ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်နေ
အသက် မပြည့်သေးသော မိန်းကလေး ငယ်အား မေလ ၄ ရက်က ၎င်း၏ချစ်သူ ဆိုသူမှ အလိုမအတူဘဲ သားမယားပြုကျင့်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်နေ အသက် ၁၄ နှစ်အရွယ် ကျောင်းသူအား
ရပ်စောက်မြို့၊ မြောက်ကွက်သစ် ရပ်ကွက်နေ ၎င်း၏ချစ်သူ ဆိုသူ ဘုန်းပြည့်မောင် (ခ) ပြည့်ကြီး
(၁၉ နှစ်) မေလ ၄ ရက်၊ ည ၇ နာရီအချိန်တွင် မိုးမခတောင်ခြေရှိ
လူသူမရှိသည့် သရက်ခြံတစ်ခုသို့ ခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယား ပြုကျင့်မှု ၂
ကြိမ်၊ မေလ ၅ ရက်၊ နံနက် ၉ နာရီတွင် ဟိုပင်ကျေးရွာအနီးရှိ လူသူမရှိသည့် သရက်ခြံအတွင်း
တစ်ကြိမ်၊ စုစုပေါင်း ၃ ကြိမ် သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြုကျင့်တဲ့သူ အိပ်ပျော်နေတုန်း သူ့ဖုန်းကို ကလေးမကယူပြီး သူ့ဦးလေးကို
ဖုန်းဆက်ခေါ်တယ်။ ဒါနဲ့ ဦးလေးက ဆိုင်ကယ်နဲ့ အိမ်ပြန်ခေါ်လာတာ။ ရဲစခန်းမှာ အမှုလာဖွင့်တာကတော့
မေလ ၆ ရက်ပါ။ ဟု ရပ်စောက်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
“အလိုမတူဘဲ မုဒိမ်းမှုဖြစ်တာ မဟုတ်ပါဘူး။ သူတို့ချင်း ချစ်သူရည်စားဖြစ်တာပါ။
အသက်မပြည့်သေးလို့ ကလေးက အပြစ်ခံရမှာကို လက်ခံပါတယ်” ဟု ပြစ်မှုကျူးလွန်သူ၏ ဆွေမျိုးနီးစပ်သူ
တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသူ မိန်းကလေးငယ်အား
အလိုမတူဘဲ သားမယားပြုကျင့် ခဲ့သူ ဘုန်းပြည့်မောင် (ခ) ပြည့်ကြီး အား ရပ်စောက်မြို့မရဲစခန်းတွင်
(ပ)၅၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.