တောင်ကြီးမြို့ရှိ ယာယီဈေးများ၌ နံနက် ၁၀ နာရီအထိသာ ရောင်းချခွင့်ပြုမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ရှိ ယာယီဈေးများ၌ နံနက် ၁၀ နာရီအထိသာ ရောင်းချခွင့်ပြုမည်


စုလှိုင်
.
ရှမ်းပြည်နယ် ၏ မြို့တော် တောင်ကြီးမြို့ ပေါ်ရှိ ယာယီပျံကျဈေး ရောင်းချသည့်အချိန်အား တိုးမြှင့်ပေးရန် ဈေးသည် များက လိုလားနေသော်လည်း ယခင်အတိုင်း နံနက် ၁၀ နာရီအထိသာ ဆက်လက် ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
.
 .
“အားလုံးအတွက် ကောင်းအောင် လုပ်ပေးရတာပေါ့။ စျေး ဝယ်မယ့်သူကလည်း စောစောဝယ်၊ အိမ်သား တစ်ယောက်ပဲ စျေးဝယ်ပြီး ပြန်မယ်ဆိုရင် အားလုံးအတွက် စျေးသုံးမယ့် ပမာဏကို ၁၀ နာရီ လောက်အထိပဲ ဝယ်လို့ ရနိုင်မယ်။ ၁၂ နာရီ ဆိုတာ တော့ ကောင်းပါတယ်။ ဒါပေမဲ့ အားလုံးအတွက် သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ ဒါလေးကိုတော့ သည်းခံပေးကြစေလိုပါတယ်လို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ် ”ဟု ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းအနီး၌ ယာယီပျံကျစျေး ရောင်းချနေသော ဈေးသည်များ အနေဖြင့် နံနက် ၆ နာရီမှ  ၁၀ နာရီ အထိသာ ရောင်းချခွင့် ရှိသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေပြီး နေ့လယ် ၁၂ နာရီအထိ ရောင်းချခွင့် ပြုပေးရန် နှင့် ရာသီဥတု ပူပြင်းသောကြောင့် ထီး/အမိုးများလည်း လိုအပ်နေကြောင်း ဈေးရောင်းချသူများထံက သိရသည်။
.
COVID-19 ရောဂါ မပြန့်ပွားစေရေးအတွက် ရှမ်းပြည်နယ် အတွင်းရှိ ဈေး အသီးသီးတွင် ဆေးဝါးနှင့် စားသောက်ကုန် များမှအပ ၅ ရက် တစ်စျေးနှင့် ညစျေး ရောင်းခြင်းများကို မေလ ၁၅ ရက် အထိ ဆက်လက် ပိတ်သိမ်းထားရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
.

Journal Download

Photo of three cats