စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် အတွင်းရှိ
ရုရှားကန် (ထီသိမ်ကန်)တွင် ယနေ့ မေလ ၁၁ ရက် ညနေပိုင်းက အမျိုသားတစ်ဦး ရေနစ်သေဆုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
![]() |
Photo - Facebook |
.
ရေနစ်သေဆုံးသူမှာ တောင်ကြီးမြို့၊ ဟော်ကုန်းရပ်ကွက်နေ အောင်ကျော်ထွန်း
(၂၀ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် ရေကန်အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
"ရေနစ်သေဆုံးတာ ဟုတ်ပါတယ်။ သေမှုသေခင်း နဲ့ ဖွင့်ထားပါတယ်”ဟု တောင်ကြီးနယ်မြေ ရဲစခန်း မှ ရဲအုပ် ဌေးလှိုင်
က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ အောင်ကျော်ထွန်း (၂၀ နှစ်) သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာ
အတိုင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် တောင်ကြီးနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ် (၉/၂၀၂၀)
ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ထီသိမ်ရေလှောင်ကန်(ရုရှားကန်)သည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်အတွင်း၌
တည်ရှိပြီး သံဆူးကြိုးများဖြင့် ကာရံထားရှိကာ ပြည်သူများအနေဖြင့် လာရောက်ခြင်း မပြုလုပ်ရန်
သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။
.