တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 30, 2020

တစ်ပတ်တာ ကံကြမ္မာ

၂၀၂၀ ပြည်နှစ်၊ ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ရက်အထိ ၇ ရက် သား၊ သမီးများအတွက် တစ်ပတ်တာ ကံကြမ္မာများ ဖြစ်ပါသည်။
 .

       မိမိသိလိုနေသော ကိစ္စသိခွင့်ရလိမ့်မည်။ ငွေကြေးများ အနည်းငယ်ပြတ်လိမ့်မည်။ ဝင်နေ သော်လည်း မလုံလောက်နိုင်ပါ။ နေအိမ်ခြံဝင်းများ၊ တံခါးများကို ပြန်လည်ပြုပြင်ရလိမ့်မည်။ ငွေ ကြေးများ ဝင်နေသော်လည်း ခက်ခဲနေဆဲဖြစ်လိမ့်မည်။ ရုတ်တရက် ခရီးယာယီ သွားလာရမည်။ တန်ခိုးကြီး ဘုရား တစ်ဆူဆူသို့ ရောက်ပါမည်။ ငယ်သူအတွက် ငွေကုန်မည်။ ကုန်သည်များမှာ လုပ်ငန်းပုံစံ ပြောင်းလဲရတတ်ပါသည်။ ဝန်ထမ်းများမှာ နေရာရွှေ့ရန် ပေါ်ပေါက်မည်။ ပွဲစားများ မှာ မြေအရောင်း နည်းနည်းတည့်ပါမည်။ ငယ်သူများ အချစ်ရေး ကိစ္စတွင် ချစ်သူကလက်ဆောင် ပေးခြင်း၊ သတင်းကောင်းကြားခြင်း ကြုံမည်။ ကျန်းမာရေးတွင် ဒဏ်ရာအသေးစားရလိမ့်မည်။ ကံကောင်းစေသောဂဏန်းမှာ (ဝ/ ၁/ ၈)ဖြစ်သည်။ ယတြာ။ ဘုရားတွင် ဆွမ်းလှူပါ။



    ကား၊ ဆိုင်ကယ်ဝင်လိမ့်မည်။ မထင်မှတ်သော ငွေရလိမ့်မည်။ အိမ်နီးချင်းနဲ့ အငြင်းပွားရလိမ့် မည်။ အဝတ်အထည်များ ဝင်လာမည်။ အဟောင်းအဝင် မခံရ။ အိမ်သို့ဧည့်သည်လာပါမည်။ ပစ္စည်း အရောင်းထွက်ပါမည်။ ဆေးခန်းသွားရတတ်သည်။ အလုပ်ရှုပ်ထွေးနေလိမ့်မည်။ သ တင်းကောင်းကြားသိရမည်။ သူတစ်ပါးကိစ္စ ဖြေရှင်းပြောဆိုပေး ရမည်။ နေအိမ်ရှိစက်များ ပျက် လိမ့်မည်။ ကုန်သည်များမှာ အကြွေးကိစ္စ ဖြေရှင်းရလိမ့်မည်။ ဝန်ထမ်းများမှာ အပိုဝင်ငွေရ သော အလုပ်ပေါ်လာမည်။ ပွဲစားများမှာ အပေါင်ကိစ္စ အောင်မြင်ပါမည်။ ငယ်သူများ အချစ် ရေးတွင် ချစ်သူ၏ စိတ်ပူစရာသတင်း ကြားသိရမည်။ ကျန်းမာရေးတွင် လေနာခြင်း၊ အစာ အိမ်နာခြင်း ဖြစ်လိမ့်မည်။ ကံကောင်းစေသောဂဏန်းမှာ (၂/ ၄/ ၈)ဖြစ်သည်။  ယတြာ။    စေတီတွင် ကောက်ညှင်းပေါင်းလှူပါ။




    ရွှေနဲ့ လက်ဝတ်ရတနာများ ပြန်လည်ရောင်းရမည်။ မထင်မှတ်သော ဧည့်သည်လာမည်။ အရေးကြီးသော ကိစ္စများ ပေါ်ပေါက်လာမည်။ ငယ်သူတို့ ခိုက်ရန်ဖြစ်သဖြင့် စိတ်ရှုပ်ရမည်။ ကောင်းသောအလှူအသေးစား ပြုလုပ်ရမည်။ မိမိယုံကြည်ရသော သူက သစ္စာဖောက်လိမ့်မည်။ နေအိမ်သို့ သူခိုးဝင်လိမ့်မည်။ ပစ္စည်းအထားမှားခြင်း ကြုံမည်။ ကုန်သည်များမှာ ရောင်းကောင်း မည်။ ကုန်လှောင်သူများ အမြတ်ပြန်ရလာမည်။ ဝန်ထမ်းများမှာ ကြီးသူဖိအားပေး ခံရမည်။ ပွဲ စားများမှာ အရောင်းအဝယ် တန့်နေမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူဟောင်းနဲ့ ပြန်လည် ဆုံတွေ့ရလိမ့်မည်။ ကျန်းမာရေးတွင် ဖျားနာမည်။ သွေးတက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/ ၄/ ၇)ဖြစ်သည်။     ယတြာ။   ဘုရားတွင် သပြေလှူပါ။


    ကားရောင်းခြင်း၊ ကားဝယ်ခြင်း၊ ကားပြုပြင်ရခြင်း ကြုံမည်။ ထူးခြားသော အလုပ်အကိုင်များ ပေါ်လာမည်။ မနာလိုသူလည်း တွေ့ရလိမ့်မည်။ နေအိမ်ရှိလျှပ်စစ်ပစ္စည်းများ ပျက်လိမ့်မည်။ အစားကောင်း စားရလိမ့်မည်။ နေအိမ်သန့်ရှင်းရေး ဆောင်ရွက်ရမည်။ မထင်မှတ်သောသူနဲ့ လမ်းမှာဆုံတွေ့လိမ့်မည်။ မြှုပ်နေသော ငွေများရှိပါက ဝင်လာမည်။ ကုန်သည်များမှာ ပစ္စည်းအ သစ်များ တင်ရတတ်ပြီး ရောင်းကောင်းလိမ့်မည်။ ဝန်ထမ်းများ အလုပ်နေရာပြောင်းခြင်း၊ တာဝန် ပြောင်းခြင်း ကြုံတတ်ပါသည်။ ပွဲစားများမှာ မြေအပေါင်တည့်လိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ် သူအသစ်တွေ့ပါမည်။ ကျန်းမာရေးတွင် သွားကိုက်လိမ့်မည်။ ကံကောင်းစေသောဂဏန်းမှာ (ဝ/ ၄/ ၆)ဖြစ်သည်။     ယတြာ။    သံဃာတော်ကို တဘက်လှူပါ။


    မထွက်ရ ကြာပြီဖြစ်သော ခရီးသွားလာရမည်။ အလိုရှိသော ပစ္စည်းဝယ်ယူနိုင်ပါမည်။ လျှို့ ဝှက်ချက်များ ပေါက်ကြားလိမ့်မည်။ စိတ်ပျော်ရွှင်တစ်ဝက် ညစ်တစ်ဝက် ကာလမျိုးဖြစ်ပါသည်။ စားသောက်ဆိုင် ကောင်းရောက်လိမ့်မည်။ ငယ်ပေါင်းများနဲ့ ပြန်ဆုံမည်။ အိမ်အတွင်း အနည်း ငယ် အပြင်အဆင် ပြောင်းလဲရမည်။ စီးပွားရေး ပြေင်းလဲရန်၊ တိုးချဲ့ရန် ကြိုးစားအားထုတ်မည်။ ကုန်သည်များမှာ အကြွေးအချို့ ပြန်ရမည်။ ဝန်ထမ်းများမှာ ရှုပ်ထွေးသော အလုပ်များ ပေါ် ပေါက်နေပါမည်။ ပွဲစားများမှာ ငွေချေးငှား သုံးစွဲရမည်။ ငယ်သူများ အချစ်ရေး ကိစ္စတွင် ချစ်သူ ကြောင့် အပူများနေလိမ့်မည်။ ကျန်းမာရေး ကိစ္စတွင် သွားနာမည်၊ ကိုက်မည်။ ကံ ကောင်းစေသောဂဏန်းမှာ (၂/ ၅/ ၈)ဖြစ်သည်။     ယတြာ။    စေတီမှာ ရေလှူပါ။


    ခရီးဝေးထပ်သွားရမည်။ ခရီးဆက်နေလိမ့်မည်။ နေအိမ်ဆေးသုတ်ရလိမ့်မည်။ ကျောက်ပြား ခင်းခြင်း၊ အနည်းငယ်မွမ်းမံခြင်း ပြုလုပ်ရမည်။ မိတ်ဆွေကောင်းတို့၏ အကူအညီ ရလိမ့်မည်။ ရွှေပြန်ထွက်တတ်သည်။ အပူသည် အိမ်ရောက်လာမည်။ ညအိပ်လက်မခံသင့်ပါ။ တန်ဖိုးကြီး ပစ္စည်း လက်ဆောင်ရမည်။ စီးပွားရေး အကွက်ကောင်းတွေ့သောကြောင့် အမြတ်များများရ လိမ့်မည်။ ကုန်သည်များမှာ အရောင်းအဝယ်ကောင်းမွန်လာမည်။ ဝန်ထမ်းများခွင့်ယူရမည်။ ပွဲစားများ အိမ်အရောင်းတည့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူစိတ်ကောက်နေသော ကြောင့် စိတ်ညစ်ရမည်။ ကျန်းမာရေးကိစ္စတွင် လေနာမည်။ အစားမှားမည်။ ကံကောင်း စေသောဂဏန်းမှာ (၃/ ၆/ ၉)ဖြစ်သည်။     ယတြာ။    စေတီမှာ အကြော်လှူပါ။


     အမွေကိစ္စများ၊ ကြွေးကိစ္စများ ဆောင်ရွက်ရမည်။ စီးပွားရေး အလုပ်အကိုင်များ အသစ်ပေါ် ပေါက်လာမည်။ သူခိုးဘေးကြုံမည် သတိထားပါ။ သားသမီးပညာရေးကိစ္စတွင် စိတ်မောနေရ မည်။ အစိုးရဆက်စပ်သော ရုံးတစ်ခုခု သွားလာရမည်။ အမြန်ချောပို့ ကိစ္စများ ဆောင်ရွက်ရမည်။ စက်ပစ္စည်း ပျက်စီးတတ်ပါသည်။ သတိထားပါ။ မိတ်ဆွေကောင်းတွေ့ပါမည်။ ကုန်သည်များမှာ အရောင်းအဝယ် ကောင်းလာလိမ့်မည်။ ဝန်ထမ်းများမှာ ကံပြန်ကောင်းလာသဖြင့် လာဘ်ကောင်း မည်။ စိတ်ပျော်လာမည်။ ပွဲစားများ အပေါင်ဖြစ်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ အ လည်သွားရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ဆီးပူခြင်း၊ ဆီးအောင့်ခြင်း နည်းနည်းကြုံပါမည်။ ကံကောင်းစေသောဂဏန်းမှာ (၂/ ၅/ ၉)ဖြစ်သည်။  ယတြာ။    စေတီတွင် ထီးနီ ၁၀ လက် လှူပါ။


No comments:

Post a Comment

Journal Download

Photo of three cats

About