ရပ်စောက်တွင် အသွားအလာ ကန့်သတ်ထားသူ တစ်ဦး အသက်ရှူ ကြပ်လာသဖြင့် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်တွင် အသွားအလာ ကန့်သတ်ထားသူ တစ်ဦး အသက်ရှူ ကြပ်လာသဖြင့် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေ


ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် Quarantine ဝင်နေသူ အမျိုးသား တစ်ဦး အသက်ရှူ ကြပ်လာသဖြင့် ယနေ့ (ဇွန်လ ၂၂ ရက်)၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
.

သူက သွေးတိုးရောဂါ ရှိတယ်။ ​သွေးကျဆေးလည်း ပုံမှန် မသောက်ထားဘူး။ အသက်ရှူ ကြပ်တာပါ။ အဆုတ်ထဲ ရေဝင်တဲ့ လက္ခဏာလည်း တွေ့ရတယ်။ သူက တောင်ကြီးမှာပဲ ဆေးကုချင်တယ်ဆိုလို့ တောင်ကြီးမှာပဲ ထားဖို့ လုပ်တာပါ။ သူ့ရဲ့ ဓာတ်ခွဲနမူနာက စစ်ဆေးပြီးသား၊ ပိုးမတွေ့ အဖြေ ထွက်တယ်။ ထပ် စစ်ဖို့တော့ မရှိသေးဘူးဟု ရှမ်းပြည်နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အမျိုးသားသည် ထိုင်းနိုင်ငံမှ ပြန်လာပြီးနောက် ရပ်စောက်မြို့Quarantine ဝင်နေသော တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ဆည်ကြီးရွာမှ ဖြစ်ပြီး အသက်ရှူ ကြပ်လာသဖြင့် ရပ်စောက် ပြည်သူ့ဆေးရုံမှ တစ်ဆင့် တောင်ကြီး စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats