“၀” ဒေသ၌ ရွှေဆိုင်ဓားပြတိုက်၍ လူသတ်မှုကျူးလွန်သူများအား UWSA က သေဒဏ်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“၀” ဒေသ၌ ရွှေဆိုင်ဓားပြတိုက်၍ လူသတ်မှုကျူးလွန်သူများအား UWSA က သေဒဏ်ပေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌ ရွှေဆိုင်ကို ဓားပြတိုက် လုယက်၍ လူသတ်မှု ကျူးလွန်ခဲ့သူ ၃ ဦးအား UWSA တပ်ဖွဲ့က ဒေသခံ အများ ရှေ့မှောက်တွင် သေဒဏ် စီရင်ခဲ့ကြောင်း UWSA ပြင်ပဆက်ဆံရေးရုံးတာ၀န်ခံ ဦးညီရမ်းထံမှ သိရသည်။
.

“ ရွှေဆိုင်မှာ ၀င်ပြီးတော့ ဓားပြ တိုက်ပြီးမှ ဆိုင်ရှင်ကို သတ်သွားတာပေါ့နော်။ မနေ့က နမ့်တစ်မြို့ တရားရုံးက သေဒဏ် ချမှတ်တယ်။ ကွင်းပြင်မှာ အများပြည်သူ ရှေ့မှောက်မှာ အများပြည်သူ မြင်သာအောင် အမိန့် ချပြီးမှ သတ်မှတ်ထားတဲ့ နေရာမှာ ကွပ်မျက် လိုက်တယ်လို့ သိရတယ်။ ဒီ ကွက်မျက်တဲ့ ဖြစ်စဉ်တွေက အရင်ကတည်းက လုပ်နေတဲ့ ကျွန်တော်တို့ ‘၀’ ပြည်နယ်ရဲ့ ဥပေဒ တစ်ခုပဲ လုပ်ထုံးလုပ်နည်းအရ လုပ်လေ့လုပ်ထ ရှိတဲ့ ကိစ္စတစ်ခုပါပဲ။ အများပြည်သူရှေ့မှာ သက်သေ အထောက်အထားတွေ ချပြပြီးမှ စီရင်ချက် ချတာပေါ့။” ဟု ဦးညီရမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ နမ့်တစ်မြို့ရှိ ရွှေဆိုင် တစ်ဆိုင်အား ပြီးခဲ့သည့် မေလ ၂ ရက်တွင် တရုတ်နိုင်ငံသား ၃ ဦးမှ ၀င်ရောက်လုယက်၍ ဆိုင်ပိုင်ရှင်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ယင်း တရားခံများအား ဖမ်းဆီးပြီးနောက် မေလ ၁၅ ရက်တွင် နမ့်တစ်မြို့ ၌ ပြစ်ဒဏ်များအား
ကြေညာကာ သေဒဏ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats