ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားကြဖို့ - Kanbawza Tai News

Breaking

Tuesday, June 23, 2020

ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားကြဖို့

အောင်ဆန်းဝင်း
.
စီးပွားရေး အကြပ်အတည်းတွေနဲ့ လုံးပန်းနေရလို့ နဂိုတည်း က ဒီရွေးကောက်ပွဲဆိုင်ရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု အား နည်းချက်တွေ ရှိတယ်လို့ ပြောလို့ရတယ်။ အခု ဒီရောဂါ ဖြစ်ပြီး အလုပ်အကိုင်တွေ ရပ်နားလိုက်ရတော့ ပြည်သူတွေအတွက် တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို ဖြစ်ကုန်တယ်။ စားဝတ်နေရေးဆို တာမှ အဆင်မပြေရင် ကျန်တာတွေ ဘယ်သူမှ သိပ်စိတ်ဝင်စားမှာ မဟုတ်ဘူး။ မဖြစ်မနေ မဲပေးရမယ် ဆိုရင်လည်း အဆင်ပြေရာကို လက်သင့်သလို ပေးလိုက်ကြမယ် ထင်တယ်။ ကိုယ့်အပူနဲ့ကိုယ် လုံးပန်းနေရတော့ ထွေထွေထူးထူး စဉ်းစားတော့မှာ မဟုတ်ဘူး။ အခုလို အခြေအနေမျိုးက ပိုတောင်ဆိုးတယ်။ လူစုလူဝေးလည်း မလုပ်ရတော့ ပါတီတွေ အနေနဲ့လည်း စည်းရုံးရေး မလုပ်နိုင်ကြ ဘူး။ မပေးဘဲ နေချင်နေမယ်။ ဒါမှမဟုတ် သင့်ရာကို ပေးကြလိမ့် မယ်ထင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ယောက်က ပြောတယ်။
.
ကမ္ဘာတစ်ဝှမ်းလုံးနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ရောဂါဟာ ရပ်တန့်ခြင်း မရှိသေးပါဘူး။ ရောဂါထိန်းချုပ်နိုင်တဲ့ နိုင်ငံလည်း အနည်းငယ်လောက်သာ ရှိပါသေးတယ်။ ရောဂါက ရပ်တန့်ခြင်း မရှိပေမယ့် ပြည်သူလူထုကြားထဲမှာတော့ အလုပ် အကိုင် ရပ်တန့်တာတွေနဲ့ ကြုံတွေ့နေရပါတယ်။ လုပ်ငန်းတွေ အပြည့်အဝ လည်ပတ်ခြင်း မရှိတဲ့အတွက် လုပ်ငန်းရှင်တွေပေါ် မှီခိုထားရတဲ့ လုပ်သားတွေ အခက်ကြုံတာတွေ ဖြစ်လာပါတယ်။ တချို့ လုပ်ငန်းတွေ ပြန်လည်ပတ်နေပြီ ဆိုပေမယ့် ရက်အကန့်အ သတ် အချိန်အပိုင်းအခြားနဲ့ လုပ်ကြတာ ဖြစ်တဲ့အတွက် လုပ်သား တွေအနေနဲ့ လုပ်ခလစာ အပြည့်အဝ ခံစားခွင့် မရှိကြဘူး။ အရာ ရာ အကြပ်အတည်း ဖြစ်နေတဲ့အချိန် အထွေထွေရွေးကောက်ပွဲ ကြီးမှာ ပြည်သူတစ်ရပ်လုံး မဲပေးမလား ဆိုတာကတော့ လတ် တလော အဖြေထုတ်ရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။
.


