ကွတ်ခိုင်မြို့အနီးတွင် တပ်မ​တော် ယာဉ်တန်းအား TNLA အဖွဲ့က တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 29, 2020

ကွတ်ခိုင်မြို့အနီးတွင် တပ်မ​တော် ယာဉ်တန်းအား TNLA အဖွဲ့က တိုက်ခိုက်

ရှမ်းပြည်နယ် ​မြောက်ပိုင်း၊ မူဆယ်-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးအတိုင်း နမ့်ဖတ်ကာမှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသော တပ်မတော် အုပ်ချုပ်မှု ယာဉ်တန်းအား TNLA အဖွဲ့ အင်အား ၈၀ ဦးခန့်က ကွတ်ခိုင်မြို့မရောက်မီ နမ့်ကွတ်ကျေးရွာ မြောက်ဘက် မီတာ ၁၅၀၀ ခန့် နေရာ၌ ယ​နေ့ (​မေလ ၂၉ ရက်)၊ နံနက် ၁၀ နာရီ​ကျော်ခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း တပ်မ​တော်၏ ထုတ်ပြန်ချက်အရ သိရသည်။
.
Photo - TNLA

ယင်းကဲ့သို့ တိုက်ခိုက်မှု​ကြောင့် တပ်မတော်မှ အရာရှိ/စစ်သည်အချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး မော်တော်ယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်းနှင့် ပစ်ခတ်ခဲ့သည့်TNLA အဖွဲ့ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံ စစ်ဆင်လျက်ရှိကြောင်း တပ်မ​တော်က သတင်း ထုတ်ပြန်ထားသည်။
.
ထို့အတူ TNLA မှလည်း မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ ထိုးစစ်ဆင်လာသည့် တပ်မ​တော်နှင့် ပြည်ထောင်စုကားလမ်းမကြီး ဖြတ်သန်းနေသည့် TNLA တို့ နှစ်ဖက်ထိတွေ့ သဖြင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မ​တော်၏ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး စစ်ကား ၁ စီး ထိမှန်ပျက်စီး သွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။
.
တပ်မ​တော်မှ အကြမ်းဖက် အဖွဲ့အစည်းများ ရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ထုတ်ပြန် ကြေညာထားသကဲ့သို့ TNLA မှလည်း ​MNDAA၊ AA တို့နှင့်အတူ မေလ ၃၁ ရက်အထိ အပစ်အခတ် ရပ်စဲ​ကြောင်း ထုတ်ပြန်ထားသည်။
.
TNLA ၊ MNDAA ၊ AA အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားခြင်း မရှိဘဲ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းများအပေါ် အခွင့်ကောင်းယူ အမြတ် ထုတ်၍ စည်းကမ်းဖောက်ဖျက်မှုများ၊ ဥပဒေ ကျူးလွန်မှုများ၊ အကြမ်း ဖက်မှုများကို အကြိမ်ကြိမ် ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိရကာ TNLA က တပ်မတော်အုပ်ချုပ်မှု ယာဉ်တန်းအား ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခြင်းအတွက် တပ်မတော်အနေဖြင့် ၎င်းတို့အား ဖော်ထုတ်ရှင်းလင်းချေမှုန်းသွားမည်ဟု တပ်မ​တော်၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြ ပါရှိသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About