လားရှိုးမြို့ရှိ COVID-19 စစ်ဆေးရေးဂိတ်များ ရပ်နား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 1, 2020

လားရှိုးမြို့ရှိ COVID-19 စစ်ဆေးရေးဂိတ်များ ရပ်နား


စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ COVID-19 စစ်ဆေးရေး ဂိတ်များအား ဇွန်လ ၁ ရက်မှ စတင်၍ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
.
လူမူရေးဝန်ကြီး ပြည်နယ် COVID-19 ကော်မတီ ဥက္ကဌ ခရီးစဉ် ရှိတုန်းက မှာသွားတဲ့ အထဲမှာ ပါတယ်။ ဒီနေ့က စပြီး ခေးနင်ဂိတ်ရယ် အရင်တုန်းက ဖွင့်ထားတဲ့ နန့်ပေါင်ဂိတ်၊ မြို့ရှောင်လမ်းမှာ ပိတ်ထားတဲ့ ဂိတ်တွေမှာ ကျန်းမာရေး စစ်ဆေးချက်တွေ မလုပ်တော့ဘူး ဖွင့်ပေးလိုက်ပြီ။ မြို့ရှောင်လမ်းမှာ ဘာပဲရှိတော့လဲဆိုတော့ နေရပ် ပြန်လာတဲ့ သူတွေကို ဘယ်မှ မဝင်ဘဲ ကောင်းကောင်းမွန်မွန်နဲ့ ယာဉ်တန်းနဲ့ သူဒေသကို ရောက်သွားတဲ့ ကိစ္စရပ် တစ်ခုကိုပဲ လုပ်တော့မှာ။ ကျန်တာ အားလုံးက ဘာမှ စစ်ဆေးဆောင်ရွက်တာ မရှိတော့ဘူးဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ထို့အပြင် ယခင်က လားရှိုးမြို့သို့ လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ ပြန်လာသည့်သူများကို Facilities Quarantine အဖြစ် သော်လည်းကောင်း ၊ Home Quarantine အဖြစ် သော်လည်းကောင်း ထားရှိ နေသော်လည်း ယခုတွင် ယင်းကဲ့သို့ လုပ်ဆောင်ရမည် မဟုတ်ဘဲ ကျန်းမာရေး စစ်ဆေးမှုများကိုသာ ခံယူရတော့မည် ဖြစ်ကြောင်း သိရသည်။
.
Quaratine တွေ လုပ်စရာ မလိုတော့ဘူး ။ နိုင်ငံရပ်ခြားက ပြန်လာရင် လုပ်မယ်။ Home Quarantine ရော Facilities Quarantine ရော ကျန်းမာရေးက ညွန်ကြားထားတဲ့အတိုင်းပဲ လုပ်ရမယ်။ ရန်ကုန်က ပြန်လာတဲ့ သူတွေကို အရင်က Home Quarantine ထားတာမနေနိုင်တဲ့သူတွေကို Facilities Quaratine ထားတာHotel Quaratine လုပ်ပေးတယ်။ အခုက မလုပ်တော့ဘူး။ ပြည်တွင်းက လေယာဉ်တွေပေါ့။ ပြည်ပက ပြန်လာတဲ့ ရပ်ကွက်ထဲမှာ ရှိတဲ့သူကတော့ Quarantine လုပ်ရမယ်။ ရပ်ရွာက ချက်ချင်း အကြောင်းကြားတယ်။ ကျန်တာ အားလုံးက လူမှုရေးဝန်ကြီးရဲ့ ညွန်ကြားချက်အရ ဘာမှ မလုပ်တော့ဘူးဟု ဦးအာကာလင်းက ဆက်လက် ပြောကြားသည်။
.
လားရှိုးမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၏ မြို့တော် ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၃၁ ရက်တွင် ထုတ်ပြန်ထားသည့် စာရင်းများအရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အသွားအလာ ကန့်သတ်ထားသူ ဦးရေ စုစုပေါင်း ၂၃၃၉ ဦး ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About