ရွာငံမြို့နယ်ရှိ မိန်းမရဲသခင်မတောင်သို့ လည်ပတ်သူအချို့ ရှိလာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 29, 2020

ရွာငံမြို့နယ်ရှိ မိန်းမရဲသခင်မတောင်သို့ လည်ပတ်သူအချို့ ရှိလာနေ


စုလှိုင်
.
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိ အထင်ကရ ဘုရား၊ စေတီများ နှင့် အပန်းဖြေရာ နေရာများအား ဝင်ရောက်ခွင့် ပိတ်ပင်ထားသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် အတွင်းရှိ မိန်းမရဲသခင်မတောင်တွင် ဘုရားဖူး လာရောက်လည်ပတ်သူအချို့ ရှိနေကြောင်း သိရသည်။
.
 
.
“မိန်းမရဲတောင်ကတော့ ဖွင့်နေပြီ။ ရပ်ဝေးခရီးသွားတွေတော့ မလာသေးဘူး။ အနီးအနားတစ်ဝိုက်ကသူတွေတော့ လာလည်နေကြပြီ။ ရေပြာအိုင်နဲ့ တောကြယ်ရေတံခွန်တွေကတော့ ပိတ်ထားတုန်းပဲ” ဟု မိန်းမရဲသခင်မတောင်တွင် လက်ဆောင်ပစ္စည်း ရောင်းချသူ တစ်ဦးက ပြောသည်။
.
“လူတော့ သိပ်မရှိသေးဘူး။ နည်းနည်းတော့ရှိတယ်။ ရေပြာအိုင်နဲ့ တောကြယ်ကတော့ ပိတ်ထားတုန်းပဲလို့ ပြောတယ်” ဟု ရွာငံမြို့သို့ အလုပ်ကိစ္စဖြင့် ခရီးသွားရောက်ခဲ့သူ တစ်ဦးကလည်း ၎င်း၏အတွေ့အကြုံကို ပြောဆိုခဲ့သည်။
.
ရွာငံမြို့သည် တောင်ကြီး - အောင်ပန်း - မန္တလေး သွားကား လမ်းမကြီးပေါ်တွင် တည်ရှိပြီး လမ်း ပန်းဆက်သွယ်ရေး ကောင်းမွန် သောမြို့နယ်ဖြစ်ကာ ရေပြာအိုင်၊ တောကြယ်ရေတံခွန်နှင့် ပြဒါးလင်းဂူ၊ အရှေ့မြင်အနောက်မြင် တောင်စသည့် ခရီးသွားဧည့်သည်များ ဝင်ရောက် လည်ပတ်ရာ နေရာများလည်းအများ အပြား တည်ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About