တောင်ကြီးရှိ ဒေသန္တရကျန်းမာရေးဌာနတွင် အသက် ၂ လမှ ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ ပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 31, 2020

တောင်ကြီးရှိ ဒေသန္တရကျန်းမာရေးဌာနတွင် အသက် ၂ လမှ ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ ပေးမည်


မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ ဒေသန္တရကျန်းမာရေးဌာနတွင် အသက် ၂ လမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ဇွန်လ ၁ ရက်မှ စတင်၍ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
“ဇွန်လ ပထမအပတ်နဲ့ ဒုတိယအပတ် ရုံးဖွင့်ရက်တွေမှာ အသက် ၂ လကနေ တစ်နှစ်ခွဲ ကလေးငယ်တွေကို တစ်နေ့ တာဝန်ကျ ဆရာမတစ်ဦးနဲ့ မနက်ပိုင်းမှာ ၂၅ ဦး၊ နေလယ်ပိုင်းမှာ ၂၅ ဦး၊ စုစုပေါင်း တစ်ရက်ကို ၅၀ ဦး ကာကွယ်ဆေး ထိုးပေးသွားမှာဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဧပြီလနှင့် မေလအတွင်းက ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ကလေးငယ် များကိုပါထိုးနှံပေးသွားမည်ဖြစ်ပြီး လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် တစ်ရက်လျှင် ကလေးငယ် ၅၀ ဦးသာ ထိုးနှံ ပေးရန် သတ်မှတ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဇွန်လ ၁ ရက်မှ ၅ ရက်အထိ တစ်ကြိမ်၊ ဇွန်လ ၈ ရက်မှ ၁၂ ရက်အထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးများမှတစ်ဆင့် ကြိုတင်အသိပေး နှိုးဆော်ထားပြီးဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း အသက် ၂ လမှ တစ်နှစ်ခွဲအရွယ် ကလေးငယ် စုစုပေါင်း ၇၂၀၀ ခန့်  ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About