ရပ်စောက်တွင် အရက်သေစာ အတူသောက်စားရာမှ လူသတ်မှုဖြစ်ပွား - Kanbawza Tai News

Breaking

Sunday, May 17, 2020

ရပ်စောက်တွင် အရက်သေစာ အတူသောက်စားရာမှ လူသတ်မှုဖြစ်ပွား


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် မေလ ၁၅ ရက်၊ ညနေပိုင်းက အရက်သေစာ အတူ သောက်စားရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
သေဆုံးသူမှာ ရပ်စောက်မြို့၊ ဗထူးရပ်ကွက်နေ ဦးသိန်းထွန်း (၅၂ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် မေလ ၁၅ ရက်၊ ညနေပိုင်းက ဥတ္တံတားရပ်ကွက်နေ ဇော်ထွေး (၃၂ နှစ်) ဆိုသူနှင့်အတူ ရပ်စောက်မြို့မသုဿာန်အတွင်း အရက်သေစာ အတူသောက်စားနေစဉ် ဇော်ထွေး မှ အရိုး/အသွား ၁၁ လက်မခန့်ရှိ ဓါးဦးချွန် ဓါးမြောင်ဖြင့် ဦးသိန်းထွဋ်၏ လည်ပင်အား လှီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ဇော်ထွေးအား ရပ်စောက်မြို့မရဲစခန်းမှ (ပ)၅၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats