တစ်ပတ်ရစ်တွေ အကြပ် ဖြစ်စေတတ်တဲ့ ဖုန်းဈေးကွက်


အောင်ဆန်းဝင်း
.
ဖွံ့ဖြိုးဆဲနိုင်ငံ စာရင်းထဲ ရောက်နေပေမယ့် မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းထဲက မတက်နိုင်သေးပါဘူး။ အစိုးရ အဆက်ဆက်နဲ့ လက်ရှိ အစိုးရ လက်ထက်အထိ အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းဆောင် ရွက်နေတယ်ဆိုပေမယ့် အပြောနဲ့ လက်တွေ့ တခြားစီ ဖြစ်နေ ပါသေးတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း မြန်မာနိုင်ငံကို ဆင်းရဲတဲ့ နိုင်ငံတစ်ခုအဖြစ် ထဲထဲဝင်ဝင် သတ်မှတ်ထားပါတယ်။ သဘာဝတရားက ဖန်တီးပေးထားတဲ့ ကြွယ်ဝချင်း သယံဇာတ တွေ ပြည့်စုံပေမယ့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်တဲ့ ပြည် သူတွေ ဆင်းရဲတွင်းနက် နေတာတော့ ဖြေရှင်းရခက်တဲ့ ပုစ္ဆာ တစ်ပုဒ် ဆိုရမလား။ လူတချို့ကတော့ ပြောကြတယ်။ မြန်မာနိုင် ငံဟာ သယံဇာတ ကျိန်စာသင့်နေတဲ့ နိုင်ငံတဲ့။ ဘယ်လိုလူတွေ ချမှတ်လို့ ဒီကျိန်စာသင့်နေတယ်ဆိုတာတော့ မပြောတတ်ပါဘူး။ ပြည်သူတွေ ဆင်းရဲတွင်းက မတက်သေးတာတော့ အမှန်။
.
နိုင်ငံကြွယ်ဝပြီး ပြည်သူဆင်းရဲတဲ့ နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ပြည်သူလူထုရဲ့ အသုံးအဆောင် ပစ္စည်းတွေကလည်း ချို့ချို့ငဲ့ငဲ့ ဖြစ်တတ်တဲ့ သဘောမျိုး တွေ့ရတတ်တယ်။ အသစ်ဆိုတာထက် တစ်ပတ်ရစ် ပစ္စည်းဟောင်းလေးတွေဘက် ခြေဦးလှည့်ရတာ များပါတယ်။ အဝတ်အထည်နဲ့ ပတ်သက်ရင် ပုံပုံစတိုးလို့ အများ ခေါ်တဲ့ ဘေထုပ်လေးတွေကို အားပြုကြရတယ်။ တောင်ကြီးမြို့ လိုနေရာမှာ သွားရေးလာတာနဲ့ ပတ်သက်ပြီး မော်တော်ဆိုင် ကယ်က မရှိမဖြစ် လိုအပ်တယ်။ ရာခိုင်နှုန်း အများစုက တစ်ပတ် ရစ် မော်တော်ဆိုင်ကယ်ပဲ အသုံးပြုနိုင်ကြပါတယ်။ အစားအ သောက်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ရင်လည်း ဈေးနှုန်း အမြင့်တွေ ဘက် မျက်စောင်း မချိတ်နိုင်ကြပါဘူး။ တစ်ဝမ်းဝရုံစားဖြစ်တယ် ဆိုရုံလောက်တွေပါ။ လတ်တလော ပေါပေါများများ ရပါတယ်ဆို တဲ့ ကြက်ဥတောင် အကွဲအပေါက်လေးတွေနဲ့ ပြဇာတ်ကရတဲ့ အ နေအထား။
.
ဘယ်လောက်ပဲ ခေတ်မီဖွံ့ဖြိုး တိုးတက်ပါတယ်လို့ အသံ ကောင်း ဟစ်ဟစ် မြန်မာပြည်သူတွေဟာ တစ်ပတ်ရစ်ပစ္စည်းတွေ နဲ့ အခုချိန်ထိ စိမ်းစိမ်းကားကား လမ်းခွဲလို့တော့ မရနိုင်သေးပါ ဘူး။ ဘယ်လောက်ထိ တစ်ပတ်ရစ်လည်းဆို နိုင်ငံတော် ရေပိုင် နက် ကာကွယ်ရေးအတွက် အသုံးပြုဖို့ မှာယူထားတဲ့ ရေငုတ် သင်္ဘောကိုပဲ ကြည့်။ ရုရှားနိုင်ငံထုတ် အိန္ဒိယကနေတစ်ဆင့် ပြန် လည် မှာယူထားတဲ့ တစ်ပတ်ရစ်။ နှစ်ပတ်ရစ်လို့တောင် ပြောရ မလားပါပဲ။ အဆင့် မြှင့်တင်ထားလို့ တော်သေးတယ် ပြောရမှာ ပေါ့။ နိုင်ငံတော် အဆင့်တောင် တစ်ပတ်ရစ်နဲ့ နှစ်ပါးသွားနေရမှ တော့ ကျန်တဲ့ အရာတွေအတွက် ဆိုဖွယ်ရာ မရှိ။ ဆင်းရဲတဲ့ အ ခြေခံ လူတန်းစားတွေအတွက်တော့ တစ်ပတ်ရစ်ထက်တောင် ပိုနေပါသေးတယ်။ ဒီလိုတစ်ပတ်ရစ်တွေထဲမှာမှ ပြည်သူအားလုံး နဲ့ ဆက်နွယ်နေတာကတော့ လက်ကိုင် တယ်လီဖုန်း။
.
