ပြည်တွင်းစက်သုံးဆီဈေးများ စံချိန်တင် ဆက်လက်ကျဆင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်တွင်းစက်သုံးဆီဈေးများ စံချိန်တင် ဆက်လက်ကျဆင်းနေ


နန်းဝင်းရီ
.
COVID-19 ကပ်ရောဂါ ဂယက်ကြောင့် နိုင်ငံတကာတွင် စက်သုံးဆီဈေး ကျဆင်းနေမှုနှင့်အတူ ပြည်တွင်းစက်သုံးဆီ ဈေးကွက်တွင်လည်း စံချိန်တင် ဆက်လက်ကျဆင်းနေလျက်ရှိသည်ဟု သိရသည်။
.
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စက်သုံးဆီဈေးကွက်တွင် ယနေ့ မေလ ၂ ရက် ပေါက်ဈေးအရ ဓါတ်ဆီ 92 တစ်လီတာလျှင် ၃၈၅ ကျပ်၊ 95 တစ်လီတာလျှင် ၅၆၀ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၅၁၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၅၃၀ ကျပ်သာ ရှိပြီး ပြီးခဲ့သည့် မတ်လဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၁၀၀ ကျော် ကျဆင်းနေခြင်း ဖြစ်ကြောင်း သိရသည်။
.
စက်သုံးဆီ ဈေးနှုန်းတွေ စံချိန်တင်ကျဆင်းနေလို့ သုံးစွဲသူတွေအနေနဲ့ကတော့  အဆင်ပြေနေတယ်။ အရင်က ဆီ ၂ သောင်းဖိုးထည့်ရင် ကားဆီတိုင်ကီ တစ်ဝက်တောင် မရဘူး။ အခုချိန်မှာတော့ အပြည့်ရတာ ဖြစ်တဲ့အတွက် ဝမ်းသာတယ်။“  ဟု တောင်ကြီးမြို့နေ ယာဉ်မောင်းတစ်ဦဂက ပြောသည်။
.
စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းနေသော်လည်း မော်တော်ယာဉ် စီးနင်းခများ ကျဆင်းမသွားသည့်အတွက် ဝေဖန်မှုများ ရှိနေပြီး ယာဥ်လိုင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင် နှစ်ဘက် အဆင်ပြေနိုင်သည့် စျေးနှုန်းများကို တာဝန်ရှိသူများမှ ညှိနှိုင်းပေးစေလိုကြောင်း သိရသည်။
.
ယင်းကဲ့သို့ စက်သုံးဆီဈေးများ ကျဆင်းနေမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက “အရင်က စက်သုံးဆီစျေး ကျဆင်းတာက တစ်လီတာ ကျပ် ၅၀၀ လောက်ထိပဲ ကျဆင်းဖူးတယ်။ အခုက စံချိန်တင် ဈေးနှုန်း ကျဆင်းနေပါတယ်။ COVID-19 ရောဂါကြောင့် စက်သုံးဆီ သုံးစွဲတာ လျော့နည်းလာပြီး စက်ရုံတွေ လုပ်ငန်းတွေ ရပ်နားတာတွေ ရှိလို့ ရောင်းအား ကျဆင်းတယ်"ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် မတ်လက တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဓါတ်ဆီ 92 တစ်လီတာ  ၅၁၅ ကျပ်၊ ဓါတ်ဆီ 95 တစ်လီတာ ၆၇၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၅၉၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၆၂၀ ကျပ် ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats