ခိုလမ်၌ ကျွန်းသစ်များ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၁၃ စီးကို ယာဥ်​မောင်း တစ်ဦးနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 1, 2020

ခိုလမ်၌ ကျွန်းသစ်များ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၁၃ စီးကို ယာဥ်​မောင်း တစ်ဦးနှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ အနီးတွင်လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ကျွန်းသစ်များ တင်​ဆောင်ထား​သော ​မော်​တော်ယာဥ် ၁၃ စီးကို ယာဥ်​မောင်း တစ်ဦးနှင့်အတူ ဇွန်လ ၁ ရက်၊ ​နေ့လယ်ပိုင်းက ဖမ်းမိခဲ့​ကြောင်း သိရသည်။
.

လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ခိုလမ်- ကွန်ဟိန်းသွား ပြည်ထောင်စုကားလမ်းမပေါ်၌ သတင်းအရ ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ခိုလမ်မြို့ ၏ အရှေ့မြောက်ဘက် မီတာ ၆၅၀၀ ခန့်အကွာနှင့် အနီးဝန်းကျင်တစ်ဝိုက်၌ မသင်္ကာဖွယ် ရပ်တန့်ထားသော စူပါကာစတန် အမျိုးအစားမော်တော်ယာဉ် ၁၃ စီးအား စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ဆီဝမ်း အား တွေ့ရှိရပြီး ကျန် ယာဉ်မောင်းများမှာ ထွက်ပြေးသွားခဲ့သဖြင့် မော်တော်ယာဉ်များကို စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်များ ဖြစ်ပြီး ၎င်းယာဉ်များပေါ်မှ ကျွန်းသစ် ခွဲသားဆိုဒ်စုံ ၁၅ တန်ခန့်ကို တွေ့ရှိ၊ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်​ကြောင်း တပ်မ​တော်က သတင်း ထုတ်ပြန်ထားသည်။
.
အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်များနှင့် သစ်များကို ခိုလမ်မြို့နယ်၊ သစ်တောဦးစီးဌာနနှင့် မြို့နယ်ရဲစခန်းသို့ တပ်မ​တော်က လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About