ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဟွှေးကျေးရွာအုပ်စုတွင်
မေလ ၁၃ ရက်၊ ညနေပိုင်းက ဖခင်မှ သားဖြစ်သူအား ဓါးဖြင့်ခုတ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
ရပ်စောက်မြို့နယ်၊ ဟွှေးကျေးရွာအုပ်စု၊ လွယ်ဟောင်းကျေးရွာ၏ အရှေ့မြောက်ဘက်၊
ပန်ဆေးကျေးရွာရှိ တောင်ယာ တဲစုတွင် မေလ ၁၃ ရက်၊ ညနေ ၄ နာရီအချိန်ခန့်က ဖခင်ဖြစ်သူ ဦးထွန်းနေ
(၅၅ နှစ်) မှ ၎င်း၏ သားဖြစ်သူ မောင်ဦး (၃၀ နှစ်) အား အလုပ်လုပ်ကိုင်ခြင်းမရှိဘဲ အရက်သေစာ
သောက်စားနေသည့်အတွက် ဆူပူကြိမ်းမောင်းရာမှ အချင်း များခဲ့ပြီး သားဖြစ်သူမှ အနီးရှိ
အရိုးအသွား ၂ ပေခွဲခန့်ရှိ ထင်းခုတ်ဓါးဖြင့် ဖခင်အား ခုတ်မည်ပြုစဉ် ဖခင်က ဓါးအား လုယူ၍
သားဖြစ်သူ၏ ဝဲဘက်ပခုံး လယ်ဂုတ်နေရာအား ပြန်ခုတ်ခဲ့ရာ မောင်ဦးမှာ အခင်းဖြစ်နေရာတွင်
သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုမှ သားဖြစ်သူ မောင်ဦးအား ဓါးဖြင့်ခုတ်ခဲ့သူ ဦးထွန်းနေ
(၅၅ နှစ်) အား ရပ်စောက်မြို့မရဲစခန်းမှ (ပ)၅၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်
အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.