COVID-19 ပိုးတွေ့လူနာ ၁၁ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ ၁၁ ဦး တွေ့ရှိ

COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၁ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇွန်လ ၁၁ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။


အဆိုပါ အတည်ပြုလူနာများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိ၍ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူ ၁ ဦး၊ အိန္ဒိယ နိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိ၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ်တို့တွင် အသွားအလာ ကန့်သတ်ထားသူ ၉ ဦး၊ အသွားအလာ ကန့်သတ်ထားခြင်း မရှိသူ ၁ ဦးတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)နှင့် ​ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) တို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၂၉၇ ခုအနက် ၁၁ ဦးတွင် COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇွန်လ ၁၁ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၆၀ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၁၆၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ ၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats