ကျိုင်းတုံတွင် ဗုံးသီး​ဟောင်း တစ်လုံး ​တွေ့ရှိ - Kanbawza Tai News

Breaking

Boxed(True/False)

Monday, June 29, 2020

ကျိုင်းတုံတွင် ဗုံးသီး​ဟောင်း တစ်လုံး ​တွေ့ရှိ

ရှမ်းပြည်နယ် အ​ရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ်(၅) ရပ်ကွက်တွင် ဇွန်လ ၂၉ ရက်၊ နံနက်ပိုင်းက ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
.

ယင်း ဗုံးသီးဟောင်းကို နောင်တုံ ဆောက်လုပ်ရေး ကုမ္ပဏီမှ ခြံဂိုဒေါင်စောင့် ကိုသန့်ဇော်ကမြေဖို့ ပြုပြင်ထားသည့် မြေစာပုံပေါ်မှ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်​ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
" ဗုံးသီးဟောင်း တွေ့တယ်ဆိုတာ မှန်ပါတယ်။သံချေး တက်နေပါတယ်။ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းကနေ လာပြီး စစ်ဆေးပေးပါတယ်။"ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
​တွေ့ရှိခဲ့သည့် ဗုံးသီးဟောင်းမှာ ၃၆ ခွင်းဗုံးအမျိုးအစား ဖြစ်ပြီး (ကလစ် ပြုတ်လျက်စနက်တံပါ)၊ ဗုံးသီးဟောင်းကို ကျိုင်းတုံမြို့ရှိစစ်လက်နက်ပစ္စည်းတပ်သို့ လွှဲပြောင်းပေးအပ်ကာ ဗုံးသက်မဲ့ (မ​ပေါက်ကွဲရန်) အဖြစ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)