တယ်လီဖုန်း ဆင်းကတ်တွေ ကမ္ဘာ့အဆင့်ဈေးနှုန်းနဲ့ တန်း တူရောင်းတဲ့ အချိန်ကစပြီး တစ်ပတ်ရစ် လက်ကိုင်တယ်လီဖုန်း ဈေးကွက် ကြီးထွားလာပါတယ်။ ခေတ်ပေါ်ပစ္စည်းတွေ နောက် လိုက်ရင်း ငွေကြေးတတ်နိုင်တဲ့ လူတွေက အသုံးပြုနေတဲ့ လက် ကိုင်တယ်လီဖုန်းကို ရောင်းပြီး အသစ်ဝယ်ကိုင်လာကြတယ်။ အ သစ်ဈေးနှုန်း မတတ်နိုင်တဲ့ လူတန်းစားက တစ်ပတ်ရစ်ဘက် လက်လှည့်ကြတယ်။ မရှိတုန်းက တစ်မျိုး ဖြစ်ခဲ့ပေမယ့် အခုလို ပေါပေါများများ ဖြစ်လာတဲ့အခါကျတော့ လက်ကိုင်တယ်လီဖုန်း ဟာ လူတိုင်းအတွက် မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းနိုင်တဲ့အရာကို လက်ညိုးထိုး ပါဆိုရင်လည်း အင်တာနက်ပါတဲ့ လက်ကိုင်တယ်လီဖုန်း တစ်ခု ပဲ ရှိသလို ဖြစ်နေပါတယ်။ အရာရာတိုင်း ကောင်းတာ ရှိသလိုအ ဆိုးဘက် ရောက်တတ်တာ လောကကြီးရဲ့ သဘာဝတရား။
.
တစ်ပတ်ရစ် တယ်လီဖုန်း ဈေးကွက်ကြီးမားလာသလို‌ နောက်ကွယ်မှာလည်း မမြင်နိုင်တဲ့ ပြဿနာ တချို့ ရှိနေပါတယ်။ တစ်ပတ်ရစ် ဖုန်းဆိုပေမယ့် ရောင်းချတဲ့အချိန်မှာ ၂ ရက်တန် သည် ၃ ရက်တန်သည် ဝယ်ယူသူကို သုံးစွဲခွင့် ပေးထားရပါတယ်။ သုံးစွဲသူ စိတ်ကြိုက်မဖြစ်ရင် သတ်မှတ်ရက်အတွင်း တန်ဖိုးတူ နောက်တစ်လုံးနဲ့ ပြန်လဲပေးရပါတယ်။ ဖုန်းအကြောင်း အတန် အသင့် နားလည်တဲ့လူဆို ကိစ္စမရှိပေမယ့် လုံးဝနားမလည်တဲ့ လူဆိုပြဿနာ တချို့ကြုံရပါတယ်။ တယ်လီဖုန်း တစ်လုံးဟာအ တွင်းပိုင်းက သတ်မှတ်ထားတဲ့ ဘောင်အတိုင်းအတာ တစ်ခုအ ထိပဲ သုံးလို့ရပါတယ်။ သုံးစွဲစရာ အသစ်တွေ ပေါ်လာတိုင်း လိုက် ထည့်နေလို့ မရပါဘူး။ အထားအသို ၅၀ ဆံ့တဲ့ တယ်လီဖုန်းဝယ် ပြီး ၁၀၀ အတွက် ထုတ်လုပ်တဲ့ ပစ္စည်း သုံးမရလို့ ဆိုတဲ့ ပြဿနာ မျိုးတွေ တစ်ပတ်ရစ် ဖုန်းဆိုင်တွေမှာ ကြုံရတတ်ပါတယ်။
.


.
