ရွာငံတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများ ဝေငှ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများ ဝေငှ


ရွှေရည်ဦး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ တောင်ကြီး-မန္တလေး ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် ယနေ့ မေလ ၃ ရက်၊ နံနက်ပိုင်းက COVID-19 ‌ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဒေသခံပြည်သူများ အား နှာခေါင်းစည်း (Mask) များ အခမဲ့ ဝေငှပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ပြလုပ်ခဲ့ကြောင်း သိရသည်။
.
.
“ဒီနေ့ ရွာငံဈေးနေ့ပါ။ ဒီမှာက ငါးရက်တစ်ဈေးပဲ ရှိပါတယ်။ မြို့နယ်တွင်းမှာရှိတဲ့ ရွာတွေကလည်း ‌အများဆုံး လာကြ ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရန်‌/ရှောင်ရန်တွေကို သူတို့သိအောင် ရှင်းပြရတာပေါ့။ ဒီနေ့မှာ နှာခေါင်းစည်း ၁၀၀၀ ဝေခဲ့ပါတယ်” ဟု ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ နှာခေါင်းစည်းများကို ရွာငံမြို့နယ် အမျိုးသမီးပရဟိတအဖွဲ့မှ ဒေါက်တာလှသူဇာအောင်နှင့် မစု မမိုးနိုင် တို့မှ ဦးဆောင်ချုပ်လုပ် လှုဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats