နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြေသာကျေးရွာတွင် မေလ ၁ ရက်က ဖခင်ဖြစ်သူမှ သားအရင်းအား ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ရွာငံမြို့နယ်၊ ပြေသာကျေးရွာနေ ဦးလှဆောင် (၇၂ နှစ်)သည် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ခြင်း မရွိဘဲ နေ့စဉ် မူးယစ်သောက်စားနေသော သားဖြစ်သူ ဝင်းနိုင်ထူး (၃၂ နှစ်)အား နေအိမ်မှ နှင်ချထားရာ သားဖြစ်သူ ဝင်းနိုင်ထူးမှ အရက်သေစာ သောက်စား၍ နေအိမ်သို့ ပြန်လာကာ ဖခင်ဖြစ်သူနှင့် စကားများ ရန်ဖြစ်ရာ ဖခင်ဖြစ်သူမှ ကိုင်ထားသည့် အရိုးအသွား ၁၈ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် သားဖြစ်သူ ဝင်းနိုင်ထူးအား ရင်ဝ ၁ ချက်၊ ယာလက်မောင်း ၁ ချက် ဓားဖြင့် ခုတ်ခဲ့ရာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမှုမှ သေဆုံးသူ၏ ရုပ်အလောင်းအား ရွာငံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဦးလှဆောင်အား ရွာငံမြို့မရဲစခန်းတွင် (ပ)၂၇/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
Saturday, May 2, 2020

ရွာငံတွင် ဖခင်ဖြစ်သူမှ သားအရင်းအား ဓားဖြင့်ခုတ်သတ်
Tags
# မှုခင်း
# ရွာငံ
# ရှမ်းတောင်သတင်းများ
Share This
About Kanbawza Tai News
ရှမ်းတောင်သတင်းများ
Tags
မှုခင်း,
ရွာငံ,
ရှမ်းတောင်သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment