကြွားသလို ဆရာ့ဆုံးမ စကားများသည်လည်း ကျွန်တော့်ဘဝ တစ်လျှောက်လုံးအတွက် ခွန်အား တစ်ခုဖြစ်စေပါသည်။
.
အထူးသဖြင့် ကျွန်တော်မမေ့နိုင်သည့် ဆရာပြောခဲ့သော တန်ဖိုးကြီး စကား ၃ ခွန်းကို စာဖတ်သူများအား ပြန်လည်မျှဝေ လိုက်ပါသည်။ ထိုစကားကြီး ၃ ခွန်းမှာ ပထမ စကားကြီး တစ် ခွန်းက နွယ်ပင် မဖြစ်စေနဲ့ ဖြစ်ပါသည်။ ဆိုလိုသည်ကား `သူ များကို အားကိုးတယ်ဆိုတာ ခဏပဲကောင်းတယ်။ အမြဲတမ်း မှီဖို့မကြိုးစားနဲ့။ မှီလွန်းအားကြီးရင် နွယ်ပင်ဖြစ်သွားတယ်။ နွယ် ပင်ဆိုတာ အမှီမရှိရင် အပေါ်မတက်နိုင်ဘူး။ အမှီရှိလို့ အပေါ် ရောက်ခဲ့ရင်လည်း အမှီလဲတာနဲ့ ပြုတ်ကျမှာပဲ။ ဒါကြောင့် ကိုယ့် လမ်းကိုယ်ဖောက်၊ ကိုယ့်အိမ် ကိုယ်ဆောက်တာ အကောင်း ဆုံးပဲဖြစ်ပါသည်။` ဒုတိယ စကားတစ်ခွန်းမှာ ထမင်းပူကို မစား နဲ့ ဖြစ်သည်။ ဆိုလိုသည်က `သူများကို ဒုက္ခပေးပြီးမှ ကိုယ်နေ ရာရအောင် ယူရင် အဲ့ဒါ ထမင်းပူစားတာနှင့် တူတယ်။ ဒါ့ ကြောင့် မတရားတဲ့ အလုပ်တွေ နည်းနည်းမှ မလုပ်ကြနဲ့။ အ ကယ်၍ လုပ်ခဲ့ရင် လျှာပူလောင်မှာပဲ `ဖြစ်သည်။ တတိယ စ ကားတစ်ခွန်းမှာ ရောက်ရာဒေသ ခြေရာချခဲ့ပါသည် ဖြစ်သည်။ ဆိုလိုသည်ကား `ဖြစ်တည်မှုနောက်မှာ ပျောက်ကွယ်မှု လာမှာ ပဲ။ ဒီတော့ ကိုယ်လည်း တစ်နေ့ လောကကြီးကနေ ထွက်ခွာရ ဦးမယ်ဆိုတာကို ဘယ်တော့မှ မမေ့ကြနဲ့။ ကိုယ်မပျောက်ကွယ် ခင် အချိန်လေးမှာ ကောင်းမှုလေး တစ်ခုခုတော့ လုပ်သင့်ပါ တယ်။ ကောင်းမှု လုပ်ခြင်းသည် ကိုယ့်နေရာ ကိုယ့်ဒေသကို ခြေရာချခြင်းပဲ` ဖြစ်ပါသည်။
.
ကိုယ်မပျောက်ကွယ် ခင် အချိန်လေးမှာ ကောင်းမှုလေး တစ်ခုခုတော့ လုပ်သင့်ပါ တယ်။ ကောင်းမှု လုပ်ခြင်းသည် ကိုယ့်နေရာ ကိုယ့်ဒေသကို ခြေရာချခြင်းပဲ` ဖြစ်ပါသည်။
.
ဆရာနှင့်အတူ သစ်ပင်တွေ တူတူစိုက်၊ ပရဟိတ လုပ်ငန်း တွေ တူတူလုပ် လူမျိုးရေး၊ နိုင်ငံရေးတွေ အတူတူလုပ် စသည် ဖြင့် ကျွန်တော့်ဘဝအတွက် အမှတ်တရတွေ ဆရာ့ကျေးဇူးတွေ ကား များပြားလှပါသည်။ ဆရာနှင့် အတူ စိုက်ခဲ့သည့် ပင်းတယ မြို့ရှိ ပုန်းတလုတ်ရေကန် တောင်ဘက်က ခါတော်မှီ သစ်ပင် တွေလည်း ကြီးပြင်းလာသလို ကန်ဘေးက ညောင်ညိုပင်ကြီး တွေလည်း ကြီးပြင်းလာကြပါသည်။ ၂၀၁၉ ခုနှစ် ဆရာမင်္ဂလာ ဆောင်ပွဲတုန်းက လူတန်းစားမရွေး အသက်အရွယ်မရွေး မင်္ဂ လာပွဲသို့ လာရောက်သည့်သူတွေ အကုန်လုံးကို ထူးခြားသည့် မင်္ဂလာလက်ဆောင်အဖြစ် ကိုယ့်စိတ်ကြိုက် ရွေးချယ်ယူနိုင် သည့် ချယ်ရီ၊ ထင်းရှူး၊ ဝက်သစ်ချ၊ စိန်ပန်း၊ ခရေစသည့် အပင် များကို ပြန်ပေးခဲ့ပါသည်။ ထို့ကြောင့်လည်း "ထူးခြားသည့် မင်္ဂ လာဆောင်" ဟု လူတွေ ပါးစပ်ဖျားမှာ ပြောစမှတ်တွင် ကျန်ရစ် ခဲ့ပါသည်။ ကျွန်တော်သည် ဆရာနှင့်အတူ ၄ နှစ်တာကာလ လက်တွဲပြီး အစိုးရဝန်ထမ်းဖြစ်သော ကျန်းမာရေးဝန်ထမ်းအ ဖြစ် စတင်အမှုထမ်း ဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော်သည် ကျေးလက်ကျန်းမာရေး ဌာနများတွင် တာဝန်ထမ်းဆောင်ရပြီး အသိပညာ ဗဟုသုတ အားနည်းသော ကျေးလက်နေ ပြည်သူ များအတွက် ဆရာ့ကျေးဇူးကြောင့် စာကြည့်တိုက်တွေဆောက်၊ စာအုပ်တွေ အလှူခံပြီး အသိပညာတွေ ပြန်လည်မျှဝေပေးနိုင် ခဲ့ပါသည်။ ဆရာနှင့်အတူ နေရာစုံသစ်ပင်တွေ စိုက်ရင်း ဆရာ ပြောခဲ့သည့်စကား ကား`လူတွေအားလုံးကို တစ်သက်လုံး ပျော်စေချင်တယ်ဆိုရင် သစ်ပင်စိုက်ကွ` လို့ ပြောခဲ့သည်ကို လည်း အမြဲ အမှတ်ရနေမိပါသည်။
.
နိဂုံးချုပ် ဆိုရသော် မိမိငယ်စဉ် ကျောင်းနေဘဝမှ စ၍ လုပ် ငန်းခွင် ဝင်သည်အထိ တွေ့ကြုံလာရသည့် ဆရာများ၏ ကျေး ဇူးတရားများကို တရေးရေး မြင်ယောင်နေမိပါသည်။ ဆရာများ ၏ ကျေးဇူးများမှာ မြင့်မိုရ်တောင်မက ကြီးမားလှပါသည်။ ထို့အ တူ ဆရာဦးထိန်လင်း၏ ကျေးဇူးတရားများသည် ကျွန်တော်နှင့် အတူ ဆရာ၏ တပည့်ပေါင်း များစွာလည်း ဆပ်၍ကုန်မည် မ ဟုတ်ပါ။ သို့ဖြစ်ရာ မိမိတို့၏ ဘဝတိုးတက်အောင်မြင်အောင် သင်ကြားပြသ ပေးပါသော အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဆရာ များ၏ ဂုဏ်ကျေးဇူးကို အမြဲအောက်မေ့ သတိရနေရန် လိုအပ် ကြောင်း အုတ်တစ်ချပ် သဲတစ်ပွင့် အနေဖြင့် ရေးသားလိုက်ရပါသည်။