မြဝတီမှတဆင့် တောင်ကြီး၊ ညောင်ရွှေနှင့် ပင်းတယမြို့များသို့ ပြန်လည် ရောက်ရှိလာသူ ၂၅၃ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြဝတီမှတဆင့် တောင်ကြီး၊ ညောင်ရွှေနှင့် ပင်းတယမြို့များသို့ ပြန်လည် ရောက်ရှိလာသူ ၂၅၃ ဦး ရှိ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်းတယမြို့နယ်များသို့ ယနေ့ (မေလ ၃၀ ရက်) အထိ မြဝတီမြို့မှ တဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (ပြည်တော်ပြန်) ၂၅၃ ဦး ရှိကြောင်း တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
.
Photo - Win Naing Soe
 
.
“ဓါတ်ခွဲ စစ်ဆေးမှုတွေ Negative ဖြစ်ရင် ပြန်လွှတ်မှာပါ။ လူ ၂၀၀၀ ကျော်လောက် ပြန်ဝင်ဖို့တော့ရှိတယ်။ ဒီနေ့ထိတော့ ၂၅၃ ယောက် ဝင်သွားပြီဟု တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပြန်လည် ရောက်ရှိလာသည့် ပြည်ပပြန်များကို တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပဿနာရိပ်သာ၊ ရွှေညောင်မြို့ရှိ တပ်မတော် တည်းခိုရေးစခန်း၊ ပင်းတယမြို့ရှိ မိုးကုတ်ဝိပဿနာရိပ်သာနှင့် ညောင်ရွှေမြို့နယ်၊ နန်းပန်တို့တွင် Quarantine ၂၁ ရက် ထားရှိမည်ဖြစ်ပြီး ဓာတ်ခွဲ နမူနာများအား စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိပါက နေထိုင်ရာ ဒေသ အသီးသီးသို့ ပြန်လွှတ်မည် ဖြစ်ကာ လူဦးရေ ၂၀၀၀ ကျော် ထပ်မံဝင်ရောက်လာရန် ရှိနေကြောင်း သိရသည်။

“Quarantine ဝင်တာက တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်၊ ၃ မြို့နယ်။ လူအင်အား အပေါ် မူတည်ပြီးမှ တခြားမြို့နယ်တွေကိုလည်း ကျန်းမာရေးဦးစီးဌာနက စိစစ် အတည်ပြုထားတဲ့ Facilities တွေထားဖို့ အနေအထားလေးတော့ လျာထားတာပေါ့။ ဒီနေ့လည်း မြဝတီက ထွက်လာမယ်လို့လည်း သိရတယ်။ မနက်ဖြန် ဝင်မှာပေါ့” ဟု ဦးကိုကိုလွင်က ဆက်လက် ပြောကြားသည်။
.
ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သားများသည် ကရင်ပြည်နယ်၊ မြဝတီမြို့မှ တဆင့် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats