COVID-19 ပိုးတွေ့လူနာ ၂ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ ၂ ဦး တွေ့ရှိ


COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၂ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇွန်လ ၁၀ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြုလူနာများမှာ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကာ ၎င်းတို့သည် ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့ဖူးခြင်း မရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိသူများ ဖြစ်ပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကြောင်း သိရသည်။
.

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာနနှင့် ​နေပြည်​တော်ရှိ တပ်မ​တော်​ဆေးရုံတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၇၈၅ ခုအနက် ၂ ဦးတွင် COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇွန်လ ၁၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၄၈ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၁၆၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ ၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats