COVID-19 ပိုးတွေ့ လူနာ ၃ ဦး ​တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, June 28, 2020

COVID-19 ပိုးတွေ့ လူနာ ၃ ဦး ​တွေ့ရှိ

COVID-19 ပိုး​တွေ့ အတည်ပြုလူနာ ၃ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇွန်လ ၂၈ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တ​လေး) နှင့် ရန်ကုန်မြို့ရှိ တပ်မ​တော် ​ဆေးရုံတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၁၈၂ ခုအနက် ၃ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
အဆိုပါ အတည်ပြုလူနာများမှာ ရန်ကုန်တိုင်း​ဒေသကြီး၊ လှိုင်မြို့နယ်၌ အသွားအလာ ကန့်သတ်ထား​သော အိန္ဒိယနိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိသည့် အမျိုးသားများ ဖြစ်​ကာ ၄င်းတို့အား တပ်မ​တော် အသည်း​ရောဂါ အထူးကု​ဆေးရုံ၌ ​ဆေးကုသမှု ​ပေးမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇွန်လ ၂၈ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၉၉ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၁၈ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats