ရပ်စောက်တွင် လက်နက်ခဲယမ်းများ ကိုင်ဆောင်ထားသူ ရလလဖ အဖွဲ့ဝင်ဟောင်းများအား ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 30, 2020

ရပ်စောက်တွင် လက်နက်ခဲယမ်းများ ကိုင်ဆောင်ထားသူ ရလလဖ အဖွဲ့ဝင်ဟောင်းများအား ဖမ်းဆီး


စိုင်းသိခ်သူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်း တရားမဝင် စုဖွဲ့ကာ လက်နက်ခဲယမ်းများ ကိုင်ဆောင်ထားသူ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ဝင်ဟောင်းများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
.
.
ရပ်စောက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူပေါင်းအဖွဲ့သည် မေလ ၂၈ ရက်၊ နံနက် ၁၀ နာရီခန့်က ရပ်စောက်မြို့နယ်၊ ရေဝန်ကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ယခင် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးအဖွဲ့မှ အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးခွန်မောင်ဦး အပါအဝင် အမျိုးသား ၁၁ ဦး၊ မိသားစုဝင် ၁၃ ဦးနှင့် မူးယစ် ဆေးဖြတ်ရန်ဟုဆိုကာ စုစည်းထားသူ ၁၃ ဦးတို့ကို လက်နက်မျိုးစုံ ၁၁ လက်၊ ကျည်မျိုးစုံ ၁၁၇ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ စကားပြောစက် ၇ လုံး၊ လက်ကိုင်ဖုန်း ၃ လုံး၊ မော်တော်ယာဉ် ၂ စီး၊ မော်တော်ဆိုင်ကယ် ၂ စီး၊ ယူနီဖောင်းများနှင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရမိသူများကို ဥပဒေ အရ အမှုဖွင့်အရေးယူနိုင်ရေးအတွက် ရပ်စောက်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.

  • ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) သည် ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်က နိုင်ငံ​တော်သို့ လက်နက် အပြီးပိုင် အပ်နှံခဲ့သည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About