UWSA တပ်ဖွဲ့နှင့် မူးယစ်ဆေးသယ်ဆောင်သူများ တိုက်ပွဲဖြစ်၊ စိတ်ကြွဆေးပြား ၃၄ သိန်းကျော်နှင့် ၂ ဦး ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

UWSA တပ်ဖွဲ့နှင့် မူးယစ်ဆေးသယ်ဆောင်သူများ တိုက်ပွဲဖြစ်၊ စိတ်ကြွဆေးပြား ၃၄ သိန်းကျော်နှင့် ၂ ဦး ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် မေလ ၁၄ ရက်၊ ညပိုင်းက UWSA တပ်ဖွဲ့နှင့် မူးယစ်ဆေး သယ်ဆောင်သူများ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စိတ်ကြွဆေးပြားပေါင်း ၃၄ သိန်းကျော်နှင့် လူ ၂ ဦးကို UWSA တပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။
.
“ ပုံပါကျင်နဲ့ မုန်းကျွပ်ကြား အဲဒီမှာ မိတာ။ ဆေးပြားက ၃၄၁၀၀၀၀ ရှိတယ်။ ဖမ်းမိတာတွေကို အပ်ဖို့ လုပ်နေပြီ။” ဟု UWSA တပ်ဖွဲ့မှ တာချီလိတ် ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ပိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဓါတ်ပုံ - ဦးညီရမ်း
 မူးယစ်မှောင်ခိုအဖွဲ့ မြန်မာ-ထိုင်းနယ်စပ် ဖြတ်ကျော်မည့် သတင်းအရ UWSA တပ်ဖွဲ့မှ နယ်စပ် တစ်လျှောက် မြန်မာ-ထိုင်းနယ်စပ် ၃ မိုင်အနီး လွယ်ထွေးတောင်ကျောနေရာ၌ ကင်းလှည့်နေစဉ် မေလ ၁၄ ရက်၊ ည ၉ နာရီခန့်တွင် မူးယစ်မှောင်ခိုသမား ၄၀ ခန့်အား တွေ့ရှိပြီး ရပ်တန့် မေးမြန်းရာ တစ်စုံတရာ ဖြေကြားမှု မရှိသည့်အပြင် သေနတ်ဖြင့် ပစ်ခတ်လာခြင်းကြောင့် UWSA တပ်ဖွဲ့က ပြန်လည် ပစ်ခတ် ဖမ်းဆီးရာ ၁ ဦးကို အရှင်၊ ၁ ဦးကို အသေ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းနောက် UWSA တပ်ဖွဲ့က မူးယစ်မှောင်ခိုအဖွဲ့အား ဆက်လက် ရှာဖွေမှုများ ပြုလုပ်ရာ မေလ ၁၅ ရက်၊ နံနက် ၄ နာရီခန့်တွင် WY999 စာတမ်းပါ အထုပ်ကြီး ၃၅ ထုပ်နှင့် အသေး ၁ ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၄၁၀၀၀၀ ကို တွေ့ရှိခဲ့ပြီး ကျန်ထွက်ပြေး လွတ်မြောက်နေသူများကို ဆက်လက် ရှာဖွေနေလျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats