မိုင်းယောင်းမြို့နယ်ရှိ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မိုင်းယောင်းမြို့နယ်ရှိ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

စိုင်းအောင်ဇော်လင်း

.

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် လော့ငိုး၊ ဝမ်တုံ့၊ ဟိုရမ်း၊ ဝမ်တောင်း၊ ဝမ်ဆလီ၊ ဝမ်တပ်၊ ဝမ်ဘန်း၊ ဟိုနားနှင့် ဝမ်ကုန်ကျေးရွာများရှိ ရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မှု များ ပြီးစီးပြီဖြစ်သဖြင့် ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။

.

.

“အရင်က မိုးတွင်းဆိုရင် သွားလာရ ခက်ခဲပြီး အခုလို ကွန်ကရစ်လမ်း ခင်းပြီးသွားတော့ ကျောင်းသား/သူတွေ၊ ရွာသူ/သားတွေ သွားရေးလာရေး အဆင်ပြေချောမွေ့ပြီး ကျေးလက်လူနေမှုအဆင့်အတန်း မြင့်မားရေးကို အထောက်အကူပြုမှာဖြစ်ပါတယ်” ဟု မိုင်းယောင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

.

အဆိုပါရွာတွင်းလမ်းများသည် အရှည် ၁၃၀၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats