တောင်ကြီးတွင် အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်အား အသက် ၁၂ နှစ်အရွယ် ကောင်လေးမှ သားမယား ပြုကျင့်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်အား အသက် ၁၂ နှစ်အရွယ် ကောင်လေးမှ သားမယား ပြုကျင့်မှုဖြစ်ပွား


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် ပြီးခဲ့သည့် မေလ ၁၅ ရက်၊ ညနေပိုင်းက အသက် ၂ နှစ် အရွယ် မိန်းကလေးငယ်အား အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးငယ်က သားမယားအဖြစ် ပြုကျင့်မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
.
 
.
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ သရဖီလမ်းနေ အမျိုးသမီးတစ်ဦးသည် မေလ ၁၅ ရက်၊ ညနေ ၅ နာရီခန့်က နေအိမ် ရှေ့၌ ရှိနေစဉ် အသက် ၂ နှစ် ၁၀ လ အရွယ် ၎င်း၏ သမီး မိန်းကလေးငယ်အား အခန်းချင်းကပ်လျက် ငှားရမ်း နေထိုင်သူ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသားနှင့်အတူ နေအိမ်နောက်၌ ဆော့ကစားနေသည်ကို မြင်တွေ့သဖြင့် နေပူထဲ မဆော့ရန် ပြောကြားပြီး နေအိမ်အတွင်းသို့ ဝင်သွားခဲ့ရာမှ ၁၅ မိနစ်ခန့်အကြာတွင် သမီးဖြစ်သူ အသံမကြားသဖြင့် လိုက်လံရှာဖွေရာ နေအိမ်အနောက်ဘက် အိမ်သာအနီးတွင် သမီးဖြစ်သူအား အသက် ၁၂ နှစ်အရွယ် ကောင်လေးမှ သားမယားအဖြစ် ပြုကျင့်နေသည်ကို မြင်တွေ့သဖြင့် အော်ဟစ်ရာ ကောင်လေးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မိဘအုပ်ထိန်းမှုအောက်၌ ရှိသော အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား သားမယားအဖြစ် ပြုကျင့်သူ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသားအား မိန်းကလေးငယ်၏ မိခင်မှ တောင်ကြီးနယ်မြေ ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းမှ တရားလို/သက်သေများ စစ်ဆေးခြင်း၊ အခင်းဖြစ်ရပ် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကျူးလွန်သူအား ထိန်းသိမ်းခွင့်တောင်းခံရန် စီစဉ်နေကြောင်း သိရသည်။
.

Journal Download

Photo of three cats