ရွာငံတွင် ဘိန်းစိမ်းသယ်ဆောင်လာသူ ၂ ဦးအား ဆက်တိုက် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 29, 2020

ရွာငံတွင် ဘိန်းစိမ်းသယ်ဆောင်လာသူ ၂ ဦးအား ဆက်တိုက် ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အောင်ပန်း-ရွာငံသွား ကားလမ်းပေါ်တွင် မေလ ၂၈ ရက်၊ ညပိုင်းက ဘိန်းစိမ်းသယ်ဆောင်လာသူ ၂ ဦးအား ဆက်တိုက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၂၈ ရက်၊ ည ၁၀ နာရီခန့်က ရွာငံမြို့နယ်၊ အောင်ပန်း-ရွာငံသွား ကားလမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် အောင်ပန်းဘက်မှ ရွာငံဘက်သို့ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နေ အောင်ဇော်မိုး (၂၆ နှစ်) မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းနှင့် ဆိုင်ကယ်တူးဘောက်အတွင်းတို့မှ ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် ဘိန်းစိမ်း အလေးချိန် ၃၄ ဒသမ ၅ ကီလို၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၀၇ သိန်းအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
အလားတူ အဆိုပါနေရာတွင်ပင် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က အောင်ပန်းဘက်မှ ရွာငံဘက်သို့ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နေ ကျော်နိုင် (ခ) ကျော်ခိုင် (၄၅ နှစ်) စီးနင်းမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၂၁ ကီလို၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂၆ သိန်းအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါဖမ်းဆီးရမိခဲ့သည့် ဘိန်းစိမ်းများနှင့်စပ်လျဉ်း၍ ရွာငံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About