ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊
ညောင်သုံးပင် ကျေးရွာတွင် မေလ ၁၈ ရက်၊ ညပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့်
ကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်း (ညောင်သုံးပင်) နှင့် လူနေအိမ် ၅ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း
သိရသည်။
.
.
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ညောင်သုံးပင်ကျေးရွာနေ
ဦးဇေယျာထွန်း၊ ဦးဘီနူး၊ ဦးမင်းဇော်၊ ဦးထူးနှင့် ဦးထွန်းထွန်းစိုးတို့၏ သွပ်မိုးထရံကာ
အိမ်များ အမိုးလန်ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ၅၂၅၀၀၀ ကျပ် ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အလျား ၅၀ ပေ၊ အနံ ပေ ၃၀ ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း
(ညောင်သုံးပင်)၏ ၁၀ ပေခန်းတစ်ခန်း တွင် ခေါင်မိုးသွပ်များ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး
ကျပ် ၅၀၀၀၀ ရှိခဲ့ကြောင်း သိရသည်။
.