.
၂၀၂၀ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံမှာ မဲပေးပိုင်ခွင့်ရှိ တဲ့ လူဦးရေ သန်းလေးဆယ် ပတ်လည်လောက် ရှိတယ်လို့ ခန့် မှန်းကြတယ်။ ဒါက ရှိတဲ့ မဲဆန္ဒရှင် အရေအတွက်ပါ။ အရေအ တွက်ရှိတဲ့အတိုင်း ရာနှုန်းပြည့် မဲလာပေးဖို့ မသေချာပါဘူး။ ကျန် ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း တစ်ကြိမ်တစ်ခါမှ မဲ မပေးတဲ့ လူတွေတောင် ရှိနေပါတယ်။ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခြင်း ဟာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေး တစ်ရပ်လို့ ဆိုပါ တယ်။ နိုင်ငံသား အခွင့်အရေး ရဖို့အတွက် ဆန္ဒမဲ ပေးကြတာဖြစ် ပါတယ်။ လက်ရှိ အစိုးရဟာ ပြည်သူအများစု လိုလိုလားလား ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တဲ့အတွက် ပြည်သူတွေ ရဲ့ နိုင်ငံသား အခွင့်အရေး ဘယ်လောက် ဆောင်ရွက်ချက်ရှိပြီလဲ ဆိုတာ ဆန်းစစ်ရမယ့် အပိုင်း ဖြစ်ပါတယ်။ ပြည်သူဘက်က သောင်ပြိုကမ်းပြို တာဝန်ကျေခဲ့တာ မေ့ထားလို့ မရပါဘူး။
.

အခုချိန်ထိတော့ တစ်ခါမှ မဲမပေးဖူးသေးဘူး။ လာမယ့်ရွေး ကောက်ပွဲတော့ မပြောတတ်ဘူးပေါ့။ ခက်တာက ဒီရွေးကောက်ပွဲ မဲပေးတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ဘာတစ်ခုမှ နား မလည်ဘူး။ အရင်တစ်ခေါက် ရွေးကောက်ပွဲ လုပ်ကာနီးတုန်းက တော့ လမ်းတွေပေါ်မှာ ကားကြီးတွေနဲ့ စည်းရုံးရေး ဆင်းတာ တွေတော့ တွေ့ဖူးတယ်။ အဲဒါလည်း သီချင်းတွေ တဒုန်းဒုန်း ဖွင့် ပြီး သူ့ပါတီ ကိုယ့်ပါတီကို မဲလာပေးဖို့လောက်ပဲ လုပ်ကြတာ။ ပါ တီရဲ့ လုပ်ဆောင်ချက်တွေ၊ ပြည်သူ လိုအပ်ချက်တွေကို ဘယ်လို လုပ်ကိုင် ဆောင်ရွက်ပေးမယ်လို့ တိတိကျကျ ပြောသွားတာတွေ မရှိဘူး။ ကိုယ်စားလှယ် ဆိုတာတွေလည်း လွှတ်တော်ရုံးတက် တဲ့အချိန် အဲဒီရုံးနား ဖြတ်သွား ဖြတ်လာလုပ်ရင်း တွေ့ဖူးတာ လောက်ပဲ ရှိတယ်လို့ တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံမှာ ဆိုင် ကယ် ကယ်ရီ မောင်းသူတစ်ယောက်က ပြောပါတယ်။
.
လက်ရှိ အစိုးရကို ကြည့်မယ်ဆိုရင်လည်း အစိုးရ တစ်ရပ်ဖွဲ့ နိုင်ပြီးတည်းက ပြည်သူလူထုနဲ့ ကင်းကွာလာတယ်လို့ သုံးသပ် ပြောကြားမှုတွေ ရှိနေပါတယ်။ နှစ်ကြာလေ ပိုပြီး အလှမ်းဝေးလာ လေလို့ တောင်ပြည်သူ တချို့ဆီက ကြားသိနေရပါတယ်။ ပြည် သူဆိုတာ ကိုယ်တင်တဲ့ အစိုးရကို ယုံမှတ်လို့ ပုံအပ်ကြတာမျိုးပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အနေအထား ပြန်ကြည့်ရင် ပိုသိသာထင် ရှားပါတယ်။ ပြည်သူတွေက ကိုယ်စားလှယ်တွေရဲ့ မျက်နှာကို မမြင်ဖူးကြပါဘူး။ သူတို့အသံကိုလည်း မကြားဖူးဘူး။ ဘယ်အရပ် ဘယ်နေရာမှန်း မသိကြပါဘူး။ မဲပေးခဲ့တဲ့ ပြည်သူတွေဟာ အ ပြောင်းအလဲ တစ်ခုကို ဖော်ဆောင်နိုင်ဖို့အတွက် ပါတီကို ကြည့် ပြီး မဲပေး ရွေးချယ် တင်မြှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပခုံးထမ်း ခဲ့တဲ့ ပြည်သူတွေကို မသိချင်ယောင်ဆောင် မေ့ကွက်ရှာတာမျိုး ဖြစ်နေရင်တော့ ပြည်သူတွေကလည်း မေ့ကွက် ပြန်ရှာလာပါ လိမ့်မယ်။
.
မြန်မာစကားမှာ ကောင်းတယ်ဆိုရင် လွှတ်ကောင်းတယ်၊ အေးတယ် ဆိုရင် လွှတ်အေးတယ်လို့ ပြောဆိုတတ်ကြပါတယ်။ ပြည်သူတွေ လိုချင်တာက လွှတ်ပြီးတော်တဲ့ လွှတ်တော်ကိုယ်စား လှယ်တွေပါ။ ခပ်ညံ့ညံ့ ချာတူးလန်တွေ မလိုချင်ကြပါဘူး။ နောက် ပြန်လှည့် မကြည့်တတ်တဲ့ လူမျိုးတွေလည်း မလိုချင်ကြပါဘူး။ ခြောက်ပစ်ကင်းသဲလည်းစင် ဖြစ်ဖို့တော့ ခက်ကြပါတယ်။ ဒါပေ မဲ့ တာဝန်တစ်ခု ယူပြီးရင် ကိုယ့်တာဝန်ကို သိဖို့ လိုအပ်ပါတယ်။ ကိုယ်ယူထားတဲ့ တာဝန် ကျေပွန်အောင် မထမ်းဆောင်နိုင်ရင် တော့ နောက်တစ်ကြိမ်ဆိုတာ ရှိလာနိုင်မှာ မဟုတ်ပါဘူး။ ကိုယ် အလို ရှိချိန်မှ ရောက်လာ၊ ရပြီးတော့ ပြန်မကြည့်တာမျိုးတွေ တစ်ကွက်ကာတွန်း ဆရာတွေက မကြာခဏ ဆိုသလို ထောက် ပြနေပါတယ်။ ကာတွန်း ဆရာတွေ ထောက်ပြအောင်လည်း ကိုယ်စားလှယ်တွေဘက်က လိုအပ်ချက်တွေ ရှိတာကို တွေ့နေရ ပါတယ်။
.
၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ မဲမပေးဖြစ်ခဲ့ပါဘူး။ အဲ ဒီအချိန်တုန်းက စိတ်ဝင်စားမှု အားနည်းတာလည်း ပါတာပေါ့။ ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်ခွင့် နည်းပါးတာလည်း ပါပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကိုယ်တိုင် မဲပေးဖြစ်ခဲ့ပါတယ်။ လက်ရှိ အစိုးရရဲ့ NLD ပါတီကို မဲပေးခဲ့တာပါ။ အစိုးရလုပ်ဆောင် ချက်တွေနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု ရှိလားဆိုတော့ အ ပြည့်အဝ မရှိသေးပါဘူး။ သူတို့လည်း အတိုင်းအတာ ဘောင်တစ် ခုအတွင်းက လုပ်ရသလို ဖြစ်နေတယ်လို့ ထင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အစိုးရ တစ်ရပ် ဖြစ်လာရင်တော့ ပြည်သူတွေ ကျေနပ် လောက်တဲ့အထိ ခြေစွမ်းပြနိုင်ဖို့ လိုအပ်တာပေါ့။ ပြည်သူလူထု ဆိုတာက ကိုယ်မဲပေး ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရကို မျှော်လင့်ချက် ထားတတ်ကြတယ်လို့ ရဲဘော်ဈေးအတွင်းမှာ ကုန်စုံဆိုင် ဖွင့်ထားတဲ့ ကိုမင်းမင်းက သူ့အမြင်ကို ပြောပါတယ်။
.
မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်း မှီတင်းနေထိုင်ကြပါတယ်။ ကွဲပြားတဲ့ လူမျိုးစုတွေစုံသလို နိုင်ငံ ရေးပါတီ အရေအတွက်လည်း များပြားလှပါတယ်။ ရွေးချယ်စရာ ပါတီတွေ များပြားပေမယ့် အဓိကပါတီကြီးတွေ အနေနဲ့ကတော့ လက်ငါးချောင်း ပြည့်အောင် မရှိပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအ တာနဲ့ ပြိုင်ဘက် ပါတီကြီးတွေ အဖြစ်ကတော့ အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ ဦးဆောင်နေတယ်လို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ ပါတီကြီး ၂ ခုလုံး ပါတီဝင်အင်အား အများအပြား ပိုင်ဆိုင်ထားကြသလို ထောက်ခံ ဝန်းရံသူတွေလည်း အများအပြား ပိုင်ဆိုင်ထားကြပါ တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အဓိက ပြိုင်ဆိုင်ကြမယ့် ပါတီကြီးတွေအဖြစ် ရပ်တည်နေကြပါတယ်။ ဘယ် ကိုယ်စား လှယ်တွေ အောင်ပွဲ ခံမယ်ဆိုတာကတော့ ပိတ်ကားထက် စောင့် ကြည့်ရမှာပါ။
.
ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံး ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ ပြည်နယ်ကြီးမားသလို မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား အမျိုးအစား စုံလင်ပါတယ်။ ရွေးချယ်စရာ နိုင်ငံရေး ပါတီပေါင်းလည်း ၃၀ လောက် ရှိနေပါတယ်။ ရှမ်းပြည်နယ် အ တွင်းမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်က လူမျိုးစုအလိုက် တိုင်းရင်းသား ပါတီတွေ အားကောင်းတာကို တွေ့ရပါတယ်။ တိုင်းရင်းသား ပါတီ အားကောင်းတဲ့ ဒေသတွေမှာ ပါတီကြီးတွေ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမယ်ဆိုရင် ကိုယ်စားလှယ် တွေရဲ့ အရည်အချင်းက အလွန်အရေးပါနေပါတယ်။ တိုင်းရင်း သား ဒေသက လူမျိုးစုတွေ ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ဖို့အ တွက် အတော်ကြီး ကြိုးစားနိုင်မှသာ ရနိုင်ပါလိမ့်မယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေမှာတော့ တခြားပါတီတွေအတွက် မျှော် လင့်ချက် နည်းပါးတဲ့ အနေအထား တစ်ခုပါ။

ရှမ်းပြည်နယ် အ တွင်းမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်က လူမျိုးစုအလိုက် တိုင်းရင်းသား ပါတီတွေ အားကောင်းတာကို တွေ့ရပါတယ်။ တိုင်းရင်းသား ပါတီ အားကောင်းတဲ့ ဒေသတွေမှာ ပါတီကြီးတွေ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမယ်ဆိုရင် ကိုယ်စားလှယ် တွေရဲ့ အရည်အချင်းက အလွန်အရေးပါနေပါတယ်။ တိုင်းရင်း သား ဒေသက လူမျိုးစုတွေ ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ဖို့အ တွက် အတော်ကြီး ကြိုးစားနိုင်မှသာ ရနိုင်ပါလိမ့်မယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေမှာတော့ တခြားပါတီတွေအတွက် မျှော် လင့်ချက် နည်းပါးတဲ့ အနေအထား တစ်ခုပါ။
.
လတ်တလော မြင်ရတဲ့ အနေအထားကတော့ နေရာအများ စုမှာ အတိုက်အခံ ပါတီကြီးတွေပဲ လွှမ်းမိုးနေဦးမယ် ထင်ပါတယ်။ သူတို့ ပါတီ ၂ ခုက အင်အား အကောင်းဆုံး အနေအထားမှာ ရှိ နေတာ မဟုတ်လား။ တိုင်းရင်းသားပါတီ အားကောင်းတဲ့ဒေသ တွေမှာတော့ ပါတီကြီးတွေ အနေနဲ့ ဝင်ပြိုင်နိုင်ဖို့ မလွယ်လောက် ဘူး။ သူတို့ရဲ့ မိတ်ဘက်ပါတီတွေကိုပဲ ဝန်းရံပေးရမယ့်သဘော မျိုး ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေ အဓိက လိုအပ်နေတာ က ပြည်သူအတွက် အမှန်တကယ် အလုပ်အကျွေး ပြုမယ့် အစိုး ရနဲ့ ပြည်သူ့ကိုယ်စားလှယ်ကိုပါ။ အခု အချိန်မှာ ပြည်သူတွေက ကိုယ့်အကြပ်အတည်းနဲ့ ကိုယ်ဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီး သိပ်စိတ်ဝင်စားမှု မရှိကြဘူး။ ပြည်သူတွေ စိတ်ဝင်စားမှု ရှိလာအောင် သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်တွေ အနေနဲ့ လုပ် ဆောင်သင့်တယ်လို့ ကိုမင်းမင်းက သူ့အမြင်ကို ဆက်ပြောပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)