မြို့မဈေး အပါအဝင် တောင်ကြီးမြို့နယ်အတွင်းရှိ စည်ပင်ပိုင်ဈေးအားလုံး ဇွန်လ ၁ ရက်တွင် ပြန်ဖွင့်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြို့မဈေး အပါအဝင် တောင်ကြီးမြို့နယ်အတွင်းရှိ စည်ပင်ပိုင်ဈေးအားလုံး ဇွန်လ ၁ ရက်တွင် ပြန်ဖွင့်မည်


စုလှိုင်
.
တောင်ကြီးမြို့မဈေး အပါအဝင် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နယ်အတွင်းရှိ စည်ပင်သာရေးကော်မတီပိုင် ဈေးများ အားလုံး ဇွန်လ ၁ ရက်တွင် စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
.
 
.
“ပြည်နယ်ရဲ့ ညွှန်ကြားချက်ပေါ့။ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီကတော့ ကျန်တဲ့ မြို့နယ်တွေလည်း ပေးဖွင့်မှာပါ။ ဈေးအားလုံး ပြန်ဖွင့်ဖို့အစီအစဉ်ရှိပါတယ်။ အားလုံး Open တော့ မဟုတ်ဘူး။ Social Distancing တော့ ထားမှာပါ။ စည်းကမ်းလိုက်နာမှုမရှိရင် ပေးမရောင်းဘူး။ ငါးရက်တစ်ဈေးကတော့ Social Distancing ရှိရင် ရောင်းခွင့် ပေးမယ့် အနေအထား ရှိပါတယ်” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ပြန်လည်ဖွင့်လှစ်ခွင့် ပြုရာတွင် ဈေးဆိုင်ခန်းများ ကိုသတ်မှတ် စည်းကမ်းချက်များအတိုင်း ခံဝန် ကတိပြု လက်မှတ်ရေးထိုးစေ၍ လိုက်နာမှုရှိပါက ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ပြီး ပျံကျဈေးသည်များကို ရောင်းချခွင့်ပြုမည်မဟုတ်ဘဲ လက်ရှိအတိုင်းသာ ယာယီဈေးရောင်းချရန် သတ်မှတ်ထားသည့် နေရာများတွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း မြို့မဈေး၊ စဝ်စံထွန်းဈေး၊ အမှတ် (၅) ဈေး၊ ရဲဘော်ဈေး၊၊ အေးသီရိဈေး၊ ရွှေညောင်ဈေး၊ တောင်နီဈေး စသည့် အဓိကဈေးများ တည်ရှိနေပြီး ယင်းဈေးများ အားလုံးကို ဇွန်လ ၁ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats