တောင်ကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကျော် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကျော် ဖမ်းမိ


မော်မော်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် မေလ ၁ ရက်၊ နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကျော်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ မေလ ၁ ရက်၊ နံနက် ၉ နာရီခွဲတွင် သက်သေများနှင့်အတူ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ ဌေးအောင် (ခ) လအန် (၄၁ နှစ်) ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်ဧည့်ခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၂၄၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေ ကျပ် ၃၂.၄ သိန်းနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats