ရွာငံတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးအား သက်ငယ်မုဒိမ်း ကျူးလွန်မှုဖြစ်ပွားပြီး ကလေးငယ် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးအား သက်ငယ်မုဒိမ်း ကျူးလွန်မှုဖြစ်ပွားပြီး ကလေးငယ် သေဆုံး


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ကျွန်းကြီးကျေးရွာအုပ်စု၊ မြစ်ဆုံကျေးရွာတွင် မေလ ၂ ရက်က အသက် ၇ နှစ်အရွယ်ရှိ မိန်းကလေးအား သက်ငယ်မုဒိမ်းမှုဖြစ်ပွားကာ သေဆုံးခဲ့ကြောင်း သိရသည်။
.
.
ရွာငံမြို့နယ်၊ ကျွန်းကြီးကျေးရွာအုပ်စု၊ မြစ်ဆုံကျေးရွာနေ အသက် ၇ နှစ်အရွယ် မိန်းကလေးသည် မေလ ၂ ရက်၊ နံနက် ၈ နာရီခန့်က ဦးလေးဖြစ်သူ ဦးဇော်လင်း၊ အဒေါ် ဒေါ်သန်းနွဲတို့နှင့်အတူ ရွာအနောက်ဘက်ရှိ မုန်လာစိုက်ခင်းသို့ လိုက် သွားရာမှ ညနေ ၄ နာရီအချိန်တွင် ပြန်လည်မရောက်ရှိလာသဖြင့် လိုက်လံရှာဖွေရာ ညနေ ၆ နာရီခွဲခန့်တွင် ဦးခေါင်းမှ သွေးထွက်ဒဏ်ရာ၊ ခန္ဓာကိုယ်အောက်ပိုင်း အဝတ်ဗလာနှင့် မိန်းမကိုယ်အင်္ဂါတွင် သွေးထွက် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် မသင်္ကာသူများအား လိုက်လံရှာဖွေရာ မုန်လာစိုက်ခင်း တဲအနီး၌ ယင်းနေ့ ည ၇ နာရီအချိန်ခန့်က မြစ်ဆုံကျေးရွာနေ မျိုးဝင်းအောင်(၁၈ နှစ်)ဆိုသူအား စစ်ဆေးမေးမြန်းရာ ၇ နှစ်အရွယ်ကလေးအား ကျူးလွွန်ကြောင်း ဝန်ခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မျိုးဝင်းအောင်အား ဥပဒေအရ အရေးယူပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကျူးလွန်သူအား ရွာငံမြို့မ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကာ (၂၈ /၂၀၂၀) ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats