ရပ်စောက်မြို့နယ်၌ ပုပ်ပွနေသော အလောင်း တစ်လောင်း တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်၌ ပုပ်ပွနေသော အလောင်း တစ်လောင်း တွေ့ရှိ


ထမံသီ
.
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ရေသပြေ ကျေးရွာ အနောက်တောင်ဘက် နောင်စံကား သစ်တောအတွင်းရှိ သစ်စိမ့်ပင်အောက်၌ ပုပ်ပွနေသော လူသေ အလောင်း တစ်လောင်းကို မေလ ၉ ရက်၊ ညနေပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လူသေအလောင်း တွေ့ရှိသော သတင်းအရ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ပင်လုံကျေးရွာနေ အသက် ၃၁ နှစ်အရွယ် ကိုနေထွန်း ဆိုသူ ဖြစ်ပြီး ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ ပက်လက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး အလောင်း အနီး၌ ပိုးသတ်ဆေးရည် အနည်းငယ် ပါသည့် ပိုးသတ်ဆေးဘူးကိုပါ တွေ့ရှိခဲ့ရကြောင်း သိရသည်။
.

သေဆုံးသူ ကိုနေထွန်းသည် လွန်ခဲ့သော ၇ ရက်ခန့်က နေအိမ်မှ ထွက်သွားခြင်း ဖြစ်ပြီး၊ ယခင် သွားလာတတ်သည့် နေရာများအား လိုက်လံ ရှာဖွေသော်လည်း မတွေ့ရှိဘဲ မေလ ၉ ရက်၊ ညနေ၌  အစ်ကို ဖြစ်သူ ဦးမောင်ရွှေမှ အမဲလိုက်သွားစဉ် သေဆုံးလျက် အနေအထားဖြင့် တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးမှုမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို ရပ်စောက်မြို့မရဲ စခန်းမှ သေမှုသေခင်း အမှတ်စဉ်(၈/၂၀၂၀) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။    

Journal Download

Photo of three cats