တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကာလ မသိရှိရသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကာလ မသိရှိရသေး


နန်းဝင်းရီ
.
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များအား ပြန်လည်ဖွင့်လှစ်မည့် အချိန်ကာလနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနမှ တစ်စုံတစ်ရာ ညွှန်ကြားလာခြင်းမရှိသေးသဖြင့် မသိရှိရသေးကြောင်း တောင်ကြီးတက္ကသိုလ် သင်တန်းရေးရာဌာနထံက သိရသည်။ 
.
 
.
“ကျောင်းပြန်ဖွင့်ဖို့ကတော့ ဝန်ကြီးဌာနက ဘာမှ မညွှန်ကြားလာသေးပါဘူး။ စောင့်နေတုန်းပါပဲ” ဟု တောင်ကြီး တက္ကသိုလ်၊ သင်တန်းရေးရာဌာနမှူး ဒေါ်ဝေဝေနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးတက္ကသိုလ်မှ ပညာသင်ယူနေသည့် ကျောင်းသားတစ်ဦးကလည်း “အခြေခံကျောင်းတွေတော့ သိနေပြီ၊ ကျွန်မတို့ တက္ကသိုလ်တော့ မသိရသေးဘူး။ ပြီးခဲ့တဲ့ တန်းက စာမေးပွဲတောင် ဖြေလို့ မပြီးသေးဘူး” ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်အသီးသီးကို မတ်လ ၁၈ ရက်မှ စတင်၍ ဖြေဆိုခဲ့ရာ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မတ်လ ၂၃ ရက်တွင် စားမေးပွဲဖြေဆိုမှုကို ယာယီ ရပ်နားထားခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About