တောင်ကြီးမြို့ပေါ်မှာ တစ်ပတ်ရစ် ဖုန်းအရောင်းဆိုင် ၁၀၀ လောက် ရှိမယ် ထင်တယ်။ အရင်ကတော့ ဆိုင်တိုင်းလိုလို သူ့ ဟာလေးနဲ့သူ အလုပ် ဖြစ်ကြပါတယ်။ တစ်ရက်ကို ၂ လုံး၊ ၃ လုံး လောက် ရောင်းရတဲ့ဆိုင် ရှိသလို အရောင်းအဝယ်ကောင်းတဲ့ဆိုင် တွေဆိုရင် ၁၀ လုံးလောက် အရောင်းအဝယ် ဖြစ်တာတွေ ရှိပါ တယ်။ အခုနောက်ပိုင်းကျတော့ ကိုဗစ်ဖြစ်ပြီး ပိုက်ဆံပြတ်ကုန် လို့လားတော့ မပြောတတ်ဘူး။ ဝယ်တဲ့လူထက် ပြန်ရောင်းတဲ့လူ က ပိုများနေတယ်။ ဖုန်းဈေးတွေလည်း ကျတော့ ပိုက်ဆံတတ် နိုင်ရင် ဝယ်ထားလို့တော့ ရတာပေါ့။ ဒါပေမဲ့ ပြန်ရောင်းတာများ လာရင် ပြဿနာ မဖြစ်အောင်တော့ ဂရုစိုက်ရပါတယ်။ ခိုးရာပါ ပစ္စည်းတွေ ပါလာတတ်တယ်။ လုလာတဲ့ ဖုန်းတွေလည်း ပါလာ တတ်ပါတယ်လို့ ရဲဘော်ဈေးအနီးက တစ်ပတ်ရစ် ဖုန်းရောင်း ဝယ်ရေးဆိုင်ပိုင်ရှင် တစ်ယောက်က ပြောပါတယ်။
.

ကိုဗစ်ကာလ ရက်ရှည်လာတဲ့အမျှ ငွေကြေး ပြတ်လပ်မှု တ ချို့ကြောင့် တစ်ပတ်ရစ် ဖုန်းဈေးကွက်မှာ ဝယ်တဲ့လူထက် ရောင်း ချတဲ့ လူ ပို များလာတယ်လို့ ပြောပါတယ်။ ရောင်းတဲ့လူ များလာ တဲ့အတွက် ဈေးကွက်အတွင်းမှာ ဖုန်းဈေးနှုန်းတွေ ကျဆင်းလာ တယ်လို့လည်း ပြောပါတယ်။ အရင်းအနှီး တတ်နိုင်တဲ့ အရောင်း အဝယ် လုပ်သူတွေအတွက်တော့ ဒီအချိန်ဟာ ပစ္စည်းစုဆောင်း လို့ အကောင်းဆုံး အချိန် ပြောရမှာပေါ့။ တစ်ပတ်ရစ်ကို အောက် ဈေးနဲ့ရပြီး ဈေးကွက် တည်ငြိမ်လာတဲ့ အချိန် အမြတ်အစွန်းအ များကြီး မျှော်လင့်လို့ ရနိုင်ပါတယ်။ အဓိက ဂရုစိုက်ရမှာကတော့ ခိုးရာပါ ပစ္စည်းလက်ဝယ် ရောက်မလာဖို့နဲ့ လုယက်လာတဲ့ပစ္စည်း နဲ့ မတိုးအောင်ပါ။ တစ်ပတ်ရစ် ဈေးကွက်အတွင်းမှာ ဒီလိုပြဿ နာမျိုးတွေ မကြာခဏ ဆိုသလို တွေ့နေရပါတယ်။ အရောင်းအ ဝယ်လုပ်တဲ့ဆိုင် အတော်များများ ကြုံတွေ့နေရပါတယ်။
.
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော့်ဆီကို ဖုန်းတစ်လုံးလာရောင်း တယ်။ လာရောင်းတဲ့ လူနဲ့ကလည်း ရင်းနှီးပါတယ်။ ကျွန်တော့် ဆီက ဖုန်းတွေကို အမြဲတမ်း ယူရောင်းပေးနေတဲ့လူပေါ့။ အမြဲ တမ်း လုပ်နေကြလူဆိုတော့ သူလာရောင်းတဲ့ ဖုန်းကို ကျွန်တော် ဝယ်ထားလိုက်ပါတယ်။ တစ်ရက်နှစ်ရက်လောက် နေတော့ သူ လာရောင်းတဲ့ ဖုန်းက ဖူဆယ်ဘောလုံးကွင်းထဲက ခိုးလာတဲ့ဖုန်း ဖြစ်နေတယ်။ အကျိုးအကြောင်း စုံစမ်းကြည့်တော့ ဘောလုံး လောင်းကစား လုပ်ရင်း ပိုက်ဆံပြတ်ပြီး ခိုးလာတာ သိရတယ်။ ကျွန်တော်တို့လည်း လက်ထဲရှိတာလေးနဲ့ နိုင်သလောက် လုပ်ရ တာဆိုတော့ ဒီလို ခိုးရာပါ ပစ္စည်းမိရင် အတော်ကြီးကို ဒုက္ခရောက် ပါတယ်။ တစ်ပတ်ရစ် ဖုန်းအရောင်းအဝယ် လုပ်မယ်ဆိုရင် ခိုးရာ ပါနဲ့ လုလာတာ မမိအောင် ဂရုစိုက်ဖို့လိုအပ်တယ်လို့ တစ်ပတ် ရစ် ဖုန်းရောင်းဝယ်ရေး လုပ်တဲ့ ကိုအယ်သားက သူကြုံတွေ့တာ နဲ့ ဆက်စပ်ပြီး ပြောပါတယ်။
.
တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံမှာ ဖွင့်ထားတဲ့ဆိုင် ကြုံရတာကတစ်မျိုး။ သူ့ဆိုင်မှာ တစ်ပတ်ရစ်ဖုန်း တစ်လုံး လာရောင်းတယ်။ ဆိုင်ပိုင်ရှင်နဲ့ အရောင်းအဝယ် မဖြစ် ဘဲ ဆိုင်ထဲ ရောက်နေတဲ့ အပြင်လူတစ်ယောက်နဲ့ သူတို့ချင်း စ ကားပြောပြီး အရောင်းအဝယ် ဖြစ်သွားပါတယ်။ ဆိုင်ပိုင်ရှင်က ကြားဝင်သင့်တင့်တဲ့ ဈေးနှုန်း ဖြတ်ပေးတယ်ဆိုရုံလောက်။ တစ် ပတ်လောက်ကြာတော့ ရောင်းသွားတဲ့လူဟာ တာဝန်ရှိသူတွေ ခြံရံပြီး လက်ထိပ်တန်းလန်းနဲ့ အဲဒီဆိုင်ထဲ ရောင်လာပါတယ်။ အဲဒီဆိုင်ထဲမှာ အရောင်းအဝယ် လုပ်သွားတာ ဖြစ်တဲ့အတွက် ဆိုင်ပိုင်ရှင်ဟာ တာဝန်ရှိသူတွေရဲ့ စစ်ဆေးမေးမြန်းခြင်းကို ခံယူ ရပါတယ်။ နောက်မှ ရောင်းသူ/ဝယ်သူ ထိပ်တိုက်တွေ့မှ အဆင် ပြေသွားပါတယ်။ အရောင်းအဝယ်လုပ်တဲ့ ဖုန်းက ရှုခင်းသာပန်း ခြံနားက လုယက်လာတဲ့ ဖုန်းဖြစ်နေလို့ပါ။
.
ဈေးနှုန်းမြင့် အသစ်ဖုန်းတွေထက် တစ်ပတ်ရစ် ဖုန်းလော က က ပိုပြီး ကြီးထွားပါတယ်။ အရောင်းအဝယ် ပိုဖြစ်ထွန်းတာ တွေ့ရပါတယ်။ တတ်နိုင်တဲ့ ငွေကြေးထိုင်ပြီး အလုပ်လုပ်တဲ့လူ တွေ အဆင်ပြေသလို သုံးစွဲသူတွေအတွက်လည်း အဆင်ပြေတာ တွေ့ရပါတယ်။ အဆင်ပြေခြင်းရဲ့ နောက်ကွက်မှာ မမြင်နိုင်တဲ့ ပြဿနာမျိုးစုံလည်း ရှိနေတတ်ပါတယ်။ ၅၀ တန်ကို ၁၀၀ တန် လောက် သုံးချင်တဲ့လူနဲ့ တိုးရင် တိုင်ပတ်ပါတယ်။ ခိုးရာပါပစ္စည်း နဲ့ လုယက်လာတဲ့ ပစ္စည်း ဝယ်မိရင် အရင်းအနှီး ငွေကြေးဆုံးရှုံး ဖို့ သေချာသလောက် ဖြစ်ပါတယ်။ အခန့်မသင့်ရင် ပစ္စည်းလက်ခံ မှုနဲ့ ပြဿနာ ဖြစ်နိုင်ပါသေးတယ်။ အကောင်းအဆိုးကတော့ ဒွန် တွဲနေမှာပါ။ တစ်ပတ်ရစ်ကို အားကိုးအားထား ပြုနေရတဲ့ နိုင်ငံ မှာ တစ်ပတ်ရစ် ဖုန်းတွေ အလုပ်ဖြစ်နေဦးမှာ ဖြစ်သလိုအကြပ် ဖြစ်တာတွေလည်း ရှောင်လွှဲနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

Comments