တောင်ကြီးမြို့မဈေးအတွင်း လမ်းသွားလမ်းလာများ အဆင်ပြေစေရန် သံလက်ရန်းများ ကာရံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, May 28, 2020

တောင်ကြီးမြို့မဈေးအတွင်း လမ်းသွားလမ်းလာများ အဆင်ပြေစေရန် သံလက်ရန်းများ ကာရံ


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မဈေးအတွင်း လမ်းသွားလမ်းလာများ၊ ဈေးဝယ်သူများ အဆင်ပြေစေရန် သံလက်ရန်ကာရံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
 
.
“သံပန်းတွေ ကာတာကတော့ ပျံကျတွေကလည်း နေရာရှိရင် ရှိသလောက် လမ်းပေါ်တက်ရောင်းကြတော့ လမ်းသွား လမ်းလာတွေ ခက်ခဲနေတဲ့အတွက် မြို့မိမြို့ဖ တွေရဲ့ တင်ပြလာချက်အရ အင်ဂျင်နီယာဌာနနဲ့ တိုင်ပင်ပြီး ကာလိုက်တာဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်းထူးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ဈေးဆိုင်ခန်းများမှ တံစက်မြိတ်ချခြင်း၊ အဖီထုတ်ခြင်းများကြောင့် ဈေးအတွင်း လူသွားလမ်းများ ကျဉ်းမြောင်း လာပြီး ပျံကျဈေးသည်များမှ ထပ်မံခင်းကျင်းမှုများကြောင့် လမ်းပျောက်လာသည့်အတွက် မီးဘေး ကဲ့သို့သော တစ်စုံတစ်ရာ အန္တရာယ် ပေါ်ပေါက်လာပါက ဘေးကင်းစေရေးအတွက် ဈေးဆိုင်ခန်းများမှ အဖီများကို ဖျက်ခိုင်းခြင်း၊ ဆိုင်းခန်းများကို အပြင်ဘက် ၂ ပေထက် ကျော်မခင်းရန် စည်းကမ်းသတ်မှတ်ခြင်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
COVID-19 ရောဂါ မပြန့်ပွားစေရေးအတွက် ရှမ်းပြည်နယ် အတွင်းရှိ ဈေးများကို ပိတ်ထားရန် ရှမ်းပြည်နယ်စည်ပင် သာယာရေးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားခဲ့ရာ ယခု ဇွန်လဆန်းပိုင်မှ စတင်၍ ဈေးများ၊ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့မဈေး အတွင်း၌ ဈေးရုံပေါင်း ၁၉ ရုံ၊ ဆိုင်ခန်းပေါင်း ၁၈၆၈ ခန်း ရှိပြီး မြို့မဈေးသည် မြို့တော် တောင်ကြီး၏ အထင်ကရ နေရာ တစ်ခု ဖြစ်ကာ တောင်ကြီးမြို့တွင် မြို့မဈေး အပြင် အမှတ်(၅) ဈေး ၊ စဝ်စံထွန်းဈေး၊ ရဲဘော်ဈေး၊ ဘူတာဈေးတို့ တည်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About