နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊
မြို့ကြီးကျေးရွာအုပ်စု၊ မြို့ကြီးကျေးရွာအနီး လမ်းဘေးတွင် မေလ ၆ ရက်၊ နေ့လယ်ပိုင်းက
ကျောက်တုံးဖြင့် ဖိထားသည့် ဘိန်းစိမ်းများ ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း
သိရသည်။
.
.
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နေ ဦးဇော် (၄၂ နှစ်)နှင့်
ဇနီးဖြစ်သူ ဒေါ်ခင်မာဌေးတို့သည် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးရှိ တောအတွင်းသို့
ဆူးပုတ်ခူးရန် သွားရောက်စဉ် လမ်းဝဲဘက်ရှိ ကျောက်တုံးများဖြင့်
ဖိထားသည့် ဆာလာအိတ် တစ်ထုတ်အားတွေ့ရှိကာ သက်ဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ ဆာလာအိတ်အတွင်း အဝါရောင်တိတ်များဖြင့် ပတ်ထားသည့် ဘိန်းစိမ်းဟု
ယူဆရသည့် အနက်ရောင် အစေး ထုပ်တစ်ထုပ် ၁ ဒသမ ၅ ကီလိုပါ ၂၁ ထုပ်နှင့် ပေါက်ပြဲထုပ် ၁
ထုပ် စုစုပေါင်း ၂၂ ထုပ်တွင် ၃၂ ဒသမ ၅ ကီလို ကာလ တန်ဖိုး ၁၉၅ သိန်းခန့်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.