တာချီလိတ်မြို့တွင် လက်ပစ်ဗုံး အဟောင်း ၁ လုံးနှင့်အတူ ဖောက်ခွဲရေး ဆက်စပ် ပစ္စည်းများ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 1, 2020

တာချီလိတ်မြို့တွင် လက်ပစ်ဗုံး အဟောင်း ၁ လုံးနှင့်အတူ ဖောက်ခွဲရေး ဆက်စပ် ပစ္စည်းများ တွေ့ရှိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အမှိုက်များ ထည့်ထားသည့် ကော်ပုံးအတွင်းမှ လက်ပစ်ဗုံး အဟောင်း ၁ လုံးနှင့်အတူ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား မေလ ၃၀ ရက်၊ နေ့လယ်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။
.

တာချီလိတ်မြို့၊ ရန်အောင်မြင်ရပ်ကွက်၊ ပါလျှံ(၁)လမ်း၊ အမှတ်(၁/၆၁၈)ရှိ ဦးထွန်းထွန်းဝင်း ပိုင်ဆိုင်သည့် မိဘမေတ္တာ ကိုယ်ပိုင်အထက်တန်းကျောင်း ဝင်/ထွက်ပေါက်အနီး၊ အုတ်တံတိုင်း ဘေးနေရာရှိ အမှိုက်များ ထည့်ထားသည့် ရေဆွဲကော်ပုံးအား အလုပ်သမားဖြစ်သူ ဦးဇော်ဇော်ထွန်းက ယူဆောင်၍ သွားရောက် စွန့်ပစ်စဉ် အမှိုက်များနှင့်အတူ အချင်း ၆ လက်မ၊ အနက် ၃ လက်မခန့်ရှိ ၊ စောင်းဘောက် စပီကာအခွံအတွင်း ထည့်ထားသည့် တရုတ် လက်ပစ်ဗုံးဟောင်း ၁ လုံး၊ စကားပြောစက်တွင် အသုံးပြုသည့် ဘက်ထရီအဟောင်း ၁ ခု၊ အရှည် ၆ ပေခန့်ရှိ ဝါယာကြိုးအသေး ၂ ချောင်း (ဒီတိုနေတာတပ်လျက်) တို့အား တွေ့ရှိခဲ့ရသည်ဟု သက်ဆိုင်ရာသို့ သတင်း ပို့ခဲ့ခြင်းကြောင့် ပူးပေါင်းအဖွဲ့က  သွားရောက်စစ်ဆေး၍ သိမ်းဆည်းခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိသော လက်ပစ်ဗုံးအဟောင်းနှင့်အတူ ဆက်စပ်ပစ္စည်းများအား နယ်မြေခံ အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများက လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About